၁၇ ဇူလိုင် ၂၀၁၃ - ၁၉:၃၀
ဟဇရတ် ဇဲဟ်ရာဟ် (အ.စ) မွတ်စလင်မိခင်မွန်များ အတွက် အကောင်း တကာ အ ကောင်း ဆုံးစံပြ မိခင်မွန် ဖြစ်ပေသည် / အက်စ်ကာရ်

ကျွန်တော်အနေဖြင့် ဟဇရတ် ဇဲဟ်ရာဟ် (အ.စ) အပေါ် ချစ်မြတ်နိုးမှု ၊ အထူးလေး စားချစ်ခင်မှု ထား ရှိပါတယ် ၊ အစ္စလာမ့် သမိုင်းတွင် သခင်မကြီး (အ.စ)၏ ဘဝ သမိုင်း နှင့် စွန့်လွတ် စတေး ခံပေးခဲ့မှု များကို တင်ပြထားပါသည်။ သခင်မကြီးသည် မွတ်စ လင်မိခင်မွန်များ အတွက် အကောင်း တကာ အ ကောင်း ဆုံးစံပြ မိခင်မွန် ဖြစ်ပေသည် ။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ အက်စ်ကာရ် သည် လတ်တလော မွတ်စလင်တစ်ဦး ဖြစ်ပြီး အမေရိ ကန်လာသင်း(န) သူတစ်ဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျမ်းတော်မြတ် ပြပွဲတော် ရှိ (လမ်းမှန်ရသွားသူများ အမည်ဖြင့် ) (၂၁) ကြိမ်မြောက် အစီအစဉ်တွင် အမေးအဖြေ ကဏ္ဍ တွင် နေရာယူခဲ့သူတစ်ဦး ဖြစ်ပါသည်။သူအနေဖြင့် အီရန်နိုင်ငံသူ၊ သား မိသားစု နှင့်ပေါင်းသင်း ဆက်ဆံမှု ကို အထူးစိတ်ဝင်စား ခဲ့ကြောင်း၊အီရန်နိုင်ငံ တွင် မိမိထက် အသက်ကြီးသူများ ၊ အဖေ ၊ အမေ အား အရို အသေအလေးအမြတ် ထားခြင်းသည် အခြေခံ အချက်တစ်ခု ဖြစ်ကြောင်း ၊ မိမိနိုင်ငံ တွင် ဤကဲ့သို့ မဟုတ်ကြောင်း ၊ သားသမီးများမှာ အသက် ၁၇ နှစ်ပြည့် ချိန် တွင် မိမိတို့၏ မိဘ နှင့် ခွဲခွာပြီး နေထိုင်ကြကြောင်း ၊သုံးလ တကြိမ် မိမိတို့၏ မိဘများထံ ဖုန်း ဖြင့် အဆက် အသွယ်ပြု ကြကြောင်း စသည်ဖြင့် ပြောပြခဲ့ပါသည်။အက်စ်ကာရ် သည် အစ္စလာမ် သာသနာတော်ကို လက်ခံ သဘောတူပြီးနောက် မိမိအမည် အား မွတ်စ်သဖွာ အမည် ပေးခဲ့လေသည်။၎င်းအား အီရန် နိုင်ငံမုန်းတီးရေး လှုပ်ရှားမှု အကြားမှပင် အဘယ်ကြောင့် အီရန် နိုင်ငံ သို့လာရောက်ရ ကြောင်း နှင့် နေထိုင်ရကြောင်း မေးမြန်းခဲ့ရာ သူအနေဖြင့် အဖြေပေး ခဲ့သည်မှာ -ကျွန်တော်ဟာ စာပေလေ့လာ ဖတ်ရှု့သူတစ်ဦးဖြစ်ပါတယ် … ဤအတွက် ကြောင့် ကျွန် တော် (နေရာ ) အလ်စာလူအွဒ်ဝါ တွင်ရှိနေစဉ်၌ပင် အီရန် မုန်းတီးရေးလှုပ်ရှားမှု သည် အနိသင် သက်ရောက်မှု မရှိခဲ့ပါ … ကျွန်တော်အနေဖြင့် အလွန်တရာ စာပေလေ့လာ ဖတ်ရှု့ ပြီးနောက် လမ်း (မှန်) ကို ရှာဖွေနိုင်ခဲ့ပါတယ် …ဤ မွတ်စလင်အသစ်အနေဖြင့် အရေးကြီး အဖိုးတန် အကြောင်းများ ကို ပြောကြားရင် ဟဇ ရတ် ဇဲဟ်ရာဟ် (အ.စ)မွတ်စလင်မိခင်မွန်များအတွက်အကောင်းတကာအ ကောင်းဆုံးစံပြမိခင်မွန် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။