၂၅ ဧပြီ ၂၀၁၃ - ၁၉:၃၀
အစ္စလာမ် ဘာသာဝင်များကို အငြိုးထား မုန်းတီးနေသော ဘုန်းကြီးများ (BY FRANCIS WADE)

မြန်မာပြည်တွင် လတ်တစ်လောဖြစ်ပျက်နေသော မွတ်စ်လင်မ်များကို အကြမ်းဖက်မှုများ၏ အဓိက လှုံဆော်ပေးသူများမှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများပင် ဖြစ်သည်။

မဟာမြိုင်ကျောင်းအတွင်းမှ သေးငယ်သော ရုံးခန်းအတွင်းသို့ အပြေးဝင်လာသော ကိုကျော်လွင် ဆိုသူ၏ လက်ထဲတွင် ၉၆၉ စတစ်ကာများ ထည့်ထားသည့် အိပ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ ၉၆၉ ဆိုသည်မှာ မွတ်စ်လင်မ်မုန်းတီးရေး အမှတ်တံဆိပ်များပင်ဖြစ်သည်။ လွန်ခဲ့သော ၆လ ခန့်က၊ မဟာမြိုင်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိမလ မှ ကျောင်းအနီးတွင်ရှိသော ပုံနှိပ်တိုက်တွင် ၉၆၉ တံဆိပ်ဖြင့် စတစ်ကာများကို ပထမဆုံးပုံနှိပ်မှာယူခဲ့သည်။ အခုအခါတွင် ရန်ကုန်မြို့ရှိ Taxi ကားများ၊ Bus ကားများ နှင့် ဆိုင်များ၏ မျက်နှာစာတို့တွင်ချိတ်ဆွဲထားပြီး အခြားအချက်အချာကျသည့်မြို့များတွင်လည်း ပျံနှံ့လျက်ရှိသည်။ ၉၆၉ သည် မြန်မာမွတ်စလင်မ်များက တိုင်းပြည်ကို ခြိမ်းခြောက်ခြင်းနှင့် စိုးမိုးခြင်းမှ ကာကွယ်နိုင်ရန် အစွန်းရောက်သမားများ၏ အသုံးပြုသင်္ကေတပင်ဖြစ်သည်။

ထိုအစွန်းရောက်ဝါဒမှ စတင်ကာ အကြမ်းဖက်မှုများကို ဂယက်ထစေခဲ့သည်။ ၂၀၁၃ ခုနှစ် လွန်ခဲ့သော လအနည်းငယ်က ထိုဝါဒကြောင့် လူဦးရေ ၄၀ ကျော်ခန့်သေဆုံးခဲ့ကာ၊ ၁၃,၀၀၀ ကျော်ခန့် ဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ၉၆၉ လှုပ်ရှားမှု ကို မြန်မာပြည်၏တောင်ဘက် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌် စတင်ခဲ့ပြီး၊ ၉၆၉ စတစ်ကာများမှ စတင်ကာ မြန်မာပြည်အနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာမွတ်စ်လင်မ်များကို အဓိကရုဏ်းဖြစ်ပွားစေခဲ့သည်။ ၉၆၉ တံဆိပ်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓ၏ သင်ကြားမှုများနှင့် နည်းလမ်းများကို ပေါင်းစုကာဖွဲ့ထားသော အထွဋ္ဋ်မြတ်ထားသော အရာဟု ဆိုသည်။

ဦးဝိမလ မိန့်ကြားသည်မှာ..“ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်များကို ကယ်တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ” ။ ထို့အတူ လွန်ခဲ့သောနှစ်က ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုက မြန်မာပြည်တွင် ရှိနေသော ဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟုပါ ထည့်သွင်းဟောကြားခဲ့သည်။ “ အင်ဒိုနီးရှား၊ ဘင်္ဂါလားဒေ့ရှ်၊ ပါကစ္စတန် နှင့် မလေးရှားတွင် ယခင်က ဗုဒ္ဓဘာသာဝင်များ အများအပြားရှိခဲ့ရာ အစ္စလာမ် ဘာသာဝင်များ ရောက်ရှိမောင်းထုတ်ခဲ့သည့်အတွက် အခုလက်ရှိတွင် မွတ်စလင်မ် နိုင်ငံများအဖြစ်တည်ရှိနေခြင်းဖြစ်သည်၊ သမိုင်းပေါ်မူတည်၍ မြန်မာနိုင်ငံတွင်ထိုကဲ့သို့သောအဖြစ်ဆိုး မကျရောက်စေရန် ကာကွယ်ခြင်းဖြစ်သည် ”။

မြန်မာပြည်ရှိ လူဦးရေ၏ လေးရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ ဤကဲ့သို့ အတူယှဉ်တွဲနေထိုင်ခြင်းမှ ပြသနာများ စတင်ခဲ့ရခြင်းဖြစ်သည် ဟု ဦးဝိမလ က ဟောကြားခဲ့သည်။ မော်လမြိုင်မြို့၏ ရှုပ်ထွေးပြည့်ကျပ်နေသော ဈေးရုံထဲတွင် မွတ်စ်လင်မ် ဈေးသည်များသည် ၄င်းတို့အနီးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဈေးဆိုင်များတွင်ကပ်ထားသော ၉၆၉ တံဆိပ်များကို လျစ်လျူရှုကာ အေးချမ်းစွာ ရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြသည်။ ဗုဒ္ဓဘာသာဝင် taxi မောင်းသမားများ နှင့် အရောင်းဆိုင်များမှာ အစ္စလာမ်ဘာသာဝင်များအား ၀န်ဆောင်မှုပေးရန် သူတို့တွင် ပြဿနာ မရှိဟု ပြောကြားခဲ့သည်။

လူတိုင်းတွင် တူညီသောအတွေး မရှိသည်က အစ္စလာမ်ဘာသာဝင်များအတွက် ကံဆိုးစေသည့်အချက်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်လခန့်က မုန်းတီးမှုများ ပေါက်ကွဲထွက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်များသည် မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ နှစ်ရက်တိုင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ အထူးသဖြင့် မွတ်စ်လင်မ်များ၏ အိမ်ရာ ၈၀၀ ကျော်နီးပါး ပျက်စီးခဲ့ရသည်။ မျက်မြင်များ၏ပြောပြချက်အရ အကြမ်းဖက်သမားများသည် အသေအချာအစီစဉ်တကျ လုပ်ဆောင်ခဲ့ပြီး၊ ရဲများသည် မျက်စိအောက်တွင်ဖြစ်ပျက်နေသော သတ်ဖြတ်မှုများအား လျစ်လျူရှုကာကြည့်နေ ခဲ့ကြသည်။ ပြောဆိုချက်များအရ အစိုးရ တာဝန်ရှိသူများ အကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာခဲ့သည်။ သံသယများမှတစ်ဆင့် ပြည်တွင်းမငြိမ်မသက်မှုများမှာ ပြောင်းလဲမှုများကြောင့် ငြိမ်သက်ခဲ့ရသော စစ်အစိုးရအား  ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ခဲ့ခြင်းဟု ယူဆရပါသည်။ ယနေ့ထုတ်ပြန်ခဲ့သော လူ့အခွင့်ရေးစောင့်ရှောက်မှု အဖွဲ့အစည်း၏ အစီရင်ခံစာ “ political and religious leaders in Arakan state ” တွင် ပြီးခဲ့သော အောက်တိုဘာလတွင်ဖြစ်ခဲ့သည့် ရိုဟင်ဂျာများနှင့်အခြား မွတ်စလင်မ်များအား တိုက်ခိုက်မှုတွင်ပါဝင်သော စီစဉ်မှုများ၊ အဖွဲ့အစည်းများ နှင့် လှုံဆော်မှုများ အဓိကထား၍ ပြောကြားထားသည်။ (ပြောကြားချက်တွင် ပြီးခဲ့သောနှစ်က ရခိုင်ဒေသ၌ သွေးထွက်သံယိုဖြစ်ခဲ့ခြင်း နှင့် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်ခဲ့ရသော ၁၂,၅၀၀၀ နီးပါး ရိုဟင်ဂျာ မွတ်စလင်မ်များ ရှိခဲ့သည်။)

ရခိုင်ဒေသ နှင့် မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုများ၏ အဓိကမီးမွှေးသူမှာ စစ်အစိုးရ ဆိုသော်ငြားလည်း ဗုဒ္ဓဘာသာဝင်များ၏ရင်တွင်း၌ ထည့်သွင်းခံထားရသည့် မွတ်စ်လင်မ် မုန်းတီးရေး ၀ါဒများက လောင်စာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်မှစတင်ခဲ့သော ဘင်္ဂါလီ မွတ်စလင်မ်များအား သတ်ဖြတ်မှု၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာများအားသတ်ဖြတ်မှု စသည်တို့သည် ဗုဒ္ဓဘာသာနှင့် မျိုးချစ်စိတ်ကိုပေါင်းစည်းသည့်ဝါဒမှ စတင်ခဲ့ခြင်းဖြစ်သည်။

 

ဝါဒလှုံ့ဆော်မှုသည် ယမန်နှစ်ကဖြစ်ပေါ်သော ရခိုင်ဒေသတွင်း အကြမ်းဖက်မှုမှစတင်ကာ မွတ်စ်လင်မ် မုန်းတီးရေးဝါဒအဖြစ် ပျံ့နှံခဲ့သည်။ မိတ္ထီလာ အရေးခင်းတွင် တွေ့ရှိသူများ၏ပြောပြချက်များအရ လူမျိုးတုံး စစ်ဆင်ရေးဟု ယူဆရကြောင်း ဆိုသည်။ မြို့ထဲတွင်ရှိသော မွတ်စ်လင်မ်များကို  ယာယီစခန်းများသို့ပို့ဆောင်ကာ သတင်းထောက်များအား ၀င်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အတူ စစ်တွေနှင့် ရခိုင်ဒေသတွင်ဖြစ်ပျက်နေသည့် အရေးခင်းများနှင့် တူညီနေကြောင်း သိရှိရသည်။

အကြမ်းဖက်မှုနှင့်ပတ်သက်သောပြောပြချက်များအရ  ၉၆၉ ၏လုပ်ဆောင်မှုများသည် မွတ်စ်လင်မ်မုန်းတီးရေးမှ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်မ်များအားရှင်းလင်းရန်၊ မြန်မာနိုင်ငံအား အစ္စလာမ်ဘာသာဝင်များ မရှိသော နိုင်ငံအဖြစ် ဖန်တီးရန် ပါဝင်ခဲ့သည်။ အကြမ်းဖက်မှုကို ဆန့်ကျင်သူများသည် ၉၆၉ သင်္ကေတအား ဆန့်ကျင်ခဲ့ကြသည်။ သို့သော် မတူညီစွာ ယူဆသူများ၊ ၉၆၉ သင်္ကေတအား ဖြန့်ဖြူးနေသူများနှင့် ကိုင်ဆောင်သူများကြောင့် အမြစ်မပြတ် သေးကြောင်းတွေ့ရှိရသည်။ အချို့သူများက ခရစ်ယာန်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင်ကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ စည်းရုံးမှုကို ပြသသော သင်္ကေတ အလားသဏ္ဍာန်ဖြစ်သည်ဟု ယူဆကြသလို၊ အခြားသူများကလည်း မွတ်စ်လင်မ်များ၏ ဈေးဆိုင်များတွင်ရှိသော ၇၈၆ သင်္ကေတနှင့် အလားတူစေရန် ဖော်ဆောင်ထားသည် ဟု ဆိုလိုသည်။ “ ဗုဒ္ဓဘာသာဝင်များသည် ၉၆၉ ကို အသက်သွင်းရန် လုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းနည်းမိကြောင်း ” ၂၀၀၇ တွင် အကျဉ်းကျခဲ့သော ရွှေဝါရောင်တော်လှန်ရေးတွင်ပါခဲ့သည့် ဘုန်းတော်ကြီး ဦးဂမ္ဘီရက ဆိုသည် “ သူတို့ မုန်းတီးသောအရာကို သူတို့က ပုံတူ ကူးချနေခြင်းသာ ဖြစ်ကြောင်း ” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။