၉ ဇွန် ၂၀၁၄ - ၂၁:၂၃
ပါကစ္စတန် ကရာချီမြို့ လေဆိပ် အကြမ်းဖက်စီးနင်းမှု ၂၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ ဂျင်နာလေဆိပ်ကို အကြမ်းဖက်လက်နက်ကိုင်တွေ ဒီနေ့ ၀င်ရောက် စီးနင်းခဲ့ပြီး ပါကစ္စတန်စစ်တပ်နဲ့ တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်သမား ၁၀ ဦးအပါအ၀င် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန်နိုင်ငံ ကရာချီမြို့ ဂျင်နာလေဆိပ်ကို အကြမ်းဖက်လက်နက်ကိုင်တွေ ဒီနေ့ ၀င်ရောက် စီးနင်းခဲ့ပြီး ပါကစ္စတန်စစ်တပ်နဲ့ တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်သမား ၁၀ ဦးအပါအ၀င် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။
လက်နက်ကိုင်တွေ ၀င်ရောက်စီးနင်းခဲ့တဲ့ ဂျင်နာအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ လူဦးရေ ၁၈ သန်းရှိတဲ့ ကရာချီမြို့ရဲ့ ခရီးသည်အ၀င်အထွက်အများ ဆုံး လေဆိပ်ကြီး ဖြစ်ပါတယ်။
ပါကစ္စတန်တာလီဘန်တွေနဲ့ ၀န်ကြီးချုပ် နာဝပ်ရှရစ် ငြိမ်းချမ်းရေးရရှိရေး ကြိုးစားနေချိန်မှာ အခုလို လေဆိပ်စီးနင်းမှု ဖြစ်ပွားခဲ့တာပါ။
ဇွန် ၉ ရက်နေ့မနက် အရုဏ်တက်ချိန်မှာ လေဆိပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပါကစ္စတန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။
လက်နက်ကိုင်တွေဟာ လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး လေဆိပ်ထဲ ၀င်ရောက် တိုက်ခိုက်မှုအတွက် တာဝန်ခံသူ အဖွဲ့အစည်းကတော့ မရှိသေးပါဘူး။
ဘာသာရေးအယူအဆ ပိုမိုပြင်းထန်တဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ခွဲတွေဟာ ပါကစ္စတန် အစိုးရကို ဆက်တိုက် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ကရာချီလေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်ခရီးစဉ်တွေအားလုံးကို လမ်းကြောင်း ပြောင်းခဲ့ရပြီး ခရီးသည်တွေကိုလည်း ခရီးသည်နားနေဆောင်မှာပဲ ပိတ်ထားခဲ့ရပါတယ်။
ပါကစ္စတန်အစိုးရနဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာလည်း ပြီးခဲ့တဲ့လတွေအတွင်း ခရီးမပေါက် ဖြစ်ခဲ့ပြီး နှစ်ဖက်ကြားတိုက်ခိုက်မှုတွေလည်း ပြန်လည် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
Ref : DVB