၂၀ ဩဂုတ် ၂၀၁၄ - ၁၂:၀၂
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဗြိတိန်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Andrew Patrick ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊ အဗ်နာ

==========================

နေပြည်တော် သြဂုတ် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Andrew Patrick ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်၊  ဦးတင်ဦးလွင်၊ ဒေါက်တာစန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ တိုးတက် လာစေရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှုနှင့် ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက် သွားနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။