အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ကလေးဝမြို့ နယ် အတွင်း ကျောက်မီးသွေးစမ်းသပ်တူးဖော်နေသည့် တရုတ်နိုင်ငံသား၂၀ဦးကို မေလ ၁၄ရက် နောက်ဆုံးထားကာ နေရပ်ပြန်သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့က အကြောင်းကြားထားရာ ယင်းနေ့မှာပင်အဆိုပါဒေသမှထွက်ခွာသွားပြီဖြစ်ကြောင်းကိုးကန့်ရွှေနဂါးသတ်္တုစမ်းသပ်တူးဖော်ရေး ကုမ္ပဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ)ကိုကျော်ထွေးက ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေးလုပ်ကွက်များအတွင်း ရောက်ရှိနေသည့် ကိုးကန့်နဂါးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား ၂၀ဦး၊ စကားပြန် သုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးကို မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအတိုင်း ကားလေးစီးဖြင့် နေရပ်များသို့ ပြန်ရန် မန္တလေးမြို့သို့ ပို့ဆောင်လိုက်သည်ဟု ၎င်းက ဆိုသည်။
“ဒီလ၁၂ရက်မှာ အကြောင်းကြားခဲ့တာပါ။ နိုင်ငံခြားသား အလုပ်သမားခေါ်ယူလုပ်ကိုင်ခွင့် ပါမစ်ခွင့်ပြုမိန့်မရခင် ကြားကာလမှာ နေရပ်ကို ခေတ္တပြန်နေပေးဖို့ ဖြစ်ပါတယ်”ဟု ကျန်တာချန်း (ခ) ကိုကျော်ထွေးက ဆက်ပြောသည်။
အဆိုပါ တရုတ်လူမျိုးများသည် မေလ ၁၄ရက် ည ၈ နာရီခန့်တွင် ချင်းတွင်းမြစ်ကူးတံတား(မုံရွာ)အတိုင်း ကားလေးစီးဖြင့် ဖြတ်သန်းသွားပြီးဖြစ်ကြောင်းလည်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ညနေ ၆နာရီခွဲအချိန်က စစ်ကိုင်းတိုင်း တမူးမြို့(၃)မိုင်၊ မြို့အ၀င်စစ်ဆေးရေးဂိတ်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ရှစ်ဦးထံမှ M-21 သေနတ်တစ်လက်၊ M-81.1 စာတန်းပါ သေနတ်လက်၊ (၇ဒသမ၆၂) ကျည်အိမ် ၃၈ ခု၊ ကျည်အိမ်များအတွင်းမှ ကျည်ဆန် အတောင့် ၉၂၀၊ ကျောပိုးအိတ်ဖြင့် ထည့်ထားသည့် ၇ ဒသမ ၆၂ ကျည် ၉၄၀ တောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၃၁လုံး၊ ဆက်သွယ်ရေးစကားပြောစက် ငါးလုံး၊ အားသွင်းခုံ ရှစ်ခု၊ တရုတ်ဘာသာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံတစ်ခု၊ ဦးသိန်းအောင် အမည်ပါယာဉ်မောင်း လိုင်စင်တစ်ခု၊ စစ်သုံးအဝေးကြည့်မှန်ပြောင်း တစ်ခု၊ ဓားမြှောင် သုံးချောင်း၊ အီကွန်းမင့်ရှစ်ခု၊ လက်ကိုင်ဖုန်းလေးလုံးနှင့် အပိုဘတ္ထရီ ခုနစ်ခုတို့အား သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး မှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
Ref : mizzimaburmese
၁၆ မေ ၂၀၁၄ - ၁၇:၃၆
News ID: 609109
ကလေးဝမြို့ နယ် အတွင်း ကျောက်မီးသွေးစမ်းသပ်တူးဖော်နေသည့် တရုတ်နိုင်ငံသား၂၀ဦးကို မေလ ၁၄ရက် နောက်ဆုံးထားကာ နေရပ်ပြန်သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့က အကြောင်းကြားထားရာ ယင်းနေ့မှာပင်အဆိုပါဒေသမှထွက်ခွာသွားပြီဖြစ်ကြောင်းကိုးကန့်ရွှေနဂါးသတ်္တုစမ်းသပ်တူးဖော်ရေး ကုမ္ပဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ)ကိုကျော်ထွေးက ပြောသည်။