အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
တစ်နေ့ လူကြီး တစ်ယောက်နှင့်လူလတ်ပိုင်း တစ်ယောက် ဖုန်းဖြင့် စကားပြောရင် လူကြီးက အေမာမ်ခိုမေနီ(ရ.ဟ)နှင့် ဟဇရသ် အာယာသွလ္လာဟ် ဗေဟေရှ်သီ (ရ.ဟ) တို့ အကြောင်းကိုလူလတ်ပိုင်း ကို ပြောပြပါတယ်....
ဟဇရသ် အာယာသွလ္လာဟ် ဗေဟေရှ်သီ (ရ.ဟ)က အေမာမ်ခိုမေနီ (ရ.ဟ) ကိုပြောတယ် အေမာမ်...ကျွန်တော် ဘာမှ မလုပ်ချင်တော့ဘူးခင်ဗျား .... လူမျိုးနဲ့ သာသနာ့အတွက် လည်းမလုပ်ချင်တော့ဘူး ... ကျွန်တော်ကို နာမည်တွေလိုက်ဖျက်၊စွပ်စွဲနေတယ် စသည်ဖြင့် အေမာမ်ကို တင်ပြလေတယ်...
ဟဇရသ် အာယာသွလ္လာဟ် ဗေဟေရှ်သီ (ရ.ဟ)ကို မနာလိုသူတွေ ရန်သူတွေက ဘယ်လောက်အထိ နာမည်ဖျက်လည်းဆို ဆေးလိပ်ခွက်တောင် ပြည်သူပိုင်ငွေတွေကို မတရားယူပြီး ရွှေ နဲ့လုပ်ထားတာထားတယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်လေ......ဟဇရသ် အာယာသွလ္လာဟ် ဗေဟေရှ်သီ (ရ.ဟ)ခင်ဗျားဆေးလိပ်တောင်မသောက်တတ်ရှာဘူး .. ဘယ်လောက်ရန်လို၊ရန်ငြိုးထားပြီးမနာလိုနေ လည်းဆိုတာလွန်ရော …ဆေးလိပ်တောင်မသောက်တတ်သူကို ဆေးလိပ်ပြာခံခွက်ရွှေနဲ့ လုပ်ထားတယ်တဲ့ ....
အေမာမ်က ဘာဖြေလဲဆိုတော့ ဗေဟေရှ်သီ ...မင်းကို အီရန် တစ်နိုင်ငံတည်းက မကောင်းပြောနေတာ...နာမည်ဖျက် ၊စွပ်စွဲ ၊ရန်မှုနေတာ ....
ငါခိုမေနီ ကို တကမ္ဘာလုံးက မကောင်းပြောနေတာ...နာမည်ဖျက် ....စွပ်စွဲ၊ရန်မှု .....နေတာလေ .... တကယ်ကိုတရားယူသင့်ပြီး အားဖြစ်စေတဲ့စကားပါဘဲ ..