အလာမာ အေဗ်နေ သိုင်မီယာ ၏ အဟ်လေ့ဘိုက် (အ.စ) အပေါ် မနာလိုမှု၊ ရန်ငြိုးထားမှု (၁) ဂျနာဗ်သကီယွတ်ဒ်ဒီး(န) အဟ်မဒ် ဗင် အဗ်သွလ်ဟလီးမ် (ခ) အေဗ်နေ သိုင်မီယာ သည် ယနေ့ အစ္စလာမ်သာသနာ တော်ကို အကြမ်းဖက် သာသနာတော်ဖြစ်အောင် ၊အစွန်းရောက်သာသနာဖြစ် အောင်  အမည်ဖျက်နေသည့် ဝဟာဘီ များ ၏ အရှင်သခင်၊ ဆရာကြီးဖြစ် ပေသည်။ ဝဟာဘီ(ခ)စလဖီ များ၏ အကီဒါ ယုံကြည်မှု များ ၏ အခြေခံ ရေသောက်မြစ်မှာ ၎င်း မှ ဆင်း သက် လာခြင်းဖြစ်ပါသည်။ အေဗ်နေသိုင်မီယာသည် ဟီဂျရီ သက္ကရာဇ် ၆၆၁ ခုနှစ်တွင် (ဟရ်ရန်(န)) မြို့တွင်လူဖြစ်ခဲ့ ပါသည်။၎င်း၏ ဆွေးမျိုးမိဘများအသိုင်းအဝိုင်းသည် နှစ်ပေါင်း ၁၀၀ကျော် စွန်နီ ဟန်ဗလီ မဇ်ဟဗ် ၏ ခေါင်းဆောင်များ  ဖြစ်ခဲ့ကြပေသည်။သူသည် ၆နှစ်နေပြီး၎င်း မိသားစုအပေါ် (သာသာ)များမှ တိုက်ခိုက်ခဲ့သဖြင့် ဆီရီးယား နိုင်ငံ ဓမတ်စကတ်မြို့ သို့ ထွက်ပြေး နေထိုင်ခဲ့ လေသည်။ ၎င်း၏ ဖခင် သည် ဓမတ်စကတ်မြို့ ဂျာမေ့ ဗလီတွင် စာသင်ပေးသည်တာဝန် ကို ယူခဲ့လေ  သည်။ အဖေကွယ်လွန်ပြီးနောက် အဖေနေရာရခဲ့ပြီး စာသင်ပေးခဲ့လေသည်။ မွတ်စလင်များ၏  ယုံကြည် ချက်များ နှင့် ဆန်ကျင့်ပြီး အသစ်အဆန်း ယုံကြည်မှု များ ကိုတင်ပြလာမှုကြောင့် ထိုခေတ်က အိုလမာ သည် သူအား ဆန်ကျင့်ခဲ့ကြပြီး သူ၏စာအုပ်စာပေများသည် ချိတ်ပိတ်မှုခံခဲ့ ရလေသည်။ ဂျနာဗ် အေဗ်နေ သိုင်မီယာ ၏ အဟ်လေ့ဘိုက် (အ.စ) အပေါ် မနာလိုမှု၊ ရန်ငြိုးထား မှု အကြောင်း ၊ အဟ်လေ့ဘိုက်(အ.စ) အပေါ် မလို အစွဲကြီး ကြောင်း ၊၎င်းရေးသားထားသည့် စာအုပ်များ ကို လေ့လာ ခြင်းဖြင့် အထင်အရှား တွေ့ရမည် ဖြစ်ပါသည်။ အထူးသဖြင့် ၎င်း၏(မင်(န)ဟာဂျွန်လ် စွန္နတ် (ဟ) ) စာအုပ် ဖြစ်ပေသည်။  နမူနာ အဖြင့် တချို့ကို လေ့လောကြပါစို့ ။ ၁ ။  ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အမှတ် ၃၃ ၊ အာယတ်တော် ၃၃ လာ အဟ်လေ့ဘိုက် (အ.စ) သည် နဂျာစသ် (အတွင်းအပြင် အညစ်အကြေး) မှ သန့်စင်ကြောင်း၊တနည်းဆိုရလျှင် အဟ်လေ့ဘိုက်(အ.စ) ၏ (အေစ်မသ်(ခ)မာစူမ်ဖြစ်ခြင်း)(عصمت ) ကို ဖော်ပြထားပါသည်။ ဂျနာဗ် အေဗ်နေ သိုင်မီယာ သည် အဟ်လေ့ဘိုက်(အ.စ) ၏ (အေစ်မသ်(ခ)မာစူမ်ဖြစ်ခြင်း) ကို လက်မခံ ချေ။  ကြည့် -  منهاج السنه، ج 3، ص 4 စဉ်းစားစရာ ။ ။ မဟာတမန်တော်မြတ်ကြီး (ဆွ) ၊အဟ်လေ့ဘိုက် (အ.စ) နှင့် စစ်မှန်သည့် ဆွာဟာဗာတော်များ ၊ထိပ်တန်းအိုလမာ သဖ်စီးရ် ပညာရှင်များ ထက် တစ်လ ကြီးပြထား သည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) ၊အဟ်လေ့ဘိုက် (အ.စ) နှင့် စစ်မှန်သည့် ဆွာဟာ ဗာ တော်များ ၊ထိပ်တန်းအိုလမာ သဖ်စီးရ် ပညာရှင်များသည် ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အမှတ် ၃၃ ၊ အာယတ်တော် ၃၃ လာ အဟ်လေ့ဘိုက် (အ.စ) သည် နဂျာစသ် (အတွင်းအပြင် အညစ်အကြေး) မှ သန့်စင် ကြောင်း၊တနည်းဆိုရလျှင် အဟ်လေ့ ဘိုက်(အ.စ) ၏ (အေစ်မသ် (ခ)မာစူမ်ဖြစ်ခြင်း) ကို ရေးသားသီးကုံးပြီး သက်သေ ထူထား သည့် ကျမ်း အများကြီးလာရှိပေ သည်။ ဤနေရာတွင် ပို့စ်အဖြင့်ရေးနေသည့် အတွက် မဖော်ပြတော့ချေ။ ၂ ။ ဂျနာဗ် အေဗ်နေ သိုင်မီယာ သည် ရှာနေ နိုဇူရ်(شأن نزول) အာယတ်တော် (آیه انذار) အား မောင်လာအလီ (အ.စ) အတွက် ကျရောက် ကြောင်း လက်မခံချေ။   ကြည့် -  منهاج السنه، ج 7، ص 139 – 143 သတိ ။ ။ အာယတ်တော် (آیه انذار) ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန်၏ စူရဟ်ရပ်ဒ် ၁၃ ၊ အာယတ်တော် အမှတ် (၇) ရှိ အာယတ်တော် အပိုင်းလေး အောက်ပါအာယတ်တော်ကို ခေါ်ဆို ပါသည်။ إِنَّما أَنْتَ مُنْذِرٌ وَلِکُلِّ قَوْمٍ هادٍ စဉ်းစားစရာ ။ ။ မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့်မောင်လာ အလီ(အ.စ) လက်ထက်တော် တွင်ဂျနာဗ်အေဗ်နေသိုင်မီယာသည်လူမဖြစ်သေးချေ။ပြီးနောက်စစ်မှန်သည့် ဟဒီးစ်တော်     فقال: أنت الهادى یا علىّ،بک یهتدى المهتدون من بعدى)) အား မမြင်သလော ၊ မမြင်ချင်ယောင် ဆောင်  နေ သလော ၊ စသည်ကို အလ္လာဟ်ဟို အရှင်မြတ် ပင် အသိဆုံး ဖြစ်ချေသည်။  (၃) ဂျနာဗ် အေဗ်နေ သိုင်မီယာ သည် ရှာနေ နိုဇူရ်(شأن نزول) အာယတ်တော် (آیه ولایت ) အား မောင်လာအလီ (အ.စ) အတွက်ကျရောက်ကြောင်းကိုလူထုအားလှည့်ဖျားထားပေသည်။ ဤအာယတ်တော်ရှိဝေလာယသ်(ولایت )ရှိဝေါင်အက္ခမှာဖသ်ဟေ(ဇဗရ်)နှင့်ဖြစ်ချေသည်။ အဓိပ္ပာယ်မှာ  ရန်ငြိုး၏ ဆန်ကျင့်ဖက် ဖြစ်ချေသည်။ (ဆိုလိုသည်မှာ မိတ်တွေ၊သူငယ်ချင်း ဖြစ်ပါသည်။)ဤအာယတ်တော်ရှိဝေလာယသ်(ولایت)ရှိဝေါင်အက္ခမှာကတ်စရေ(ဇေရ်)နှင့်မ ဟုတ်ပေ။(ဆိုလိုသည်မှာ ဝေါင်အက္ခမှာကတ်စရေ(ဇေရ်)ဆိုလျှင် အုပ်ထိန်းသူ ဖြစ်ပါသည်။) စသည်ဖြင့် ရေးပြီး လှည့်ထားပေသည်။ ကြည့် -  منهاج السنه، ج 4، ص 5-6 သတိ ။ ။ အာယတ်တော် (آیه ولایت) ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန်၏ စူရဟ်မာ အေဒါဟ် ၅ ၊ အာယတ်တော် အမှတ် (၅၅) ရှိ အာယတ်တော် ၊ အောက်ပါအာယတ်တော်ကို ခေါ်ဆို ပါသည်။ إِنَّما وَلِيُّكُمُ اللَّهُ وَ رَسُولُهُ وَ الَّذينَ آمَنُوا الَّذينَ يُقيمُونَ الصَّلاةَ وَ يُؤْتُونَ الزَّكاةَ وَ هُمْ راكِعُون‏ စဉ်းစားစရာ ။ ။ အာရီဘာသာရပ်၏ ထိပ်တန်း အကျော်အမော် သဒ္ဒါ ပညာရှင်ကြီး များဖြစ် သည့် ဖယူမီ ၊ စစ်ဗဝိုင် ၊ ဇဂျာဂ်ျ ၊ ဖရာဟ်တို့အနေဖြင့ှ်ိဝေလာယသ်(ولایت )ရှိဝေါင်အက္ခမှာ ဖသ်ဟေ (ဇဗရ်)နှင့် ဖြစ်ဖြစ် ၊ ကတ်စရေ(ဇေရ်) ဖြစ်ဖြစ် အဓိပ္ပာယ် အတူတူဖြစ်ကြောင်း ဆို ထားကြပါသည်။ ရီဝါယတ် (متواتر) ဖြင့် သိနိုင်သည့် အချက်မှာ အာယတ်သေ ဝေလာယသ်သည် ဟဇရတ် အမီး ရွလ် မိုမေနီ အေမာမ် အလီ (အ.စ) အတွက်သာ ဖြစ်တော်မူပြီး