၅ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

အီဂျစ် နိုင်ငံ၏ အစ္စလာမ် ဗဟိုဌာနချုပ် ဖြစ်သည့် အလ်အဇ်ဟရ် မှ ရှိက်ခ် ခွလ်အဇ်ဟရ် အဟ်မဒ် သွာ ယေဗ် သည် ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ သမ္မတ ဒေါက်တာ မဟ်မူဒ်အဟ်မဒ်ဒီ နေဂျာဒ် နှင့် ဖေဖော်ဝါရီ ၅ ရက်နေ့အင်္ဂါ နေ့တွင်တွေ့ဆုံခဲ့ကြောင်းကြေငြာ ခဲ့ပါသည်။

အဟ်လေ့ဘိုက် သတင်းဌာန ၊ အဗ်နာ ဖေဖော်ဝါရီ၅ရက်နေ့အင်္ဂါနေ့ကရှိက်ခ်ခွလ်အဇ်ဟရ်အဟ်မဒ်သွာ ယေဗ်အနေဖြင့်အိမ်ရှင်နေရာမှပြည်ထောင်စုအစ္စလာမ်မစ်နိုင်ငံသမ္မတဒေါက်တာမဟ်မူဒ်အဟ်မဒ်ဒီ နေဂျာဒ် အား ဧည့်ခံ တွေ့ဆုံခဲ့ ကြောင်း သတင်းရထားပါသည်။ဤတွေ့ဆုံပွဲတွင်  ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ သမ္မတ ဒေါက်တာမဟ်မူဒ်အဟ်မဒ်ဒီ နေဂျာဒ် နှင့် အတူ လက်ပါလာသည့် အဖွဲ့ ၊အလ်အဇ်လက်အောက်ခံ မိုဂ်ျသမေအေ သဟ်ကီကာသ်အစ္စလာမ်မီအဖွဲ့ဝင်တချို့၊နှင့်၎င်းအလ်အဇ်ဟရ်တက္ကသိုလ်မှအိုလမာဟောင်း များ အဖွဲ့ ၊ တက်ရောက်နေရာ ယူခဲ့ကြ သည် ဟုလည်း သိရပါသည်။အလ်အဇ်ဟရ် မှ ရှိက်ခ် ခွလ်အဇ်ဟရ် အဟ်မဒ် သွာ ယေဗ် နှင့်  ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ သမ္မတ ဒေါက်တာ မဟ်မူဒ်အဟ်မဒ်ဒီ နေဂျာဒ် တို့ ၏ ပထမဦးဆုံး အကြိမ် တွေ့ဆုံပွဲ တွင် အာရပ်နိုင်ငံ နှင့် အစ္စလာမ် လောက အကြောင်း ၊နိုင်ငံ တကာ ကိစ္စရပ်များ ၊ ဒေသ ဆိုင်ရာ ကိစ္စ များ ကို နှစ်ဦး ဦးဖက် အမြင် နှင့် လှုပ်ရှား မှု ကို ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။