၂၀ ဩဂုတ် ၂၀၁၄ - ၁၀:၅၁
ကျောက်ပန်းတောင်း စည်ပင်သာယာဈေးကြီးတွင် ဓါတုဆိုးဆေးသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာဈေးကြီးတွင် စားသုံးသူများအန္တရာယ်ကင်းရှင်းစေရေးအတွက်၊ အသား၊ ငါး၊ သီးနှံများနှင့် လက်ဖက်၊ ငါးပိ အစရှိသော စားသောက်ကုန်များတွင် ဓါတုဆိုးဆေးများ သုံးစွဲရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေးမှုများကို သြဂုတ်လ(၁၉) ရက်နေ့၊ မွန်းလွဲ(၁း၃၀) နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ကျောက်ပန်းတောင်း၊ သြဂုတ်-၁၉
...
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာဈေးကြီးတွင် စားသုံးသူများအန္တရာယ်ကင်းရှင်းစေရေးအတွက်၊ အသား၊ ငါး၊ သီးနှံများနှင့် လက်ဖက်၊ ငါးပိ အစရှိသော စားသောက်ကုန်များတွင် ဓါတုဆိုးဆေးများ သုံးစွဲရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေးမှုများကို သြဂုတ်လ(၁၉) ရက်နေ့၊ မွန်းလွဲ(၁း၃၀) နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုများကို မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဌ ဦးကိုကြီး၊ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စည်/ပင် အမှူဆောင်အရာရှိ ဦးအောင်ကျော်ဟိန်း၊ ကော်မတီဝင်ဦးဖြိုးတင့်ခိုင်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ဝင်းနှင့် မြို့နယ်ကျန်းမာရေးဦစီးဌာနမှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။