၁၆ ဧပြီ ၂၀၁၄ - ၁၆:၁၉
ကွမ်းမြို့  နေ မရ်ဂျာ ၃ပါး မှ ၎င်း၏ ကျန်းမာရေး အခြေအနေကို တီလီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းခဲ့

အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ်မြို့ တွင်သတင်းသုံးနေထိုင်နေသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကွမ်းမြို့တွင် သတင်းသုံးနေထိုင်နေသည့် ကမ္ဘာ့ ရှီအာများ ၏ ထိပ်တန်း မရ်ဂျာများမှ ၃ပါးမှ တီလီဖုန်းဖြင့် ကျန်းမာရေး အခြေအနေ ကို ဆက်သွယ်မေးမြန်းခဲ့ကြပါသည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ်မြို့     တွင်သတင်းသုံးနေထိုင်နေသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ၏ မကြာသေမီ ရက်ပိုင်းအတွင်းတွင် နှလုံးဆိုင်ရာ  ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကွမ်းမြို့တွင် သတင်းသုံးနေထိုင်နေသည့် ကမ္ဘာ့ ရှီအာများ ၏ ထိပ်တန်း မရ်ဂျာများမှ ၃ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ်ခိုရာစာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာစာဖီဂိုလ်ဗိုင်ဂန်နီ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာမကာရေမ်မို ရှီးရာဇီးတို့မှ  တီလီဖုန်းဖြင့် ကျန်းမာရေး အခြေအနေ ကို ဆက်သွယ်မေးမြန်းခဲ့ကြကြောင်း သတင်းရခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ်ခိုရာစာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ် မာစာဖီဂိုလ်ဗိုင်ဂန်နီ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာမကာရေမ်မို ရှီးရာဇီးတို့မှ  တီလီဖုန်းဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ၏ သားအားဖခင် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီးမေးမြန်း အားပေးခဲ့ကြခြင်း ဖြစ်ပါသည်။
မရ်ဂျာများမှ တယ်လီဖုန်းဖြင့် စကားပြောဆိုနေပြီး အဆုံးတွင် နဂျဖ်မြို့  ရှိ ရှီအာ မရ်ဂျာများ နှင့် ဟောင် ဇေအေလ်မီးယေ နဂျဖ် ၏ ဆရာသမားများ ၏ ကျန်းမာရေး ကောင်းမွန်ရန်၊ စိတ်ချမ်းမြေ့ရန် အတွက် ဒိုအာများ တောင်းဆို ခဲ့ကြလေသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီသည် နှလုံးဝေဒနာကြောင့်  ဧပြီလ ၅ ရက်နေ့တွင် နဂျဖ်မြို့ ရှိ ဆဒ်ရ် ဆေးရုံးတွင်  တက်ရောက်ကုသမှု ခံ ပြီးနောက် နှလုံးအား ခွဲစိတ်ကုသမှု ကို ခံယူခဲ့ပါသည်။ ခွဲစိတ်မှု မှာလည်း ကောင်းမွန် စွာ အောင်မြင်ခဲ့ ပါသည်။
ဆဒ်ရ် ဆေးရုံးရှိ နှလုံးအထူးကု ဆရာဝန်ကြီးမှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ ၏ အခြေအနေကို ကြည့်ရှု စစ်ဆေးမှုပြုပြီး ဆေးရုံးမှ ဆင်းနိုင်ကြောင်းမေတ္တာရပ်ခံ ခဲ့လေသည်။