အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
ကမ္ဘောဒီးယား ဘုရင်ကြီးသီဟာနု၏ ရုပ်ကြွင်းကို ဖနွမ်းပင်မြို့တွင် ဂူသွင်းဋ္ဌာပနာ
နတ်ရွာစံသွားပြီဖြစ်တဲ့ ကမ္ဘောဒီးယား ဘုရင်ကြီး သီဟာနုရဲ့ ရုပ်ကြွင်းတွေကို ဖနွမ်းပင်မြို့မှာ ရှိတဲ့ ဘုရားဝင်းတခုမှာ ဇူလိုင်လ ၁၂ ရက်နေ့က ဂူသွင်းဋ္ဌာပနာပါတယ်။သီဟာနုရဲ့ မိဖုရားနဲ့ သီဟာနုရဲ့သား လက်ရှိ ဘုရင် သီဟာမိုနီ တို့က ပြာအိုးကို သယ်ပြီး ဂူသွင်းဋ္ဌာပနာမယ့် အရိုးပြာအိုး စေတီကို သုံးပတ်လှည့်လည်ပါတယ်။
ကွယ်လွန်သူ ဘုရင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ သေနတ် ၁၀၁ ချက်လည်း ပစ်ဖောက်ပါတယ်။ နယ်ခံတွေ၊ နိုင်ငံခြားသားတွေလည်း အခမ်းအနားကို တက်ရောက်ကြပြီး နောက်ဆုံးအနေနဲ့ ဂါရ၀ပြုကြပါတယ်။
“ဘုရင်ကြီးကို နောက်ဆုံးအနေနဲ့ ဂါရပြုဖို့ လာတာပါ။ သူက ဘုရင်ကြီးလည်း ဖြစ်တယ်။ ကမ္ဘောဒီယားရဲ့ ဖခင်ကြီးလည်း ဟုတ်ပါတယ်”လို့ ကမ္ဘောဒီယား သားတယောက်က ပြောသွားတာပါ။အခမ်းအနားမှာ တရုတ်လူမျိုး ဧည့်သည်တွေလည်း တက်ရောက်ကြတာ တွေ့ရပါတယ်။
“နောက်ဆုံးအနေနဲ့ လာပြီး ဂါရ၀ပြုတာပါ။ ကမ္ဘောဒီယားနဲ့ တရုတ်ပြည်ကြားက ချစ်ကြည်ရေး အဓွန့်ရှည်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောသွားတာပါ။
“ဘုရင်ကြီးကို ဂရုတစိုက် ဆေးကုပေးခဲ့တာအတွက်ရော၊ ကာကွယ်ပေးခဲ့တာအတွက်ရော ကမ္ဘောဒီယား သားတွေကို တရုတ်နိုင်ငံကို ကျေးဇူးနေကြပါတယ်။ ဘယ်တော့မှ မမေ့ပါဘူး”လို့ ကမ္ဘောဒီးယား ဧည့်လမ်းညွန်တယောက်ကလည်း ပြောပါတယ်။
အခမ်းအနားကို ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆန်၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး အပါအ၀င် အရာရှိတွေလည်း တက်ရောက်ကြပါတယ်။ဘုရင်ကြီး သီဟာနုဟာ ၂၀၁၂ ခုနှစ်က အသက် ၉၀ အရွယ်မှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ နတ်ရွာစံခဲ့ပါတယ်။
ရုပ်ကလာပ်ကို မီးသင်္ဂြိုလ်ခဲ့ပြီး တချို့ကို နန်းတော်ရှေ့က မြစ်လေးစင်းမှာ ကျဲချခဲ့ပါတယ်။ အကြွင်းအကျန်တချို့ကို အခုနောက်ဆုံး ဂူသွင်း ဓာပနာတာဖြစ်ပါတယ်။
၁၉၅၂ ခုနှစ် အသက် ၄ နှစ်အရွယ်မှာ နတ်ရွာစံခဲ့တဲ့ သမီးတော် မင်းသမီးလေ ကန်သာ ဘိုဖာ ရဲ့ အရိုးအိုး စေတီဘေးမှာ ဘုရင်ကြီးရဲ့ အရိုးအိုး စေတီကို တည်တာဖြစ်ပါတယ်။
Ref; ဒီဗွီဘီ