အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ
အီရတ်နိုင်ငံကြည်းတပ်မတော် အသေခံတပ်၏တပ်သားတစ်ဦးမှ စာမရာ မြို့ရှိ အေမာမ် မိုင်နေ အစ္စကရီရိုင်း (အ.စ) ရောင်ဇာတော်တွင် ဖောက်ခွဲမှု တစ်ရပ် အကြမ်းဖက်အစွန်းရောက်များမှကြိုးပမ်းခဲ့ရာမအောင်မြင်အောင်ပြုနိုင်ခဲ့ကြောင်းကြေငြာခဲ့ကြောင်းသတင်းရခဲ့ပါသည်။
အီရတ်နိုင်ငံကြည်းတပ်မတော်အသေခံတပ်၏တပ်သား(အလီဂိုင်ဒါန်)မှပြောကြားလေ သည်။ ပြီးခဲ့သည့်ရက်များတွင် သောင်းကြမ်းသူအဖျက်သမား၊သူပုန်များအနေဖြင့် စာမရာ မြို့ရှိ ရောင်ဇာ တော်အား နောက်တဖန် ပြိုဖျက်ရန် မကောင်းကြံခဲ့ကြကြောင်း၊သို့သော် မိမိအနေဖြင့် တားမြစ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့လေသည်။
ဆက်လက်ပြီး၎င်းအနေဖြင့်အသေးစိတ်အကြောင်းအရာများကို မပြောကြားသော်လည်း မိမိ၏တပ်အားဆီးရီးယားနှင့်နယ်စပ်ဖြစ်သည့် အလ်ဂျဇီးရာဟ် ဒေသတွင်တပ်ချရင် တိုက်တွန်းခဲ့ လေ သည်။
အီရတ်လုံခြုံရေးတပ်မှ အချို့ရက်အနည်းငယ်အတွင်း ((အီရတ်နှင့်ဆီးရီးယားအတွက် အစ္စလာမ်မီ အစိုးရ )) အမည်ဖြစ် သောင်းကြမ်းသူအဖျက်သမား၊သူပုန်များ အုပ်စု ၏လှို့ဝှက် စခန်းတစ်ခုအား ဖျက်စီးတိုက်ခိုက် နိုင်ခဲ့လေသည်။
အီရတ်လုံခြုံရေးတပ်မှဆက်လက်ပြီး သောင်းကြမ်းသူအဖျက်သမား၊သူပုန်ပေါင်း ၁၇၆ဦး အား ဖမ်းဆီးနိုင်ခဲ့လေပြီး။
အီရတ်နိုင်ငံရေးသမားများ နှင့် နိုင်ငံရေးသုံးသပ်သူများမှ အီရတ် နိုင်ငံအတွင်း သောင်း ကြမ်း သူအဖျက်သမား၊သူပုန်များ၏တိုက်ခိုက်မှုများ ၊ ဗုံးပေါက်ကွဲမှုများ၊ နောက်ကွယ်တွင် ဆော်ဒီနှင့်တူရကီ အစိုးရ ၏လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။