၂၈ ဇွန် ၂၀၁၃ - ၁၉:၃၀
အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်

ဆောင်းပါးအစစ်ကိုပုံများနှင့်တကွအောက်ပါလင်းခ်အတိုင်းသွားရောက်လေ့လာကြည့်ရူနိုင်ပါသည်။ http://www.m-mediagroup.com/news/15383 တဆက်တည်းမှာပင်m-mediagroup.သတင်းဌာနအား အစွန်းရောက်ဟုစွတ်စွပ်ချက်ကိုလည်းကျွန်တော်များ အဟ်လေ့ဘိုက်(အ.စ)သတင်းဌာနမြန်မာပိုင်းမှအခြအမြစ်မရှိသည်ကတကြောင်း၊အစွန်းရောက်ပြီးဗုဒ္ဓဘာသာ ကိုခုတုံးလုပ်နေသည့်ဦးဝီရသူနှင့်၉၆၉ဂိုဏ်း၏အခြေအနေအစစ်အမှန်ကိုဖော်ပြနေသည့်အတွက်ကတမျိုး၊အလဲဗင်း သတင်းဌာနမှအမ်-မီဒီယာဌာနကို အစွန်းရောက်ဟုစွပ်စွဲကြောင်းတင်ပြပြီးကန့်ကွက်အပ်ပါသည်။အဗ်နာ

၂၇ က်ဇွန်လ၊ ၂၀၁၃ ထုတ်အလဲဗင်းမီဒီယာသည် သတင်းစာမျက်နှာဖုံးဆောင်းပါး “Facebook ပေါ်တွင် ဘာသာရေးသွေးထိုး လှုံဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင်အစွန်းရောက်များလည်း ရှိနေ” ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် အလဲဗင်းက M-Media အား အစွန်းရောက်မွတ်စလင်မီဒီယာအဖြစ် ဖော်ပြခဲ့သည်မှာ အခြေအမြစ်မရှိသော တိုက်ခိုက် ရေးသား မှု သာဖြစ်ကြောင်း အမ်-မီဒီယာအကြီးတန်း တာဝန်ခံများက ဆိုပြီး အလဲဗင်း၏ ကျင့်ဝတ်သိက္ခာနှင့် အစွန်းရောက် (extremist) စကားလုံး အပေါ် သဘောပေါက် နားလည်မှုအား မေးခွန်းထုတ် ဝေဖန်လိုက်သည်။

“extremist ဆိုတဲ့နေရာမှာ ဒီစာလုံးကို အသုံးပြုဖို့ အင်မတန်မှ စဉ်းစားသင့်တယ်။ ကိုယ့်ကိုကိုယ် ပရိုမီဒီယာကြီးလို့ ကျွေးကြော်ပြီး Asia News Network က သူတို့သတင်းတင်တာလောက်ကို ကမ္ဘာကပဲ သူတို့ရေးတာ လက်ခံသယောင် အောင်ပွဲခံခဲ့တာမျိုး ရှိတဲ့ အလဲဗင်းက ဒီလိုမျိုး စကားလုံး သုံးတာ ထူးခြားတယ်လို့တော့ မထင်ဘူး။ ဥပမာပေါ့ဗျာ၊ အမေရိကန်သံအမတ်ကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ လုပ်တဲ့ အင်တာဖိတ် (Interfaith) ဆွေးနွေးပွဲ သတင်းကို အလေးပြုဖော်ပြပြီးတော့ ပြည်သူကို ပညာပေး၊ အသိပေးလုပ်သင့်တဲ့အချိန်မှာပေါ့၊ သူတို့က Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေအမှုနဲ့ အလုပ်များနေတယ်။ ဒါမျိုးက hate incitement ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ကိုဝါဒဖြန့်တဲ့ နည်းမျိုး၊ မွတ်စလင်ပိုင် ကုမ္ပဏီတစ်ခုပါဝင်ပတ်သတ်နေတာနဲ့တင် သူတို့အတွက် တခြားအရေးကြီးသတင်းတွေကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်မျိုးပဲ။ ဒါကြောင့် ဒီလိုမီဒီယာရဲ့ extremist ဆိုပြီး တိုက်ခိုက်ချက်ကို ကျွန်တော်တို့ဘာမှ အလေးပေး ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။” ဟု အမ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလဲဗင်းအနေဖြင့် အင်တာဖိတ်ဆွေးနွေးပွဲသတင်းများကို အရေးတယူလုပ်ဖော်ပြခြင်းမျိုးမရှိသော်လည်း အစ္စလာမ်သာသနာဝင်များပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ၀န်ထမ်းများအကြား မသမာမှုများရှိနေသည်ဟူသည့် သတင်းစသည်များကိုသာ အသားပေး ဖော်ပြလေ့ရှိ သည်။ ဒေးလီးအလဲဗင်း သတင်းစာ၏ ဇွန်လ ၂၅ ရက်နေ့ထုတ် အယ်ဒီတာအာဘော်တွင် အမှန်တရားပင်ဖြစ်လင့်ကစား လူအများစု၏ သဘောထားကို လိုက်၍ သတင်းတင်ပြရလေ့ ရှိ သည်ဟူသော သဘောကို သွယ်ဝိုက်စွာ ရေးသားဖော်ပြထားပါသေးသည်။ ယင်းနှင့်ပတ်သတ်၍ အမ်မီဒီယာ အကြီးတန်းသတင်းသုံးသပ်သူတစ်ဦး က အောက်ပါအတိုင်း မှတ်ချက်ပေးပါသည်။

“M-Media ရဲ့ အင်တာဖိတ် tolerance နဲ့ပတ်သတ်ပြီး တင်တဲ့သတင်းကို ဦးရဲထွဋ်လို နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကိုယ်တိုင် ရှယ်တဲ့အခြေ အနေ မျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ အဓိကရည်ရွယ်ရင်းကလည်း ဒါပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ မီဒီယာရဲ့ အင်္ဂလိပ်ပိုင်းကို ဘန်ကောက် အေပီ ဗျူရို ချိဖ် (AP Bureau Chief) ဖြစ်တဲ့ Todd Pitman လို လူမျိုးက like လုပ်ထားတာမျိုးလည်း ရှိပါတယ်။ အလဲဗင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ကတော့ဗျာ၊ ရှင်းပါတယ်၊ ဒါမျိုးကို အရင်က အာဏာရှင်အစိုးရလုပ်ခဲ့တာပဲ၊ ဥပဒေတွေ ချပြပြီး ခြိမ်းခြောက်မယ်။ ဥပမာ – အရင် exile media တွေဖြစ်တဲ့ ဧရာဝတီတို့ စတဲ့ မီဒီယာတွေကို အာဏာရှင်စစ်အစိုးရက ဒီလိုပဲ ခြိမ်းခြောက်ပြီး မိစ္ဆာမီဒီယာတွေလို့ သမုတ်ခဲ့တာပဲ။ အခု အလဲဗင်းကလည်း အာဏာရှင်ပုံစံဖမ်းပြီး ခြိမ်းခြောက်တာမျိုးပါ။ အမှန်ရေး သတင်းထောက်တွေကိုတောင် ရန်မူနေတဲ့တိုင်းပြည်မှာဗျာ၊ လူများစုနဲ့ ဆန့်ကျင်တဲ့အမှန်ကို တင်ပြရင်တော့ ဒါ အစွန်းရောက်လို့ ပြောခံရမှာပဲ။ သူတို့ကိုယ်သူတို့မှ မသုံးသပ် နိုင်ကြတာကိုး။ ”

အလဲဗင်းမီဒီယာအနေဖြင့် အမ်-မီဒီယာအား အစွန်းရောက်အဖြစ် တိုက်ခိုက် ရေးသားထားရာ၌ အဓိကအကိုးအကားအဖြစ် “လမ်း ၂၀ ထိပ်တွင် သင်္ကန်း ၀တ်သံဃာတော်တစ်ပါးမှ ရိုက်နှက်ရန်စမှုဖြစ်ပွား” ဟူသည့် မမှန်သတင်းကို အသုံးချထားပါသည်။ ယင်းနှင့်ပတ်သတ်၍ အမ်-မီဒီယာအကြီးတန်း သတင်းထောက်တစ်ဦးက -

“ဒါက သူတို့အဆင့်အတန်း ဘယ်လောက်ရှိသလဲဆိုတာ ဖော်ပြလိုက်တာပေါ့။ အမ်-မီဒီယာမှာ အဲလိုခေါင်းစဉ်နဲ့ ဘယ်တုန်းကမှ သတင်းမတင်ခဲ့ ဘူးဆိုတာ အတည်ပြုပြောချင်တယ်။ သူတို့မှာ အမ်မီဒီယာကို အစွန်းရောက်လို့ စွပ်စွဲဖို့ကို သက်သေ ဒီလောက်ထိရှားနေ တယ်ဆိုတာ ပေါ်လွင်နေ တယ်။ မရိုမသားလုပ် တယ်ဆိုတာလည်း ပေါ်လွင်နေတယ်။ အချက်အလက်တွေကို ထင်ရောင်ထင်မှားဖြစ်အောင်လိမ်တယ်ဆိုတာ ထင်ရှားနေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့  ပြောသလို လမ်း ၂၀ ထိပ်မှာဖြစ်ခဲ့တာမှ မဟုတ်ဘဲ၊ ကျနော်တို့ သတင်းက လမ်း ၁၂၀ ထိပ်လို့ အတိအကျ မှန်မှန်ကန်ကန် ကို ရေးထားတာကိုး ဗျ။” ဟု ပြောပြခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ “၂၇ ရက်နေ့ထုတ် သတင်းစာမှာတော့ အမ်မီဒီယာ အစွန်းရောက်ကြောင်း လမ်း ၂၀ သတင်းမှား ကို ထောက်ပြီး စွပ်စွဲတယ်။ အဲ – အင်္ဂလိပ်ပိုင်းမှာကျတော့ဗျာ၊ အမ်မီဒီယာအစွန်းရောက်ကြောင်း စွပ်စွဲပြီး အကြောင်းပြချက်ဖြစ်တဲ့ လမ်း ၂၀ ကိစ္စ ထည့်မရေးဘူး။ ဒါကို ကျနော်တို့ ဘယ်လိုပြောမလဲ၊ ကလေးကလားဆန်တဲ့ လုပ်ရပ်ထက်ကို ဒါကိုက အစွန်းရောက်ခြောက်တွန်းတဲ့ လုပ်ရပ်ဖြစ်နေ ပြီ။ နိုင်ငံတကာကိုကျ တစ်မျိုးလိမ်၊ ပြည်တွင်းကိုကျ တစ်မျိုးလိမ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အလဲဗင်း၏ သတင်းစာတွင် အစွန်းရောက်စွပ်စွဲချက်အား ရေးသားထားပုံ

Link => အလဲဗင်းမီဒီယာ၏ အမ်-မီဒီယာအပေါ်စွပ်စွဲချက် အင်္ဂလိပ်ပိုင်းသတင်း

အမ်-မီဒီယာမှာ ဇွန် ၁၉ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့် လမ်း ၁၂၀ ထိပ်ဖြစ်ရပ် သတင်းမှန်

(Link => http://www.m-mediagroup.com/news/15026)

ထို့ပြင် အလဲဗင်းမီဒီယာ၏ မီဒီယာမဆန်သောလုပ်ရပ်ကို စင်ကာပူအခြေဆိုက် စီဂျေတစ်ဦးဖြစ်သည့် Chan Myae Khine ကလည်း Facebook ပေါ်တွင် အောက်ပါ အတိုင်း ထောက်ပြထားပါသည်။

အမ်-မီဒီယာ၏ ပြည်တွင်းသတင်းဆိုင်ရာ အကြီးတန်းအယ်ဒီတာတစ်ဦးကို ၂၇ ရက်နေ့ထုတ် အလဲဗင်းသတင်းနှင့်ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ ရာအောက် ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“၂၇-ရက်နေ့ အလဲဗင်းက M-Media က အစွန်းရောက်လို့ သုံးတာကို ဘယ်လိုမြင်သလဲဆိုက ပွင့်ပွင့်လင်းလင်း ပြောရရင် အလဲဗင်းကို ရခိုင် သီတာထွေးကိစ္စစဖြစ်ကတည်းက အယုံအကြည်မရှိတာဆိုတော့ နိုင်ငံရဲ့ နာမည်ကြီးမီဒီယာတစ်ခုက အခုလို တစ်ခြားမီဒီယာငယ်တွေကို အစွန်းရောက်လို့ပြောတာဟာ တခြားမီဒီယာ (M-Media)ကို တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုပါ။ ပြီးတော့ M-Media က အခုထက်ထိ အမှန်တရားတွေ ကိုပဲ တင်ပြနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ လွဲမှားမှုတွေ၊ လိုအပ်ချက်တွေကို ထောက်ပြီးတင်ပြခဲ့တာတွေ ရှ