၇ ဇွန် ၂၀၁၄ - ၁၈:၄၇
ကနေဒါ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား ဖမ်းမိပြီဟုဆို

သေနတ်ကိုင်ဆောင်မှုဥပဒေ တင်းကျပ်တဲ့ ကနေဒါနိုင်ငံမှာ အခုလို ရဲတပ်ဖွဲ့တွေအပေါ် ပစ်ခတ်မှုမျိုးဟာ ရှားရှားပါးပါး ဖြစ်ပွားတာ ဖြစ်ပြီး အခု ပစ်ခတ်မှုဟာ ကနေဒါနိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ကနေဒါနိုင်ငံ မန်င်တန်မြို့မှာ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ပြီး တိမ်းရှောင်နေတဲ့ သေနတ်သမားကို ဒီနေ့ ဖမ်းဆီးရမိပြီလို့ ကနေဒါရဲတပ်ဖွဲ့က ဆိုပါတယ်။
မန်င်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ညနေမှာ သေနတ်သမားတဦးက ပစ်ခတ်လို့ ကနေဒါရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ် ဂျက်စတင်ဘော့ကို မောက်တန်မြို့မှာပဲ ဖမ်းဆီးမိခဲ့ပြီ ဖြစ်ပြီ မြို့ခံတွေ အိမ်ပြန်ထွက်နိုင်ပါပြီလို့ ကနေဒါရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
မန်င်တန်မြို့ဟာ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းက လူဦးရေ ၇ သောင်းလောက် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

Ref  : dvb