အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံး
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ အရုဏ်တက်ချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ၄ ရက်ကြာ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၈၅ ယောက် ရှိသွားပါပြီ။
ပါလက်စတိုင်းဒုံးကျည်တွေက အစ္စရေးနယ်မြေထဲ ထဲထဲဝင်ဝင် တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ အစ္စရေးခေါင်းဆောင်တွေက ဆုံးဖြတ်ထားပြီး ၅ နှစ်အတွင်း ပထမဆုံးအနေနဲ့ ဂါဇာ ကမ်းမြောင်အတွင်း မြေပြင်ကျူးကျော်မှုကို လုပ်ဖို့ အမိန့်ပေးနိုင်တယ်လို့ အရိပ်အမြွက် ပြလိုက်ပါတယ်။
အရန်တပ်အင်အား ၂ သောင်းကတော့ စတင်လှုပ်ရှားနေပါပြီး ဇူလိုင် ၁၁ ရက်နေ့ အစောပိုင်းက ရေကြောင်းနဲ့ လေကြောင်း ထိုးစစ်တွေ လုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။
ဂါဇာကနေ အစ္စရေးကို ဒုံးကျည်တွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေကို အစ္စရေးရဲ့ အိုင်းယန်းဒုံးမ် တိုက်ချင်းပစ်ဒုံးကျည် ကာကွယ်ရေးစနစ်ရဲ့ ကြားဖြတ် ပစ်ချမှုတွေကြောင့် ခုထိတော့ လူအသေအပျောက် မရှိသေးပါဘူး။
ဒါပေမယ့် ဇူလိုင် ၁၁ ရက်နေ့ အစ္စရေးဆိပ်ကမ်းမြို့ အဲ့ရှ်ဒေါ့က ဓာတ်ဆီဆိုင်မှာ လောင်စာဆီတင်ကားကို ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရတယ်လို့ လူနာတင်ကား ၀န်ဆောင်မှုလုပ်ငန်းက ပြောခွင့်ရက ပြောပါတယ်။
ဂါဇာနယ်စပ်မှာ တင့်ကားဖျက်ဒုံးကျည်တစီး ပေါက်ကွဲခဲ့လို့ အစ္စရေးစစ်သား ၂ ယောက် သောကြာနေ့က ဒဏ်ရာရပါတယ်။
အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ စစ်သွေးကြွ ၇ ဦးကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စပြီး ဂါဇာက ဟားမတ်စ်အဖွဲ့နဲ့ တခြား အစ္စလာမ်မစ် စစ်သွေးကြွတွေက ဒုံးကျည်အလုံးပေါင်း ၅၅၀ နဲ့ အစ္စရေးနယ်ထဲကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂၄နာရီအတွင်း အစ္စရေးက ဂါဇာကမ်းမြှောင်က တာဝေးပစ်ဒုံးကျည်ပစ်စင်တွေ ဟားမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင်မှုစခန်းတွေနဲ့ မှောင်ခိုဥမင်တွေ အပါအ၀င် ပစ်မှတ် ၂၁၀ ကို တိုက်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
REF; ဒီဗွီဘီ