အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ
ဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာဆရက်အလဝီဂိုရ်ဂါနီအနေဖြင့်ရှိက်ခ် နေမဲရ်အားကြိုးမိန့်ပေးရန် ဆော်ဒီအစိုးရ ရှေ့နေ၏ ဆော်ဒီ တရားရုံးထံမှ တောင်းခံမှုကို ပြစ်တင်ရှုံ့ချရင်မိမိ၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ဤနယ်ချဲ့အရင်းရှင်များ၏လမ်းညွန်မှုဖြင့်ရှိက်ခ် နေမဲရ်အားကြိုးမိန့်ပေးရန်တောင်းဆိုမှုသည်အိုလမာယေအစ္စလာမ်နှင့်အလ္လာဟ်ဟိုအရှင်မြတ်၏သာသနာတော်ကိုစောက်ရှောက် ပေးနေသူများ (အာလင်မ်များ)အားကလော်ထုတ်နှိမ်နင်း ခြင်းအတွက်လမ်းထွင်လိုက်ခြင်း မည် ကြောင်း ပြောကြားခဲ့ပေသည်။မိန့်ခွန်းဘာသာပြန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
بسم الله الرحمن الرحیم
من المؤمنین رجال صدقوا ما عاهدوالله علیه فمنهم من قضی نحبه و منهم من ینتظر
ဆော်ဒီတရားရုံးတွင်၊အကျော်အမော်ထိပ်တန်း၊တော်လှန်ရေးသမား နှင့်မိုဂျာဟစ်ဒ် သာသနာ့ပညာရှင်ဟွဂ်ျဂျသွလ်အစ္စလာမ်ဝလ်မွစ်စလေမီး(န)ရှိက်ခ် နေမဲရ် အားကြိုးမိန့်ပေးရန်တောင်းဆိုမှု နှင့်ကြိုးမိန့်ပေးနိုင်ရန်စီစဉ်လမ်းခင်းနေသည့်သတင်းကို ရရှိ ထားပါသည်။
ကျွန်ုပ်အနေဖြင့် ဤတောင်းဆိုမှုအား အစ္စလာမ်လောကအတွက် ရှီအာ၊ စွန်နီ များအပါအဝင် ၏သင့်မြတ်မှု၊ငြိမ်းချမ်း အေးချမ်းမှု၏ဆန်ကျင့်ဖက်ဟု နားလည် သဘောပေါက်ပါသည်။ ပြီးနောက် နယ်ချဲ့အရင်းရှင်များ၏ လမ်းညွန်မှုဖြင့် ရှိက်ခ် နေမဲရ် အားကြိုးမိန့်ပေးရန်တောင်း ဆိုမှုသည်အိုလ မာယေအစ္စလာမ် နှင့်အလ္လာဟ်ဟိုအရှင်မြတ်၏သာသနာတော်ကိုစောက်ရှောက် ပေးနေသူများ (အာလင်မ်များ)အားကလော်ထုတ်နှိမ်နင်းခြင်းအတွက်လမ်းထွင်လိုက်ခြင်းနှင့်တူကြောင်းနားလည် သဘောပေါက်ထားပါသည်။ ဤအတွက်ကြောင့် ဤမသန့်ရှင်း ၊မသန့်ပြန့်သည့် လှုပ်ရှားမှုများကို ပြစ်တင်ရှုံ့ချ ကန့်ကွက်ပြီး ၊မွတ်စလင်များ အားလုံးနှင့် လွတ်လပ်ရေးကို မြတ်နိုးသည် လူသားများအားလုံး အထူးသဖြင့် ဆော်ဒီ နိုင်ငံရှိ မွတ်စလင်များ ထံ ဤဆော်ဒီ တရားရုံး ၏ တာဝန်ခံများ ကို အဆက်မပြတ မိမိတို့ အနေဖြင့် စောဒကတက်နေကြောင်း ကမ္ဘာ မှ သိလာရန် ကြိုးပမ်းကြဖို့ မေတ္တာရပ်ခံ လိုက်ပါသည်။