အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
တောင်ကြီးမြို့၊ ကန်ကြီးကုန်း ရပ်ကွက်၊ သစ်တောဂိတ် အထွက်ရှိ ၀င်းမေတ္တာ စက်သုံးဆီ ပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများ လာပို့သော ကားမှ ဆီကန်သို့ စက်သုံးဆီများ ထည့်သွင်းစဉ် စတင် လောင်ကျွမ်း ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုမှာ တစ်နာရီ ကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီ တန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြား ပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်း ဆုံးရှုံးခဲ့ပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါ မီးကို မီးသတ်ကား ဆယ်စီး ၀န်းကျင် ငြိမ်းသတ် ခဲ့ကြောင်း သတင်း ရရှိသည်။