အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ပြီးခဲ့သည့် ရက်တွင် ဆိုက်ယူနစ် ဝါဒီ စစ်သားများ မှ မစ်ဂျစ်ဒ် အက်(က)ဆွာ တွင် ပါလက်စတိုင်း အကျဉ်းသား များကို အားပေးထောက်ခံ ပြီး အတူရှိကြောင်း ကို ထုတ်ဖော် စုရုံးခဲ့ကြ သည့် မစ်ဂျစ်ဒ် အက်(က)ဆွာ နမာဇ် ဇီ များ ကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း သား ၁၀ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး တော်တော်များများ အဖမ်း မဆီး ခံခဲ့ရပေသည်။ဆိုက်ယူနစ် ဝါဒီ စစ်သားများ မှ နမာဇ် ဝတ်ပြုသူများ ကို မျက်ရည်ယို ဂက်စ် သေတန်များ ဖြင့် ပစ်ခတ်ခဲ့ပြီး ၊ ပါလက်စတိုင်း အကျဉ်းသား များ ကို အားပေးထောက်ခံရန် အတွက် စုရုံး ခဲ့သည့် ဤနမာဇ်ဇီများကို လူမဆန်စွာ ဖြင့် ရိုက်နက် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိခဲ့ရပါသည်။ဖေဖော်ဝါရီ ၂၁ရက်နေ့ က ပါလက်စတိုင်း သာသနာပိုင်ထိန်းသိမ်းရေး ဌာန ဝန်ကြီး ( အစ္စ မာအီး ရေဇ်ဝန် ) အနေဖြင့် မစ်ဂျစ်ဒ် အက်(က)ဆွာ တွင် ကိုလိုနီ နယ်ချဲ့ ၊မတရားသိမ်း ယူသည့် ဆိုက်ယူနစ်ဝါဒီ စစ်သားများ တိုက်ခိုက် စော်ကားမှု အတွက် သတိပေးခဲ့ပြီး အစ္စလာမ် ပိုင်နေရ်ာများ ၌ ရဟူဒီ များတိုးပွား အောင် အစ္စရေး ဆိုက်ယူနစ်မှ မ တရား ကျူးကျော် သိမ်းပိုက် ကြိုးပမ်းနေမှုကိုပြစ်တင် ရှုံ့ ချ စောဒက တက်ခဲ့ပါသည်။
ဆိုက်ယူနစ် ဝါဒီ စစ်သားများ မှ မစ်ဂျစ်ဒ် အက်(က)ဆွာ တွင်လာရောက် ဝတ်ပြု သည့် နမာဇ် ဖတ်သူများ ကို တိုက်ခိုက်
၂၄ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 394499
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင် ဆိုက်ယူနစ် ဝါဒီ စစ်သားများ မှ မစ်ဂျစ်ဒ် အက်(က)ဆွာ တွင် ပါလက်စတိုင်း အကျဉ်းသား များကို အားပေးထောက်ခံ ပြီး အတူရှိကြောင်း ကို ထုတ်ဖော် စုရုံးခဲ့ကြ သည့် မစ်ဂျစ်ဒ် အက်(က)ဆွာ နမာဇ် ဇီ များ ကို တိုက်ခိုက် ခဲ့ပါသည်။