၆ ဇွန် ၂၀၁၄ - ၀၉:၄၆
သက္က်ဖီးရီးများ ၏ စာမရာမြို့တွင် မအောင်မြင်သည့် ယုတ်မာမှု + ဓာတ်ပုံများ

လူမဆန်သည့်အုပ်စု အစ္စလာမ့်အမည်ခံ အစ္စလာမ်ကိုခုတုံးလုပ်နေသည့် လူသတ်သမားများ၊ သောင်းကြမ်းသူအဖျက်သမားများ အဖွဲ့ ဒါဟေရှ်(သက္က်ဖီးရီး) မှ အီရတ် နိုင်ငံ စာမရာမြို့ ရှိ အေမာမ်ဟာဒီ (အ.စ) နှင့် အေမာမ်အစ္စကရီ (အ.စ) တို့၏ ရောင်ဇာတော်များကို ပြိုဖျက်ရန် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ သို့သော် အလ္လာဟ်ဟိုအရှင်မြတ် ကျေးဇူးတော်ကြောင့် မအောင် မြင်ခဲ့ကြချေ။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အာလာမ် သတင်းဌာန၏ သတင်းဖော်ပြချက်အရ အကြမ်းဖက်အဖျက်သမား အစ္စလာမ်အမည်ခံ ဒါအေရှ်(သက္က်ဖီးရီး) အဖွဲ့ မှ ယနေ့မနက်အချိန်တွင် အီရတ် နိုင်ငံ၏ဘဂ္ဂဒတ်မြို့  နှင့် ၁၁၈ ကီလိုမီတာ အကွာအဝေးတွင်ရှိသည့်စာမရာမြို့   ၏ ကျက်သရေ ဆောင် ၊ ရှီအာ အေမာမ်မီယာ နှင့် အဲဟ်လေ့ဘိုက်သ် (အ.စ) အပေါ် ကျမ်းတော်မြတ် ကုရ်အာန် အမိန့်တော် မြတ် အတိုင်း အချစ်မေတ္တာထားသည့်မွတ်စလင်မ်များ၏ ရှေ့ဆောင်အေမာမ် နှစ်ပါး ဖြစ်သည့် အေမာမ် ဟာဒီ(အ.စ)နှင့်အေမာမ်အစ္စကရီ(အ.စ)တို့၏ ရောင်ဇာတော်များ ကိုမကောင်းသည့် နီယသ်နှင့်ပြိုဖျက်ရန်တိုက်ခိုက်ရန်ကြိုးစားခဲ့ပါသည်။
ဤလူယုတ်မာများမှ စာမရာမြို့  ၏ အကြီးတကာ အကြီးမားဆုံး မစ်ဂျစ်ဒ်တော် အလ်ရာဇာက်(က) နှင့် အစိုးရပိုင် အဆောက်အဦး တစ်ခုကို သိမ်းပိုက်ခဲ့ပါသည်။ ဤသက္က်ဖီးရီးများ၏ အစီအစဉ်မှာ (ဖာလိုကြေ)ဆိုသည့်ဒေသမှ စာမရာမြို့  ကို စတင် တိုက်ခိုက်ရန် ဖြစ်ပါသည်။ပြီးနောက် ရလာဒ် အဖြစ် အေမာမ်နှစ်ပါး (အ.စ) ၏ရောင်ဇာတော်မြတ် နှစ်ခု ကို ရှဟီးဒ်ပြုရန် ဖြစ်ပေသည်။
ဤ ဒါဟေရှ်(သက္က်ဖီးရီး)အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် အလ်မိုအ်သစင်မ် ဆိုသည့်ဒေသရှိ ရဲများ နှင့်ဒေသခံ ပြည်သူ များ ရှဟီးဒ် ဖြစ်သွားရလေသည်။၎င်း ရှဟီးဒ် ဖြစ်သွားသူများတွင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါသည်။
အီရတ်သတင်းဌာန ၏ သတင်းဖော်ပြချက်အရ ဒါဟေရှ်(သက္က်ဖီးရီး)အဖွဲ့မှ ပြီးခဲ့သည်ည တွင် စာမရာမြို့  ရှိ အချို့  လူမျိုးစု ကို ပူပေါင်း နိုင်ခဲ့ပြီး အဖွဲ့ ဝင် အယောက် ၅၀၀၀ နှင့် စာမရာမြို့  ကို တိုက်ခိုက်ခဲ့ကြလေသည်။
အသားထဲမှ လောက်ထွက်နေသည့် သစ္စာဖောက်ဒေသခံ လူမျိုးစု တစ်ချို့   မှ ရဲများနှင့် လုံခြုံရေး တပ်များကို တိုက်ခိုက် ခဲ့ကြပါသည်။ ထိုအချိန် လက်နက်ကိုင် ဒါဟေရှ်(သက္က်ဖီးရီး) အဖွဲ့မှ မြို့  အတွင်း လွယ်ကူစွာ ဝင်ရောက်လာနိုင်ခဲ့လေသည်။
လက်တလော သတင်းဖော်ပြချက်များအရ အီရတ် လေတပ်မတော်မှ ဒါဟေရှ်(သက္က်ဖီးရီး)အဖွဲ့ အခြေကုတ်ထား သည့်နေရာများ ကို ဗုံးကျဲတိုက်ခိုက်ပြီး ချေမှူန်း နိုင်ခဲ့ပါသည်။
အီရတ် ရဲတပ်ဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ၏ ပြောပြချက်အရ ဤ ဒါဟေရှ်(သက္က်ဖီးရီး) လူယုတ်မာ အဖွဲ့ နှင့်တိုက်သည့် စစ်ပွဲတွင် ရဲ အယောက် ၅၁ ဦး ရှဟီးဒ် ဖြစ်ခဲ့ကြောင်းဖြစ်ပါသည်။
အလ်ဟမ်ဒို့လစ်လ္လာဟ် … အီရတ်တပ်မတော်  ၏ နိုင်နင်းချေမှူန်း မှုကြောင့် လက်ရှိ အနေအထားတွင် စာမရာမြို့   ၌ နာဂျစ်ဒါဟေရှ်(သက္က်ဖီးရီး)အဖွဲ့များမရှိတော့ချေ။ကင်းစင်သွားချေပြီး။ဒါဟေရှ်(သက္က်ဖီးရီး) အဖွဲ့သည် နလန်မထူနိုင်အောင်အရှုံး နှင့်ရင်ဆိုင်ခဲ့ရလေသည်။