၂ ဩဂုတ် ၂၀၁၄ - ၁၄:၀၈
ယူကရိန်းတွင် MH 17 ပျက်ကျသည့်နေရာတွင် နိုင်ငံကာ စုံစမ်းရေးအဖွဲ့ စုံစမ်းမှုများ စတင်

အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတောအတွင်းမှာပဲ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ညသန်းခေါင် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့ လေယာဉ်ပျက်နေရာကို သွားရောက်နိုင်ရေး စိတ်ချရတဲ့လမ်းကြောင်းဖွင့်ပေးဖို့ကိုလည်း မကြာခင်က ယူကရိန်း၊ ရုရှား၊ ခွဲထွက် ရေးတွေနဲ့ ဥရောပစောင့်ကြည့်ရေးအဖွဲ့တို့က သဘောတူထားကြပြီလည်းဖြစ်ပါတယ်။ လေယာဉ်ပစ်ချ ခံရမှုမှာ လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးလုံးသေဆုံးခဲ့ကြပါတယ်။ သေဆုံးသူအလောင်းအများစုကို ပြန်လည်သယ်ဆောင်သွားခဲ့ကြပေမယ့် အလောင်း ၈၀ လောက်ကျန် သေးတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

ယူကရိန်းတွင် MH 17 ပျက်ကျသည့်နေရာတွင် နိုင်ငံကာ စုံစမ်းရေးအဖွဲ့ စုံစမ်းမှုများ စတင်

ယူကရိန်းအရှေ့ပိုင်းမှာ မှားယွင်းပစ်ချခံခဲ့တဲ့ မလေးရှားလေယာဉ်ပျက်နေရာမှာ နိုင်ငံတကာစုံစမ်းရေး ကျွမ်းကျင်သူတွေအဖွဲ့ လေ့လာစုံစမ်းမှုတွေကို သောကြာနေ့က စတင်လုပ်ကိုင်ခဲ့ကြပါတယ်။

လေယာဉ်ပစ်ချခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှုတွေကို အရေအတွက်အများဆုံးနဲ့ ပထမဆုံးလုပ်ခွင့်ရခဲ့တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့လည်းဖြစ်ပါတယ်။ အဖွဲ့ဝင် ၇၀ ပါဝင်ပြီး လေယာဉ်ပျက်ကျမှုမှာ အများဆုံး သေဆုံးခဲ့တဲ့ နယ်သာလန်နိုင်ငံ နဲ့ သြစတြေးလျနိုင်ငံက အများဆုံးပါဝင်ကြပါတယ်။

အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတောအတွင်းမှာပဲ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ညသန်းခေါင် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့ လေယာဉ်ပျက်နေရာကို သွားရောက်နိုင်ရေး စိတ်ချရတဲ့လမ်းကြောင်းဖွင့်ပေးဖို့ကိုလည်း မကြာခင်က ယူကရိန်း၊ ရုရှား၊ ခွဲထွက် ရေးတွေနဲ့ ဥရောပစောင့်ကြည့်ရေးအဖွဲ့တို့က သဘောတူထားကြပြီလည်းဖြစ်ပါတယ်။ လေယာဉ်ပစ်ချ ခံရမှုမှာ လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးလုံးသေဆုံးခဲ့ကြပါတယ်။

သေဆုံးသူအလောင်းအများစုကို ပြန်လည်သယ်ဆောင်သွားခဲ့ကြပေမယ့် အလောင်း ၈၀ လောက်ကျန် သေးတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံကတော့ ယူကရိန်းခွဲထွက်ရေးတွေ ရုရှားလုပ်လေယာဉ်ပစ်ဒုံးကျည်နဲ့ မှားယွင်းပစ်ချခဲ့ တာဖြစ်နိုင်တယ်လို့ စွပ်စွဲထားတာလည်းဖြစ်ပါတယ်။

REF; ဒီဗွီဘီ