အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ
မလေးရှားနိုင်ငံရှိ တရားမဝင် နေထိုင်သော မြန်မာနိုင်ငံ သားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင် နေသော ကိုတိုနီသည် ဇူလိုင် ၇ ရက်က ကွာလာ လမ်ပူမြို့နယ်၊ဘတ်တာ ဝပ်မြို့တွင် အသတ်ခံ ရကြောင်း သတင်း ရရှိသည်။
အသက် ၄၀ ကျော် အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်ပြီး တရားမဝင် လာရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်ရာတွင် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး ဇူလိုင် ၇ ရက်ညက မလေးရှားရင်း ဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူ ထံမှ အကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ် ကာငွေ အားလုံးကိုလည်း ယူဆောင် သွားကြသည်။
ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
REF; 7Day News