အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ ၆ လတာကြာမြင့်နေသည့် ဆူဒန်နိုင်ငံရှိ ကလေးငယ် ငါးသောင်းကျော်မှာ ရောဂါဘယများနှင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် သေဆုံးရမည့် အရေးနှင့် ရင်ဆိုင်နေရသည်ဟု တောင်ဆူဒန်ဆိုင်ရာ ကုလ အကြီးအကဲ တိုဘီလန်ဇာက ပြောကြားလိုက်သည်။
ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယများနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့နေရသည့် ပြည်သူ ၁.၈ သန်းကျော်အား အကူအညီပေးရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှာဖွေပွဲတွင် ပြောခဲ့ခြင်းဖြစ်ပြီး မိုးများရွာသွန်း လာသောကြောင့် ပြည်သူများမှာ ရွှံ့နွံထဲ တွင် နေထိုင်နေရသည်ဟု လန်ဇာက ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတ ဆာလ်ဗာ ကီရ်နှင့် ပြိုင်ဘက် ရီက်မာချာတို့ အကြား ဖြစ်ပွားသော ပြည်တွင်း စစ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ၁.၅ သန်းကျော်မှာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၎င်းတို့နှစ်ဦးကြား ယခင်က အပစ်အခတ်ရပ်စဲရေး နှစ်ကြိမ်ဆောင်ရွက် ခဲ့သော်လည်း နာရီပိုင်းသာ ခံခဲ့ပြီး ယခုသီတင်းပတ်အတွင်း ထပ်မံဆောင်ရွက်မည်ဟု ၎င်းတို့က ကတိပြုထားသည်။
ကုလက ဒုက္ခသည်များအတွက် ကန်ဒေါ်လာ သန်း ၇၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီး တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသများအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး အကူအညီများ ထပ်မံလိုအပ်နေသည်။
Ref : M-Media / Al-Jazeera
၁၆ ဇွန် ၂၀၁၄ - ၁၉:၃၆
News ID: 616645