၁၀ မေ ၂၀၁၃ - ၁၉:၃၀
မြန်မာ နိုင်ငံ သာသာရေး လူမျိုးရေး အစွန်းရောက် အယူကြီး ဝါဒီများ ၉၆၉ ကြောင့် အင်ဒိုနီးရှား ဘာသာရေး အစွန်းရောက် များကလည်း  မြန်မာနိ

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာ နိုင်ငံ သာသာရေး လူမျိုးရေး အစွန်းရောက် အယူကြီး ဝါဒီများ ၉၆၉ ကြောင့် အသက် အရှက်သိက္ခာ ၊အိုးအိမ် ၊ဥစ္စာပစ္စည်းများ ဆုံးရုံးနေရသည့်  မြန်မာမွတ်စလင်များ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၌ ဂျေဟဒ် တိုက်ပွဲ ဆင်နွှဲမည်ဟု အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာ သံရုံးရှေ့  တွင် အစ္စလာမ် ဘာသာ အစွန်းရောက် များက ဆန္ဒထုတ်ဖော် ခဲ့ကြပေသည်။

မြန်မာ နိုင်ငံ သာသာရေး လူမျိုးရေး အစွန်းရောက် အယူကြီး ဝါဒီများ ၉၆၉  နှင့် ဦးဝီရသူ နှင့် အပေါင်းအပါးများကြောင့် အသက် အရှက်သိက္ခာ ၊အိုးအိမ် ၊ဥစ္စာပစ္စည်းများ ဆုံးရုံးနေရသည့်  မြန်မာမွတ်စလင်များ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အ ထောက်အပံ့များ ပံ့ပိုးပေးသွားရန်လည်း ယင်းတို့က ဆော်ဩ ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

၎င်းဖြစ်စဉ်များ မဖြစ်ပွားမီ အကျဉ်းကျ ခံရသည့် အလ်ကိုင်ဒါ အစ္စလာမ် အမည်ခံ အစွန်း ရောက် ဆော်ဒီ၊ အမေရိကန် ကြေးစား သူပုန်များ နှင့် ဆက်နွယ်နေသောအစွန်းရောက် ခေါင်းဆောင် ဘာရှာက အင်ဒိုနီးရှားရှိ မွတ်စလင်များကို မြန်မာနိုင်ငံသို့ သွားရောက်ပြီး တိုက်ခိုက်ကြရန် ဖိတ်ခေါ် ထားပါသည်။ ဆန္ဒပြပွဲကို ကြီးကြပ်သူ ဘာနက်အ ဒူဂျက်ဘာက မြန်မာသံ အရာရှိများ နှင့် ဆန္ဒပြသူများ ဆွေးနွေးနိုင်ရန် ရဲများထံ တောင်းခံ ခဲ့လေသည်။

၎င်း ကဆက်လက်ပြီး မိမိတို့ အနေဖြင့် မြန်မာ သံရုံးကို အကြမ်းဖက်ဖို့လာခြင်းမဟုတ်ကြောင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အရေးအခင်း ၊အဓိကရုဉ်း အား သက်ဆိုင်ရာ တာဝန် ခံများ မှ မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးမည် ကို သိလိုသည့်အတွက် လာရောက် ကြခြင်း ဖြစ် သည် ဟု ဆိုခဲ့ပါသည်။

စဉ်းစားစရာ အချက်မှာ ဤ ဆန္ဒပြ ပွဲ ကို နိုင်နင်းနိုင်ရန် အင်ဒိုနီးရှား တာဝန်ခံများ က ရဲတပ် သား ပေါင်း ၁၆၅၄ ဦးကို တာဝန်ပေးထားသော်လည်း ရခိုင်ပြည်နယ် နှင့် မြန်မာ နိုင်ငံ တခြား မြို့များတွင် ဗုဒ္ဓဘာသာ အစွန်းရောက် ဦးဝီရသူ နှင့် ၉၆၉ အဖွဲ့ကြီးမှူးသည် ဗုဒ္ဓဘာသာ အစ္စလာမ် ဘာသာရေး ၊ ရခိုင် နှင့် ရိုဟင်ဂျာ လူမျိုးရေး အဓိကရုဏ်းများ အရေး အခင်းများတွင် သတ်မှု ဖြတ်မှု ၊လုယက်မှု ၊ အရှက်သိက္ခာလုမှု ၊လူမဆန်မှု ၊ မီးရှို့များ စသည်တို့ ဖြစ်ပွားခဲ့ရာ ထိန်း သိမ်းနိုင်ရန် သက်ဆိုင်ရာ မြို့ ဒေသ ၏ တာဝန်ခံများ မှာ ရဲတပ်သားပေါင်း ၅၀၀ မျှ ပင် တာဝန် မပေးခဲ့ဖူးချေ။

 မည်သို့ဆို စေ ဤ နှစ်ဖက်သော အစွန်းရောက်များကြောင့် အစွန်းမရောက် သူများ အတွက် ပါ အစစအရာရာ တွင် အခက်အခဲ များ ၊သံသယ ဖြစ်မှုများ ၊အငြိုးအတေးများ စသည်တို့ ဖြင့် တနေ့ တခြား တိုးပွားလာကြောင်းတွေ့နေပေသည်။