အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ
အထူးသတင်းတပ်ဖွဲ့က မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့ကို စစ်မေး
မြန်မာသံတော်ဆင့်ဂျာနယ်က အယ်ဒီတာချုပ်နဲ့ တာဝန်ခံ အယ်ဒီတာတွေကို အထူးသတင်းတပ်ဖွဲ့က ဒီနေ့ ခေါ်ယူစစ်မေးပါတယ်။အယ်ဒီတာချုပ် ဦးကျော်စွာဝင်းကို အောင်သပြေ ရဲရိပ်သာမှာ ခေါ်ယူစကား ပြောတယ်လို့ အတူလိုက်ပါသွားတဲ့ သံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးအောင်ကိုကိုက ပြော ပါတယ်။
“ကျနော်တို့ အယ်ဒီတာချုပ်ကို မေးတာကတော့ အများကြီးပေါ့ဗျာ။ ကျနော်က ပြောနိုင်တာက အဓိက တော့ ဂျာနယ် စတင်ဖြစ်ပေါ်လာပုံနဲ့ ဘယ်ငွေကြေးနဲ့ လှုပ်ရှားသလဲ။ စောင်ရေ ဘယ်လောက်ရှိပြီလဲ။ အဲဒါပါပဲ၊ အရင်တုန်းက ခေါ်မေးတဲ့ ပုံစံမျိုးပါပဲ။”
အယ်ဒီတာချုပ်ကို မေးမြန်းတဲ့ တခြားအကြောင်းအရာနဲ့ အသေးစိတ်ကိုတော့ ဖြေကြားဖို့ သူက ငြင်း ဆန်ပါတယ်။ ဇူလိုင် ၇ နဲ့ ပတ်သက်ပြီး သံတော်ဆင်ဂျာနယ်ရေးသားချက်အပေါ် ခေါ်ယူတွေ့ ဆုံတာ လား၊ ဇူလိုင် ၁၉ ရက် ဥသြဆွဲတာနဲ့ပတ်သက်ပြီး အစိုးရအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုကြောင့် ခေါ်ယူတွေ့ဆုံတာလားလို့ မေးမြန်းရာမှာတော့ မဟုတ်တဲ့ အကြောင်း သူက ပြောပါတယ်။
နိုင်ငံတကာက ထောက်ပံ့ငွေကြေး ရယူထားမှုနဲ့ ခေါ်ယူတွေ့ဆုံသလားလို့ မေးမြန်းရာ မှာတော့ အထောက်အပံ့ကင်းရှင်းပြီး ကိုယ့်အားကိုယ်ကိုးသလို အထောက်အပံ့ မယူဘူးလို့ ဆိုပါတယ်။ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ခေါ်ယူတွေဆုံတာလားလို့ မေးမြန်းရာ မှာတော့ မပြောနိုင်တဲ့အကြောင်း ပြောပါတယ်။
သံတော်ဆင့် သတင်းစာက တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းကတော့ ဂျာနယ်ဟာ သာသ နာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်နဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်တဲ့ အကြောင်း ငြင်းဆိုပါတယ်။
အထူးသတင်းတပ်ဖွဲ့က မြန်မာသံတော်ဆင့်ဂျာနယ်ကို တွေ့ဆုံဖို့ ဇူလိုင် ၂၂ ရက်နေ့မှာ ဖိတ်ကြား ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ အထူးသတင်းတပ်ဖွဲ့က မြန်မာသံတော်ဆင့်ဂျာနယ်ကို လပိုင်းအတွင်း ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံတာလည်း ဖြစ်ပါတယ်။
REF; ဒီဗွီဘီ