၁၆ ဇွန် ၂၀၁၃ - ၁၉:၃၀
ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့် ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ ကို အစ္စလာမ် ဗလီဝတ်ကျောင်းမှာ စတင်ပြုလုပ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

Pray for Myanmar ဦးစီးသော ”ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ” ကို ဗိုလ်အောင်ကျော်လမ်းရှိ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ၌ပြုလုပ်

 

Pray For Myanmar မှ စီစဉ် ပြုလုပ်သည့် “ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များ လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ” အခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီတွင် ယခုလ ၁၆ရက်နေ့က နံနက် ၉နာရီမှ နေ့လည် ၁၁နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ အခမ်းအနားသို့  ရဟန်းသံဃာတော်များ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအသင်း အဖွဲ့အများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

အခမ်းအနား အစီအစဉ် အရ တက်ရောက်လာကြသော ဧည်သည်တော်များ၊ မီဒီယာများမှ ရှေးဦးစွာ ဗလီဝတ်ကျောင်းတော်များ အတွင်း လှည့်လည် ကြည့်ရှူ လေ့လာခဲ့သည်။ ယင်းနောက် Pray For Myanmar မှ တာဝန်ရှိသူ တစ်ဦးက အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သပ်၍ တင်ပြပြီးနောက် ဘာသာအသီးသီးမှ ဆရာတော်များနှင့် ဧည်သည်တော်များအား မိတ်ဆက် ပေးကြောင်း သိရသည်။

 

ရွှေဝါရောင် ဆရာတော် အရှင်ပဏ္ဍ၀ံသမှ အမှာစကားပြောကြားရာတွင် ” ဦးဇင်းတို့ ဘုရားပေါ်တက်တော့မယ်ဆိုရင် မုဒ်ဦးဝထဲက ဖိနပ်ချွတ်ပြီးတက်ရတယ်။ အဲလိုပဲ ဗလီဝတ်ကျောင်းတော်ကို လာတဲ့အခါမှာ ဟိုးဘက်မှာ သန့်စင်ခန်းတွေရှိတယ်။ သူတို့ရဲ့ ဘာသာရေး ထုံတမ်းစဉ်လာအရ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ရမယ်။ စိတ်ထားတွေကို သန့်ရှင်း စင်ကြယ်အောင် လုပ်ရမယ်။ အဲလိုလုပ်ပြီးတဲ့ အခါကြတော့မှ ဗလီဝတ်ပြုတဲ့နေရာကို ၀င်ရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့ တစ်ဦး တည့်ဖို့ လိုအပ်တယ်။ ချစ်ခင်ဖို့ လိုအပ်တယ်။ စိတ်ထဲကနေ ချစ်ခင်နေလို့၊ နှုတ်ထဲကနေ ချစ်ခင်နေလို့ပဲ မရဘူး။ ကိုယ်အမှုအရာ၊ နှုတ်အမူအရာတွေက အစ ကမ္ဘာကသိအောင်၊ ပတ်ဝန်းကျင်က သိအောင် နေထိုင်ပြရမယ်။ ရှည်ရှည်ဝေးဝေးကျရောက်လာမယ့် အန္တရာယ်တွေကို ဦးဇင်းတို့ အနေနဲ့ တွေ့မြင်နေရပါတယ်။

 

အဲဒီတော့ မြန်မာလူမျိုးတွေက ဒို့နဲ့ မဆိုင်ဘူး။ စီးပွားရေး အဆင်ပြေတဲ့ ချမ်းသာတဲ့ သူတွေကလည်း ငါတို့နဲ့ မဆိုင်ဘူး၊ တခုခုဆို ဟပ်စကီးနဲ့ ဒို့သွားမယ်၊ အထူး လေယာဉ်နဲ့ ဒို့သွားမယ်၊ ကြိုက်တာနဲ့ သွား၊ ဟိုနိုင်ငံတွေကလည်း မြန်မာဆိုတာနဲ့ ထုမှာပဲ။ ဘာသာလေးမျိုးတွေ ဘာတွေ အဲမှာ သွားပြောလို့ မရဘူး။ အဲဒါကြောင့်မို့လို့ ကိုယ့်အလှည့်မကျခင် ကာကွယ်ပြင်ဆင်မှုတွေ ပေးရမယ်။ ဦးဇင်းတို့ အညာတွေမှာတော့ ရှိပါတယ် မိမိပိုင်တဲ့ မြေတစ်ကွက်ကို ကာထားတာက ခြံစည်းရိုး၊ မိမိနေထိုင်တဲ့ ရပ်ကွက် ဒါမှမဟုတ် ရွာကြီးတစ်ခုလုံးကို ကာထားတာက စည်းရိုး၊ စည်းရိုး ကာဖို့လိုပါပြီ။ စည်းရိုးကိုလည်း ကာပြီးရင် ဒီတိုင်းနေလို့ မရပါဘူး။ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အလှည့်ကြ စောင့်ပေးဖို့ လိုပါတယ် အဲဒါလေး ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

အရှင်ဆန္ဒသီရိ ( အင်းစိန်)မှ ” ကိုရင့်အနေနဲ့ မေတ္တာရပ်ခံချင်တာက သတင်းမီဒီယာတွေပါ။ ကိုရင့် အနေနဲ့ အရင်းအနှီးဆုံးနှင့် အားအကိုးဆုံးဟု ပြောလျှင် သတင်းမီဒီယာတွေပါပဲ။ ဒါပေမယ့် အစိုးရိမ်ဆုံးနှင့် အကြောက်ဆုံးကလည်း သတင်းမီဒီယာတွေပါပဲ။ သတင်းမီဒီယာတွေဟာ နိုင်ငံတော်က တရားဝင် ကြေညာထားတဲ့ အတိုင်း သတင်းမီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်သလို၊ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်တာကလည်း သတင်းမီဒီယာတွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သတင်းမီဒီယာတွေ အနေနဲ့ သတိကြီးကြီး ဥာဏ်ကြီးကြီးထားပြီးတော့ ရေရှည်အကျိုးကို မျှော်တွေး ပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။ ကိစ္စရပ်တွေ တစ်ခုတစ်ခုကို ဖော်ပြ ဖြန့်ချီတော့မယ့် အခါမှာ မိမိတို့ လိုချင်တဲ့ သတင်းဦးရရေး၊ သတင်းထူး ရရေး၊ မိမိတို့ သတင်းဌါန တစ်ခုရဲ့အမည်နာမ ပေါ်လွင်ရေး ဆိုတာကို ဦးမတည်ဘဲနဲ့ ညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ကောင်းကျိုး တရားတွေ ဖြစ်ထွန်းရေးဆိုတဲ့ အကြောင်းတရားတွေ ဦးတည်ပြီေးတော့ မှန်မှန်ကန်ကန် ဖော်ပြကြဖို့လိုပါတယ်။ ဆွေးနွေးလိုက်တဲ့ အကြောင်းအရာတိုင်းမှာ မိမိတို့ လိုချင်တဲ့ အကြောင်းအချက်လေးကိုပဲ ကောက်နုတ်ပြီးတော့ ဖော်ပြကြမယ်ဆိုရင် စကားတွေဟာ တစ်ခါတစ်လေမှာ အရှေ့ အနောက် ချိပ်ဆက်ပြီးတော့မှ အဓိပ္ပယ်တစ်ခု ပြည့်စုံသွားတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ အရှေ့မှာပြောခဲ့တဲ့ အကြောင်းတရားတစ်ခုကိုထဲ ရွေးချယ်ပြီးတော့၎င်း၊ အလယ် အနောက် စသဖြင့် အကြောင်းအရာ တစ်ခုကိုပဲ ရွေးချယ်ပြီးတော့ ဖော်ပြမယ်ဆိုရင် အရှေ့၊ အနောက် သုံးပါး စလုံး မချိတ်ဆက်မိဘူး ဆိုရင် အဲဒီ အဓိပ္ပာယ်တွေဟာ အယူလွဲသွားနိုင်ပါတယ်။ ကောက်ချက် လွဲသွားနိုင်ပါတယ်။ အမြင် လွဲသွားနိုင်ပါတယ်။ ယနေ့ ပြဿနာတိုင်းရဲ့အကြောင်းတရားသည် ကောလဟာလတွေက စတာပါ။ ကောလဟာလမီးတွေကို ချုပ်ငြိမ်းအောင် လုပ်နိုင်ရင် ပဋိပက္ခတွေ မဖြစ်နိုင်ပါဘူး။ ပဋိပက္ခတွေ မဖြစ်အောင် သတင်းမီဒီယာတွေ အနေနဲ့ အကျိုးဆောင်မှုက အများကြီး အရေးကြီးပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေ အနေနဲ့ မှန်မှန်ကန်ကန် ပြည့်ပြည့် စုံစုံ အကြောင်းတရားတွေ ဖော်ပြပေးကြပါ။ မိမိရဲ့ အတ္တ၊ အကျိုး စီးပွား တစ်ခုကိုပဲ ရှေ့ရှူ့ မထားဘဲနဲ့ နိုင်ငံနဲ့ လူမျိုး အကျိုး စီးပွား၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အကျိုးစီးပွားကို ရှေ့တန်းတင် ဦးထပ်ထားပြီး သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။

 

ဆရာ ဒေါက်တာ ဦးမြင့်သိန်းမှ ” ဒီကနေ့ ပြုလုပ်တဲ့ အစီအစဉ်ဟာ တရားဟောပြောပွဲ အစီအစဉ် မဟုတ်ပါဘူး။ မီဒီယာများ အနေနဲ့ ဖော်ပြပါ နှီးနှောဖလှယ်ပွဲ ဆိုတဲ့ ပြုလုပ်တဲ့ ခေါင်းစဉ်ရဲ့ နာမည်လေးကိုလည်း ပီပီပြင်ပြင် ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ အခု ဒီအခမ်းအနားဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင့်တဲ့ အမုန်းတရား ဖြန့်ချီတယ်လို့ စွပ်စွဲထားသလို မဟုတ်ဘူးဆိုတာကို ပြခြင်းဖြစ်ပါတယ်။ ပြီးတော့ ဗလီဝတ်ကျောင်းတော်တွေဟာ ငြိမ်းချမ်းရေး စင်တာ ဖြစ်ကြောင်း ပြသခြင်း ဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

” ဟိုတလောက ဗလီတွေကို တရားဝင်မရှိဘူးလို့ ညွှန်ကြားရေးမှူး ရဲ့ပြောကြားချက်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် သာသနာ ဘာသာရေး အဖွဲ့ငါးဖွဲ့က သမ္မတဆီ စာပို့ပြိး ရာထူးက ဖြုတ်ချဖို့၊ တရားစွဲဖို့ လုပ်မယ်လို့ ကြားပါတယ် အဲဒါ ဟုတ်ပါသလား ” ဟု ELEVEN MEDIA သတင်းထောက်မှ မေးမြန်းချက်ကို ” ကျွန်တော်က အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌါနချုပ်ရဲ့ ဓမ္မသတ်မှုး အု