အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ
ယနေ့ ဒီဇင်ဘာလ(၇)ရက်နေ့မှာ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပွဲစဉ် များကို စတင် ကျင်းပတော့မှာဘဲ ဖြစ်ပါတယ်။ ပထမ ဦးဆုံး အုပ်စု (ခ)၏ အဖွင့်ပွဲစဉ် အဖြစ် တီမော အသင်း နဲ့ ထိုင်းအသင်းတို့ ညနေ ၄း၀၀ နာရီမှာ သုဝဏလူငယ် အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားကြတော့မှာဘဲ ဖြစ်ပါတယ်။ အိမ်ရှင် မြန်မာ အသင်းကတော့ ညနေ (၆း၄၅) တွင် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပြီး၊ ပွဲဦးထွက်နိုင်ပွဲ ရရှိလေမလား ဆိုတာကို ရင်ခုန်စွာဖြင့် စောင့်မျှော်အားပေး ရတော့မည် ဖြစ်ပါတယ်။ ယနေ့ ညနေမှာ ပွဲဦးထွက် ယှဉ်ပြိုင်မည့် မြန်မာ လက်ရွေးစင် ယူ - ၂၃ အသင်းသည် ယခုပြိုင်ပွဲ အတွက် လေ့ကျင့်ချိန် (၃)လခန့် အချိန်ယူ ပြင်ဆင်ခဲ့ပြီး၊ ပြိုင်ပွဲမှာ ဆုတံဆိပ်ကောင်းတစ်ခုကို ရယူနိုင်ရေး အသင့်အနေ အထားရှိနေပြီဟုလည်း နည်းပြကြီးက သုံးသပ်ပြောကြားထား တာကိုကြားသိရ ပါတယ်။
ပြိုင်ပွဲမတိုင်မှီခြေစမ်း ပွဲတွေအဖြစ် ဂျပန် နဲ့ တောင်ကိုရီးယားအသင်းတို့မှာ သွားရောက်လေ့ကျင့်ခြေစမ်းရာတွင် ၁၀ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ နဲ့ ၆ ပွဲရှုံးခဲ့ပါတယ်။ ပြည်တွင်းတွင် ဗီယက်နမ် နှင့် ဂျပန် ယူ-၂၀ တို့ကို ဖိတ်ခေါ်ခြေစမ်းရာတွင်လည်း ရှုံးနိမ့်ခဲ့ပါတယ်။ သို့သော် နောက်ဆုံးယှဉ်ပြိုင်ခါနီး ပြည်တွင်းကလပ်များကိုတော့ ဂိုးပြတ်အနိုင်ယူထားပြီး အကောင်းဆုံးအနေအထားတစ်ခု ဖြစ်နေပြီလားဆိုတာကိုယနေ့ညနေပွဲမှာ ပရိတ်သတ်များ လေ့လာ သုံးသပ်ကြည့် ရတော့မှာဘဲ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၃ အသင်း၏ အပြီးသတ် လူစာရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၆) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ စိုးကျော်ကျော်တို့ ကျန်ခဲ့သလို မကြာမှီက ခေါ်ယူအားဖြည့်ထားတဲ့ နိုင်လင်းဦးကတော့ နောက်ဆုံးလူစာရင်းမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ မြန်မာ နဲ့ ကမ္ဘောဒီယား လူငယ်အသင်း တို့တွေ့ဆုံမှု တိုင်းမှာ မြန်မာအသင်းကဘဲ အနိုင်ရလဒ်တော်တော်များများကို ရယူစွမ်းဆောင်ထားနိုင် ခဲ့ပါတယ်။ မြန်မာ လူငယ်အသင်း အနေဖြင့်ယနေ့နိုင်ပွဲ အတွက် အသင့်ဖြစ်နေပြီးဖြစ်ကြောင်း သိရပါတယ်။
ယနေ့တွေ့ဆုံ ယှဉ်ပြိုင်ရမည့် ကမ္ဘောဒီးယား အနေအထား ကိုကြည့်မယ်ဆိုရင်၊ လက်ရှိကမ္ဘောဒီယားအသင်းတွင် ပြင်သစ်-ကမ္ဘောဒီယား မွေးစားသားတစ်ယောက် ပါလာတာကို တွေ့ရပါတယ်။ ထို့အပြင် ကမ္ဘောဒီးယားအသင်းသည် ပြိုင်ပွဲမတိုင်မှီ စင်ကာပူ အသင်းနဲ့ ခြေစမ်းခဲ့ရာတွင် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိထားဖူးတာမို့ ပေါ့ဆကစားလို့ မရတဲ့ အသင်းဖြစ်ပါတယ်။ ယနေ့ပွဲ ထူးခြားချက်အဖြစ် ကမ္ဘောဒီယား အသင်း၏ နည်းပြသည် တောင်ကိုရီးယားနည်းပြ တစ်ဦးလည်းဖြစ်ပြီး ယခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လာကြောင်းကိုလည်း သိရပါတယ်။ မြန်မာ အသင်း၏ လက်ရှိယှဉ်ပြိုင်ရမည့် အုပ်စုပွဲစဉ်တွင် အရှေ့တီမော တသင်းသာ အနည်းငယ်သက်သာ နိုင်ပေမယ့် ပေါ့ဆကစား လို့မရသလို၊ ကျန်တဲ့အသင်းများကို အစွမ်းကုန် ယှဉ်ပြိုင်ကစားရဖွယ်ရှိပါတယ်။
မြန်မာဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များမှလည်း အမျိုးသမီးကို အဓိကထား ရွှေရယူရန် နှင့် အမျိုးသား အသင်းကိုလည်း ဖိုင်နယ်သို့ တက်ရောက်နိုင်အောင် စွမ်းဆောင်ပြီးတော့ ရွှေတံဆိပ်ရနိုင်ရေး တွန်းအားပေးထားတယ်လို့ ကြားသိရပါတယ်။ ယနေ့ပွဲစဉ်မှာ မြန်မာ အသင်းသည် ဂျာစီအနီရောင်ကို ၀တ်ဆင်ကစားမည် ဖြစ်ပြီး၊ ပွဲဦးထွက်တွင် မြန်မာအသင်းအနိုင်ရနိုင်မည်ဟု မျှော်လင့် သုံးသပ်ချက်မိရင်း မြန်မာအသင်း၏ လက်ရှိအခြေအနေကို MRTV4 ၏အင်တာဗျူး တစ်ခုကို ကိုးကားမှီးငြမ်း ရေးသားဖော်ပြလိုက်ပါတယ်။ ညနေအဖွင့်ပွဲစဉ်တွင် ရွှေမြန်မာ အသင်း အောင်မြင်နိုင်ပါစေ။