အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ ဂျမာဒီယိုစ် စာနီ ဧပြီလ ၁၄ ရက်နေ့ မဟာတန်တော်မြတ်ကြီး (ဆွ) ၏ သမီးတော် ဟဇရတ် ဖွာတေမာ (အ.စ) သခင်မကြီး ၏ ရှဟာဒတ် ဘွဲ့ခံယူတော်မူသည့်နေ့ ဖြစ်ပါသည်။
ဤအတွက် အစ္စလာမ်လောက နှင့် ရှီအာ အေမာမ်မီယာ လောက ၏ ထိပ်တန်း အကျော် အ မော် နိုက်ဗေ အေမာမ် ၂ ပါး ဖြစ်သည့် ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ် မာ ဝဟီးဒ် ခိုရာန်စာနီ နှင့်ဟဇရတ် အာယာသွလ်လ္လာဟ် အလ် အွဇ်မာလွတ်ဖ် ဖွလ်လ္လာဟ် ဆွာဖီ ဂိုလ် ဗိုင်ဂန်နီ တို့အနေဖြင့် သခင်မကြီး (အ.စ) မြစ်တော်သူ ဟဇရတ်ဖွာတေမာမာစူမာကွမ်း(အ.စ) နှင့် အေမာမ်ဇမန်း(န) (အ.ဂျ) တို့အား ပိုရ်စာပေးရန် သခင် မကြီး ဖွာတေမာ မာစူမာကွမ်း (အ.စ) ၏ ရောင်ဇာ တော် အထိ ယနေ့ ဒေသစံ တော်ချိန် ၁၂နာရီ တွင် ဖိနပ်မစီး ဘဲ အလံ လှည့် ပွဲ တွင်ပါဝင် ပြီး အဇါဒါရီ ပြုမည် ဖြစ် ပါသည်။ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ် မာ ဝဟီးဒ် ခိုရာန်စာနီ နှင့်ဟဇရတ် အာယာ သွလ် လ္လာဟ် အလ် အွဇ်မာလွတ်ဖ် ဖွလ်လ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ တို့အနေဖြင့် မိမိတို့ ၏ ရုံးများ တွင် ဒေသစံတော်ချိန် ၁၀ နာရီတွင် မဂျလစ် ကျင်းပမည် ဖြစ်ပြီး မဂျလစ် အပြီး ဒေသ စံ တော်ချိန် ၁၂နာရီ တွင် ဖိနပ်မစီး ဘဲ အလံလှည့် ပွဲ တွင်ပါဝင် ပြီး အဇါဒါရီ ပြုကာ မာတမ် (ရင်တီးခြင်း) ပြုပြီး သခင် မကြီး ဖွာတေမာ မာစူမာကွမ်း (အ.စ) ၏ ရောင်ဇာ တော် အထိ သွားကြမည် ဖြစ် ပါသည်။
နှစ်အနည်းငယ် အရင်က ပင် နိုက်ဗေ အေမာမ် တို့ အနေဖြင့် ရှဟာဒတ် ဒေ အမီးရွလ် မိုမေနီး အေမာမ်အလီ (အ.စ) ၊ ရှဟာဒတ် ဒေ ဟဇရတ် ဖွာတေမာ (အ.စ) ၊ ရှဟာဒတ် ဒေ အေမာမ် ဆွာ ဒစ်က် (အ.စ) ဖိနပ်မစီး ဘဲ အလံလှည့် ပွဲ တွင်ပါဝင် ပြီး အဇါဒါရီ ပြုကာ မာတမ် (ရင်တီး ခြင်း) ပြုပြီး သခင် မကြီး ဖွာတေမာ မာစူမာကွမ်း (အ.စ) ၏ ရောင်ဇာ တော် အထိ သွားလေ့ ရှိ ကြပေသည်။