အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အာဇရ်ဗိုင်ဂျန် နိုင်ငံ တွင် တနိုင်ငံလုံး ဆိုင်ရာ သီးသန့် သတင်းထောက်များ အတွက် (သာသနာ့ အမြင် နှင့် သာသနာ ဆိုလိုချက် နားလည်မှု ) ဆို သည့် ခေါင်းစဉ် ဖြင့် ဆောင်းပါး ရေး ပြိုင်ပွဲ ကျင်းပလျက်ရှိပါသည်။ဤဆောင်းပါး ရေး ပြိုင်ပွဲ အား လက်ရှိ အစိုးရ နှင့် ဘာသာရေး အဖွဲ့ အစည်းများ ပူးပေါင်းပြီး ကျင်းပ ခြင်းဖြစ်ပါသည်။ဆောင်းပါး များ အား ဇန်နဝါရီလ ၃၁ ရက် ကြာသပတေး နေ့ မှ မတ်လ ၁၀ ရက် တနင်္ဂနွေ နေ့ အထိ လက်ခံ မည်ဖြစ်ကြောင်း သိရပါသည်။ဤပြိုင်ပွဲ ကျင်းပရေး ကော်မတီ မှာ ထုတ်ပြန်ကြေငြာထားပါသည်။ ဤပြိုင်ပွဲတွင် စိတ်ပါ ဝင်စားသူတိုင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိပြီး ၊ဆုရရှိသူများကိုမတ်လအကုန် လောက်တွင်ဆုရရရှိသူများအမည်များကို ကြေငြာပေးပြီးအာဇရ်ဗိုင်ဂျန် နိုင်ငံ မြို့တော် ဗါကူ မြို့ တွင် ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရ ပါသည်။