၃၁ ဇူလိုင် ၂၀၁၄ - ၁၀:၀၄
အီဘိုလာရောဂါကို ထိန်းချုပ်ရန် ခက်ခဲဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ပြော

နိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဦးဆောင်ကုသပေးနေတဲ့ ထိပ်တန်းဆရာဝန်တဦး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ လိုင်ဘေးရီးယားနိုင်ငံမှာ ကျောင်းတွေအားလုံးကို ပိတ်ထားလိုက်ပြီး ၀န်ထမ်းတွေကိုလည်း မယူမနေရ ခွင့် ၁ လ ပေးလိုက်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာတော့ နယ်စပ်ဂိတ်တွေအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ရောဂါပညာပေးအစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

အီဘိုလာရောဂါကို ထိန်းချုပ်ရန် ခက်ခဲဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ပြော

နယ်စည်းမထားဆရာဝန်များအသင်းက အာဖရိကအနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ (Ebola) ရောဂါဟာ သာမန်ကူးစက်ရောဂါမျိုး မဟုတ်ဘဲ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ရောဂါ ဖြစ်လာပြီလို့ ပြောဆိုပါတယ်။

ကမ္ဘာတ၀န်းနိုင်ငံတွေက ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေ တရေးတယူ လုပ်ဆောင်လာကြချိန်မှာပဲ အခုလို နယ်စည်းမထားဆရာဝန်များအသင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကုသနိုင်တဲ့ဆေး မရှိသေးတာရယ်၊ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ဖြစ်ပွားမယ်ဆိုတာကို အတိအကျ မသိနိုင်တာရယ်ကြောင့် ဒီအတိုင်းသာ အခြေအနေတိုးတက်မှု မရှိဘူးဆိုရင် တခြားနိုင်ငံတွေကို ဆက်လက်ပြန့်ပွားဖို့ ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအသင်းရဲ့ ဒါရိုက်တာတဦးက ပြောဆိုပါတယ်။

ဒီနှစ်အတွင်း ရောဂါကြောင့် သေဆုံးသူ ၆၇၀ ကျော်သွားပြီ ဖြစ်ပြီး ရောဂါ စတင်တွေ့ရှိခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေကစလို့ သေဆုံးမှု အများဆုံးနှစ်လည်း ဖြစ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ကြီးက ကမ္ဘာ့ကျန်းမာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကမာ့္ဘနိုင်ငံတွေကို ရောဂါမပြန့်အောင် ကာကွယ်ထိန်းချုပ်ရေး ဆွေးနွေးခဲ့ပါတယ်။

နိုင်ဂျီးရီးယားလေကြောင်းလိုင်းတခုဖြစ်တဲ့ လေကြောင်းလိုင်းကတော့ လိုင်ဘေးရီးယားနဲ့ မြို့တော်တွေကို ပျံသန်းမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။

အီးယူကလည်း ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ နောက်ထပ် ၂.၇ သန်း ထုတ်ပေးခဲ့တာကြောင့် စုစုပေါင်း ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅.၂ သန်းရှိသွားပြီလည်းဖြစ်ပါတယ်။

နိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဦးဆောင်ကုသပေးနေတဲ့ ထိပ်တန်းဆရာဝန်တဦး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ ကျောင်းတွေအားလုံးကို ပိတ်ထားလိုက်ပြီး ၀န်ထမ်းတွေကိုလည်း မယူမနေရ ခွင့် ၁ လ ပေးလိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာတော့ နယ်စပ်ဂိတ်တွေအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ရောဂါပညာပေးအစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။

REF; ဒီဗွီဘီ