အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ အီရန် အိန္ဒိယအတိုင်ပင်ခံသံအမတ်အလီဖူလ်လာဒီအနေဖြင့်(ဟင်ဒရာဂန္ဒီ)တက္ကသိုလ် ကျောင်းသို့ လေ့လာရင် ဒုကျောင်းအုပ် ဂိုပီနာသ် ဗရ်ဒန် နှင့်တွေ့ဆုံ စကားဆိုခဲ့ ကြောင်း သိရပါ သည်။ဤတွေ့ဆုံမှု အစီအစဉ်တွင် (ဟင်ဒရာဂန္ဒီ ) တက္ကသိုလ် ၏ ဒုကျောင်းအုပ် ဂိုပီနာသ် ဗရ်ဒန်မှ ပြောကြားခဲ့ပါသည်။ မိမိ၏ တက္ကသိုလ် တွင်လက်ရှိ ပညာသင်ကြားနေသည့် တက္ကသိုလ် ကျောင်းသား ၊သူ အနေဖြင့် လူမှုရေး ၊ သိပ္ပံ ၊ လယ်ယာ စိုက်ပျိုးရေး ၊ သူနာပြု ၊ စသည်ဖြင့် ပါဝင်သည့် မေဂျာပေါင်း ၄၉၀ တွင် B.SC / M.SC / Phd ဘွဲ့ အဆင့်ထိ ကျောင်းသား၊သူ ပေါင်း၂သန်း၉ သောင်းပညာသင်ယူလျက်ရှိကြောင်း ဖြစ်ပါသည်။ဆက်လက်ပြီး ၎င်း အနေဖြင့် (ဟင်ဒရာဂန္ဒီ ) တက္ကသိုလ် သည် ယခုချိန် အထိ B.SC / M.SC / Phd ဘွဲ့ များ ဖြင့် ကျောင်းသား ၊သူ ပေါင်း ၁သန်းခွဲကျော်အား ဘွဲ့လက်မှတ်များ ကို ချီးမြှင့်ခဲ့ပြီး ဖြစ် ကြောင်း အိန္ဒိယ နိုင်ငံ ၏ ၂၅ ပြည်နယ် နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံတို့တွင်တက္ကသိုလ်၏ ဌာနခွဲများ ရှိနေ ကြောင်း ထပ်ဆင့် ပြောကြားအ သိပေးခဲ့ပါသည်။အိန္ဒိယ နိုင်ငံတွင် ဖွာရစီ ဘာသာ ရပ်မှာ နှစ်ပေါင်း ၇၀၀ ကျော် ကတည်း က ရောက်ရှိနေပြီး ဖြစ်ပေသည်။အနှစ်ချုပ် အနေဖြင့် အီရန် အိန္ဒိယ အတိုင်ပင်ခံ သံအမတ် အနေဖြင့် အိန္ဒိယ နှင့် အီရန် နိုင်ငံတို့၏ တူညီနေ သည့် ယဉ်ကျေးမှု များ ကို ထိန်းသိမ်း နိုင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး အိန္ဒိယ နိုင်ငံ တွင် ဖွာရစီ ဘာသာ သင်ကြား မှု တိုးချဲ့မှု အတွက် တိုက်တွန်း ပြောကြားခဲ့ပါသည် ။
အိန္ဒိယ နိုင်ငံ တွင် အီရန် အိန္ဒိယ အတိုင်ပင်ခံ သံအမတ်ရုံး ၏ အကူအညီ ဖြင့် ဖွာရစီ ဘာသာ သင်ကြားမှု တိုးချဲ့
၂၉ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 386332
အီရန် အိန္ဒိယ အတိုင်ပင်ခံ သံအမတ် အနေဖြင့် အိန္ဒိယ နှင့် အီရန် နိုင်ငံတို့၏ တူညီနေ သည့် ယဉ်ကျေးမှု များ ကို ထိန်းသိမ်း နိုင်ရန် ကိစ္စနှင့် စပ်လျဉ်းပြီး အိန္ဒိယ နိုင်ငံ တွင် ဖွာရစီ ဘာသာ သင်ကြား မှု တိုးချဲ့မှု အတွက် တိုက်တွန်း ပြောကြားခဲ့ပါသည် ။