အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
သမ္မတ ဦးသိန်းစိန်သည် အာဆီယံ ဥက္ကဋ္ဌအဖြစ် ကိုယ်စား ပြု၍ သြစတြေးလျ နိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည်ဖြစ် ပြီး ယင်းအစည်းအဝေးတွင် ဦး စားပေးပြောကြားမည့် အချက်များကို အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံ ထိပ်သီးအစည်း အဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ ကဖွဲ့ စည်းထားသော G 20 ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာတွင် သြစတြေးလျနိုင်ငံ ကွင်းစလန်း ၌ ကျင်းပမည်ဖြစ်ပြီး အစည်း အဝေးတွင် အဓိကဆွေးနွေးလို သည့် သတင်းစကားကို မြန်မာ သမ္မတဦးသိန်းစိန်က မေလ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ် မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင် များနှင့် ဆွေးနွေးရမည်ဖြစ်သည်။
‘‘အာဆီယံ ခေါင်းဆောင် တွေက ဘာပြောစေချင်လဲဆိုတာ အားလုံးဆီက အကြံတောင်းပြီး G20 မှာ သမ္မတက ပြန်ဆွေးနွေး တင်ပြရမှာဖြစ်ပါတယ်။ G 20 အစည်းအဝေးကို အာဆီယံက ပုံမှန်တက်ရောက်တာတော့ မ ဟုတ်ပါဘူး။ ဒါပေမဲ့အာဆီယံ ဘက်ကတော့ ဒီလိုတွေ့ဆုံခြင်းကိုပုံမှန်ဖြစ်အောင် လုပ်ဖို့ ကြိုးစားပါ တယ်။ ဒီနှစ်တော့ မြန်မာဥက္ကဋ္ဌ ဖြစ်ချိန်မှာ G 20 ခေါင်းဆောင် တွေနဲ့ တွေ့ဖို့ အခွင့်အရေးရလာ ပါတယ်’’ဟု နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများသာ တက် ရောက်ရသည့် G 20အစည်းအ ဝေးတွင် အာဆီယံအဖွဲ့က ကိုယ် စားပြုတက်ရောက်ရခြင်းဖြင့် အဖွဲ့အစည်းနှင့် အဖွဲ့ဝင်နိုင်ငံ များ၏ အကျိုးစီးပွားဆိုင်ရာ ကိစ္စ ရပ်များကို တင်ပြနိုင်မည့် အခွင့် အလမ်းရရှိနိုင်ပြီး စီးပွားရေးအရ G 20 နိုင်ငံများထံက အလုပ်အ ကိုင်အခွင့်အလမ်း ပုံဖော်ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် လာနိုင်ခြင်းစသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အ လမ်းနှင့် သဘောတူညီချက်များ ရရှိနိုင်မည်ဖြစ်ကြောင်း ဦး အောင်လင်းကပြောသည်။
အရှေ့တောင်အာရှနှင့် အာရှဒေသတွင်း ကမ္ဘာ့ ရင်းနှီး မြှုပ်နှံလိုသူများအတွက် အ ကောင်းဆုံး အလားအလာရှိခြင်း ကြောင့် နောက်ပိုင်းတွင် G 20 အစည်းအဝေးများ၌ အာဆီယံက နှစ်စဉ်တက်ရောက်နိုင်ဖွယ်ရှိနေ သည်။ ယင်းဒေသများသည် ဖွံ့ ဖြိုးတိုးတက်မှုများရှိသည့်နည်းတူ တောင်မြောက်ကိုရီးယားကျွန်း ဆွယ်အရေး၊ တောင်တရုတ် ပင် လယ်အရေးအပါအ၀င် ဒေသ တွင်းကို အကျပ်အတည်းဖြစ်စေ နိုင်သည့် ပြဿနာများလည်း ရင် ဆိုင်နေရသည်။
‘‘G 20 မှာတော့ အဓိကက အာဆီယံနဲ့ အမြင်ချင်းဖလှယ်ကြ တာပေါ့။ တချို့စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ သူတို့က ဘတ်ဂျက် ချပေးတာမျိုးတွေ လုပ်နိုင်တယ်။ ဒါကြောင့် အာဆီယံကလည်း အာဆီယံဒေသတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရ G 20 နိုင်ငံ တွေပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ပြောရတာပါ။ အာဆီယံအခြေ အနေကို သုံးသပ်တယ်။ ဆွေး နွေးတယ်။ စီးပွားရေးမှာ ပူးပေါင်း နိုင်တာတွေကို ဘိုင်လက်ထရယ် လုပ်တာမျိုးတွေရှိနိုင်တယ်’’ ဟု အာဆီယံပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်ကပြောကြားသည်။ အာဆီယံအဖွဲ့အနေဖြင့် G 20 အစည်းအဝေးသို့ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဘရူ နိုင်းတို့ ဥက္ကဋ္ဌရာထူးထမ်းဆောင် စဉ်က တက်ရောက်ခွင့်ရထား သည်။ သမ္မတဦးသိန်းစိန်က G 20 အစည်းအဝေးသို့ တက်ရောက်ခဲ့ ပါက မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်တက်ရောက်ခြင်းဖြစ်မည် ဖြစ်သည်။
By 7Day News