၂၄ ဧပြီ ၂၀၁၄ - ၁၄:၄၇
၄၈ လမ်း ဟာဖိဇ်ကျောင်း မီးလောင်မှုအတွက် စွပ်စွဲခံရသူ ကျောင်းဆရာနှစ်ဦး ထောင်ဒဏ် ၈ နှစ်စီချမှတ်ခံရ

၄၈ လမ်း ဟာဖိဇ်ကျောင်းမီးလောင်မှုနှင့် ကျောင်းသား (၁၃)ဦး မီးလောင်သေဆုံး မှုအတွက် အဓိက တာဝန်ရှိသူဟု စွပ်စွဲခံရသူ ကျောင်းဆရာ(၂)ဦးအား ယနေ့ ညနေ(၃)နာရီတွင် ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ်(၈)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်သည်။

 

အဲဟ်လေ့ဘိုက်သ်(အ.စ) သတင်းဌာန၊ အဗ်နာ
၄၈ လမ်း ဟာဖိဇ်ကျောင်းမီးလောင်မှုနှင့် ကျောင်းသား (၁၃)ဦး မီးလောင်သေဆုံး
မှုအတွက် အဓိက တာဝန်ရှိသူဟု စွပ်စွဲခံရသူ ကျောင်းဆရာ(၂)ဦးအား ယနေ့
ညနေ(၃)နာရီတွင် ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ်(၈)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်သည်။
ဆရာနူရုလ္လာဟ်(ခ)ဦးဇေယျာဖြိုး နှင့် ဆရာသွာဆင်(ခ)ဦးခင်မောင်အေး တို့အား ပုဒ်မ ၂၈၅ မီးပေါ့ဆမှုအတွက် (၂)နှစ်၊ ပုဒ်မ ၃၀၄(က) လူသေမှု အတွက် (၆)နှစ် စုစုပေါင်း (၈)နှစ်စီ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မြန်မာမွတ်စလင်မီဒီယာ ::--
မှတ်ချက် ၊ ၊
မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရပြီ လူပုံအလည် အရှက်ရစေအောင်ပြုလုပ်ခဲ့
သူအားလုံး အလ္လာသျှင်ဘက်တော်ကနေ အရေးယူမှုများ မျက်ဝါးထင်ထင်ပြသတော်
မှုပါစေ...............
ဆရာနှစ်ပါးနှင့်တကွ အိမ်မှာကျန်ရစ်ခဲ့ကြတဲ့ မိသားစုများရဲ့ ပူပင်သောက ကင်းဝေး
စေပြီး အဆင်ပြေလွယ်ကှုမှုများချီးမြင့်ပေးသနားတော်မှုပါစေ .....
ထောင်ဒဏ်ကျခံခဲ့ရတဲ့ဆရာ နှစ်ပါးကို အသျှင့်ရဲ့ဘက်တော်ကနေ အကှုအညီများ
ရရှိပြီး အမြန်ဆုံးပြန်လွတ်လာနိုင်တဲ့သောင်ဖိက် ချီးမြင့်ပေးသနားတော်မှုပါစေ (အာမိန်း)
ကိုလတ်
Ref : လင်းရောင်ခြည်