- မြန်မာနိုင်ငံတွင် ၆ လနီးပါး ဖြစ်ပွားခဲ့သော
အကြမ်းဖက် အဓိကရုဏ်းများက နိုင်ငံ၏ အဓိကမြို့ကြီးများသို့
တဖြည်းဖြည်းချင်း ရွေးလျားလာ လျက်ရှိကာ နိုင်ငံရပ်ခြားမှ အထူးသဖြင့်
မွတ်စလင်နိုင်ငံများမှ ပိုမို သတိပြုမိလာလေသည်။
- အရေးပေါ်အခြေအနေ ကြေညာမှု၊
အဓိကရုဏ်းတိုင်းတွင် စစ်တပ်၏ အကူအညီကို ရယူမူ အပါအ၀င် ဆိုးရွားသော
လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရမှာ ပြည်တွင်းပြည်ပရှိ
လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
- အဓိကရုဏ်များတွင် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊
ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများက ဦးသိန်းစိန်အစိုးရအား
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏
ထိလွယ်ရှလွယ်သောကြိုးပမ်းမူဖြစ်သော မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ
လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ပြုပြင်ပြောင်းလဲရန် အန္တရာယ်နှင့်
ရင်ဆိုင်လာခဲ့ရသည်။
- ဒီမိုကရေစီတွင် လွတ်လပ်စွာ ပြောဆိုမှု
လိုအပ်ပင်လိုအပ်သော်ငြား ယခုအချိန်တွင် ထိုလွတ်လပ်စွာ ပြောဆိုမှုက
မြန်မာနိုင်ငံအား အန္တရာယ် သင့်နေစေသည်။ အထူးသဖြင့် အစွန်းရောက်များ၊
မွတ်စလင် ဆန့်ကျင်ရေးဆောင်ရွက်သူများက ထိုလွတ်လပ်စွာပြောဆိုမှုများ
ချယ်လှယ်ထားပြီး နိုင်ငံသားများ၏ သတင်းစာပုံရိပ်ကို ထိန်းချုပ်ထားလေသည်။
ထိုအခြေအနေကို အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အချိန်မီ တုံ့ပြန်ဟန့်တားမှု
မပြုလျှင် နိုင်ငံမှာ အကျဘက်ကို ဦးတည်စေနိုင်ပြီး ခန့်မှန်းရခက်သည့်
ရှုပ်ထွေးပွေလီသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး
အကျိုးဆက်များမှာလည်း ဆိုးရွားပေလိမ့်မည်။
- ထိုကဲ့သို့
လွတ်လပ်စွာပြောဆိုမှုအားတလွဲသုံးမှုအတွက် သင့်လျော်သော အဖြေမှာ ပိုမို၍
လွတ်လပ်စွာပြောဆိုခွင့် (အမှန်အတိုင်းပြော ဆိုခွင့်) ဖြစ်လေသည်။ သို့ရာတွင်
အဆိုပါ ကိစ္စမှာ အချို့သော အကြောင်းများကြောင့် အာဏာရှင်အလွန်
မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင်မည်မဟုတ်ပေ။
- အရေးအကြီးဆုံးပြဿနာမှာ အစိုးရအဖွဲ့၊
အတိုက်အခံအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက အစွန်းရောက်များနှင်
စေ့စပ်ဆွေးနွေးရာတွင် မအောင်မြင်မှုပင်ဖြစ်သည်။
- သမ္မတဦးသိန်းစိန်မှာ သူ၏
ပြုပြင်ပြောင်းလဲရေးကျွေးကြော်မှုကြောင့် ချီးကျူးခြင်းခံခဲ့ရလေသည်။
သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ၏ လူနည်းစုများအပေါ် သတ်ဖြတ်မှုများ၊
သုတ်သင်ရှင်းလင်းမှုများကို လူသိရှင်ကြား ရှုတ်ချရန် သူက ငြင်းဆိုခဲ့သည်။
- နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်မှာလည်း
လူနည်းစုများအား ကာကွယ်နိုင်မည်ဟု သူမမျှော်လင့်သည့် ဥပဒေသစ်ကို ပြဌာန်းရန်
တိုက်တွန်းရုံမျှသာ ရှိခဲ့သည်။
- တစ်ချိန်က အစွန်းရောက်များကို
ထောင်သွင်းအကျဉ်းချ၍ လူမဆန်စွာ နှိပ်စက်၊ ညှင်းပန်း၊ ခြိမ်းခြောက်မှုများ
ပြုလုပ်ခဲ့သော စစ်တပ်မှာလည်း ယခုအခါ ထိုလုပ်ရပ်များကို လုံးဝ
စွန်းလွှတ်ခဲ့ပြီးဖြစ်လေသည်။ ယခုအချိန်တွင် စစ်တပ်မှာ ဥပဒေစိုးမိုးမှုကို
ထိန်းသိမ်းရန် သမ္မတ၏ တိုက်ရိုက် အမိန့်ပေးလာသော အခါ
ကြားဝင်ဆောင်ရွက်ပေးပြီး တရားဥပေဒကို အကောင်ထည်ဖော်သည့် အဖွဲ့အစည်းအဖြစ်
ဆောက်ရွက်ခြင်း မရှိတော့ချေ။
- ထို့ကြောင့်ပင် ဆူပူအကြမ်းဖက်သူများ
အစွန်းရောက် အုပ်စုများမှာ သတင်းလောကကို ထိန်းချုပ်နိုင်ရုံသာမက
လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချ၍ ၎င်းတို့ ပေးချင်သောသတင်းပုံစံကို
အတားအဆီးမရှိ ဖြန့်ချီလျက်ရှိလေသည်။
- မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့်
ကျရှုံးမှု၏ အဓိကကျသောအချက်မှာ ယခုလက်ရှိ အင်တာနက်စာမျက်နှာနှင့်
သတင်းလောကကို လွှမ်းမိုးထားသော အစွန်းရောက်များအား ပြန်လည် တုံ့ပြန်ရန်
မစွမ်းနိုင်ခြင်းပင်ဖြစ်သည်။
- မြန်မာနိုင်ငံဆိုင်ရာ
သတင်းပေးပို့သူဖြစ်သည့် James Hookway မှ ပြီးခဲ့သည့် အင်္ဂါနေ့က ဝေါစထရိ
ဂျာနယ်သို့ပေးပို့သော သတင်းတစ်ခုတွင် မျှတစွာ ရေးသားဖော်ပြထားသော
သတင်းများကို ကျော်လွန်၍ အခြားအယူဝါဒများကိုပုတ်ခတ်ကာ မြန်မာ အင်တာနက်
လောကကို ခြယ်လှယ်နေသည့် ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုကဲ့သို့ အကြမ်းဖက်
လုပ်ငန်းများကို အစပျိုးနေသည့် အဖွဲ့များနှင့်ပက်သက်၍
ပုံဖေါ်ရေးသားထားလေသည်။
- ၉၆၉ ကဲ့သို့ အဖွဲ့များက အလွှမ်းမိုးနေနေသော အင်တာနက် ပေါ်တွင် အမှန်တရားလွှမ်းမိုးစွမ်းမရှိပေ။
- မြန်မာလူမျိုးများ၏ အမုန်းတရားများနှင့်
လူမျိုးခြားကြောက်ရွံ့ခြင်းရောဂါတို့ကို အဆိုပါ အစွန်းရောက်
အမျိုသားရေးဝါဒီများ၏ သတင်းများက ထိန်းချုပ်ခြင်းမရှိဘဲ ထိုရောဂါများကို
ပျံ့နှံ့စေရန်သာ မီးထိုးပေးလျက်ရှိသည်။
- မြန်မာ နိုင်ငံ ဆက်သွယ်ရေး နည်းလမ်းများကို
တိတိကျကျကောက်ယူထားသော စစ်တမ်းများအရ အမုန်းတရား ဖြန့်ဝေနေမှုများကို
အမှန်တရားများဖြင့် ပြန်လည်တုန့်ပြန်ရန် နည်းလမ်းများအလွန်နည်းပါးသည်ဟု
အံသြစွာတွေ့ရှိရသည်။
- သတင်းစာများနှင့် မဂ္ဂဇင်းများမှာလည်း
အားကိုးလောက်စရာမရှိဘဲ၊ တီဗွီနှင့် ရေဒီယိုများတွင် ဖော်ပြသည့်
သတင်းများမှာလည်း ယုံကြည် စိတ်ချရခြင်းမရှိပေ။
- သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)
မှာလည်း ထိုနည်း လည်းကောင်းပင်ဖြစ်ရာ မျှတသည့် သတင်း ဌာနများမှာ
မြန်မာနိုင်ငံတွင် အခွင့်အရေး မရရှိပေ။
- နိုင်ငံလူဦးရေ သန်း၆၀ တွင်၊ သုံးသန်းမှာ
မိုဘိုင်းဖုန်းများကို အသုံးပြုနေကြသည်။ လူ လေးသန်းမှာ အင်တာနက်အသုံးပြုမှု
လုံးဝမရှိချေ။ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်းနှုန်း မရှိတရှိ ပမာဏကပင်
အင်တာနက်သုံးစွဲမှုရှိလေသည်။ နိုင်ငံရှိ မိုဘိုင်းဖုန်းအော်ပရေတာ
သုံးခုစလုံးကို အစိုးရမှ ထိထိရောက်ရောက် ထိန်းချုပ်ထားလေသည်။
- အကျဉ်းချုံးပြောရမည်ဆိုလျှင်
အစွန်းရောက်များ၏ လှုံ့ဆော်မှုများမှာ အသံထွက်နိုင်ကြပြိး ၉၆၉ အဖွဲ့ဝင်
ဆရာတော် ၀ီရသူကဲ့သို့ အစွန်းရောက် ဘုန်းကြီးများကို အင်တာနက်အပါအ၀င်
မီဒီယာများ၊ လူမှုဖွဲ့အစည်းများနှင့် အစိုးရတို့က ထိထိရောက်ရောက်
တုံ့ပြန်ခြင်းမရှိသေးပေ။
- ဤအခြေအနေများမှာ မြန်မာနိုင်ငံရှိ
လွတ်လပ်စွာပြောဆိုမှုအတွက် အချိုးအကွေ့ကာလပင်ဖြစ်သည်။
အစွန်းရောက်ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများ၏
လွတ်လပ်စွာပြောဆိုမှုက အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားမည်လားဆိုသည်ကို
နိုင်ငံသားများနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ရပေမည်။
- အစိုးရထိပ်တန်းအရာရှိများက
ထိုအမုန်းတရားဖြန့်ဝေနေမှုများကို ထုတ်ဖော်လိုက်လျှင်၊ ထိရောက်သော
အင်တာနက်အခြေပြု မီဒီယာမှ လူထူအမြင်ကို ပြောင်းလဲပေးနိုင်လျှင်၊ အစိုးရမှ
ထိုအမုန်းတရားဖြန့်ချီမှုကို ထိန်းချုပ်ရန် စစ်တပ်မှ အသုံးပြုခဲ့သည့်
နည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုကောင်း ပြုပေလိမ့်မည်။
ထိုနည်းလမ်းဟောင်းကို အသုံးချမှုသည် ရွှေမှုံကြဲဒီမိုကရက်တစ်
ပြုပြင်ပြောင်းလဲမှုကို ထိခိုက်မည်ဖြစ်သော်လည်း လူနည်းစုများ အထူးသဖြင့်
မွတ်စလင်များအပေါ်သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်သွားပေလိမ့်မည်။
ထိုအချင်းအရာမှာ မိ