၆ ဧပြီ ၂၀၁၃ - ၁၉:၃၀
၄၈လမ်း မီးလောင်မှုတွင် တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့်တရားစွဲမည်

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ၄၈လမ်း မီးလောင်မှုတွင် အဓိက တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲ့ တပ်ဖွဲ့မှ သိရသည်။ "လူသေမှု ဖြစ်တဲ့ အတွက် ၃၀၄(က)ရယ်၊ မီးလောင်မှု ဖြစ်တဲ့အတွက် ၂၈၅ ရယ်နဲ့ တရားစွဲဆို သွားမှာပါ"ဟု ရန်ကုန်တိုင်း ဒေသကြီးရဲ့ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုတွင် အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးမှာ မီးလောင်မှု ဖြစ်ပွားသည့် ဧပြီ ၂ ရက်နေ့ကတည်းကပင် ၀န်ခံခဲ့ပြီး၊ နောက်တစ်ဦးဖြစ်သည့် ဦးခင်မောင်အေးကိုမူ ဧပြီ ၃ရက်နေ့က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်