အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ရဟ်ဗဲဟ် အင်ကေလာဗ် ဟဇရတ် အာယာသွလ်လ္လာဟ် အွဇ်မာ ဆရက် အလီ ခါမေနာအီ မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် အချိန် တွင် တီဟီရန် တက္ကသိုလ် တွင် ဟဇရတ် အာယာ သွလ် လ္လာဟ် ခိုရှ်ဝခ်သ် ၏ နမာဇ် ဇေ မိုင်ရတ်အား ရှေ့ဆောင် ဝတ်ပြုပေးခဲ့ပါသည်။နမာဇ် မိုင်ရတ် တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ သမ္မတ ဒေါက်တာ မဟ်မူဒ် မဟ်မဒ်ဒီ နေဂျာဒ် ၊ ပါလီမန် ဥက္ကဋ္ဌ အလီလာရီဂျာနီ ၊ တရားသူကြီးချုပ် ဟဇရတ် အာယာ သွလ် လ္လာဟ် အာမိုလီ လာရီဂျာနီ နှင့် အခြား အစိုးရ အရာရှိ ပုဂ္ဂိုလ်များ ပါဝင် ဝတ်ပြု ခဲ့ကြ ကြောင်း သိရပါသည်။ဟဇရတ် အာယာ သွလ် လ္လာဟ် ခိုရှ်ဝခ်သ် ၏ နမာဇ် ဇေ မိုင်ရတ် ဖတ်ပြီး ရုပ်ကလပ်တော် အား ဟဇရတ် အဗ်ဒွလ်အဇီးမ် ဟစန်နီ (အ.စ) ၏ ရောင်ဇာတော်တွင် ဒဖာနာခဲ့ပါသည်။ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ ထိပ်တန်း ရှီအာ အေမာမ် မီယာ များ မှ အာလင်မ် တစ်ပါး ဖြစ် သည့် ဟဇရတ် အာယာသွလ် လ္လာဟ် ခိုရှ်ဝခ်သ် သည် ဆော်ဒီမြို့ရှိ မက္ကာဟ်ရွှေ မြို့တော်တွင် အိုမရေ ပြုနေချိန် ရုတ်ရက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် အား ခံ ယူ သွားခြင်း ဖြစ်ပါသည်။
၂၃ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 394090
ဟဇရတ် အာယာသွလ် လ္လာဟ် ခိုရှ်ဝခ်သ် ၏နမာဇ် ဇေ မိုင်ရတ်အား မနေ့က ဖေဖော်ဝါရီ လ ၂၃ ရက်နေ့ တွင် ရဟ်ဗဲဟ် မှ တီဟီရန် တက္ကသိုလ် တွင် ရှေ့ဆောင် ဖတ်ပေး ခဲ့ပါ သည်။