၂၇ မတ် ၂၀၁၃ - ၁၉:၃၀

စာအုပ်နှစ်ခုထုတ်ဖော်ပြသပွဲတွင်တစ်အုပ်မှာအစ္စလာမ်သာသနာပြန့်ပွားရေးအတွက်အမျိုးသမီးများ၏လှုပ်ရှားမှုဖြစ်ပြီး ကျန်တစ်အုပ်မှာအစ္စလာမ်သာသနာ၏စည်ပင်တိုးတက်မှုဖြစ်ပြီးရုရှဘာသာဖြင့်ဖြစ်ပါသည်။ဤပြပွဲအားသာဂျီကေစတန် နိုင်ငံ၏မြို့တော်သိုရှမ်ဗေမြို့ရှိဖရ်ဟန်ဂေစ်စတန်နေအူလူမ်ဟောတွင်ကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ အန်ဂျွန်မန်နေ သနေရှ်မန် နေ သာဂျီကေစတန် အထွေထွေ ဆက်သွယ်ရေးတာဝန်ခံ မှ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ဖော် ကြေငြာခဲ့ပါသည်။အစ္စလာမ် သာသနာ ပြန့်ပွားရေး အတွက် အမျိုးသမီးများ၏ လှုပ်ရှားမှု စာအုပ်အား ခါနွမ် လာလေဒါဒီ ခိုဒါယူဝါ မှ ရေးသားခဲ့ပြီး ခရစ် သက္ကရာဇ် ၂၀ မှ ၂၁ အစပိုင်း ရှီအမျိုးသမီး များ၏ လှုပ်ရှားမှု ကို တင်ပြ ထားပေသည်။ခါနွမ် လာလေဒါဒီ ခိုဒါယူဝါ သည် ဖဂန်ဂေစ်စတန်နေ အူလူမ် မေအေဂ်ျသမာအီ နှင့် သရ်ဗီယက်သီ ၏ အဖွဲ့ဝင်တစ်ဦး ဖြစ် ပါသည်။ကျန်တစ်အုပ်အား ခါနွမ်မလကေ ယေ အဗ်ဒွလ်ဝါစေအ် အာဝါ မှ ရေးသားခဲ့ပါ သည်။ဤ အခမ်းအနားတွင် အိုလမာ ၊ အတွေးအခေါ် ပညာရှင် များ ၊ အတွေ့အကြုံ ရှိ ဘာသာ ပေါင်းစုံ ဆိုင်ရာ သုတေသီများ ၊ သာဂျီကေစတန် တက္ကသိုလ်မှ ဆရာသမားများ ၊ လူမှု ရေး ဆိုင်ရာ ကဏ္ဍ အသီးသီးမှလှုပ်ရှား ကြိုးပမ်းနေသည့် အမျိုး သမီးများ ၊ သတင်း ထောက်များတက်ရောက် နေရာ ယူခဲ့ကြပါသည်။