၂၂ ဩဂုတ် ၂၀၁၄ - ၂၂:၁၅
ရွီအာ ဆိုတာ .... (4)

အေမာမ်ဘာကေရ် (အ.စ) မိန့်တော်မူလေ၏။ အို အဗူလ်မစ်က်ဒါမ်၊ ဧကန်မုချ အလီ(အ.စ) ၏ ရှီအာများ၏ မျက်နှာ သည် အ၀ါရောင်သန်းနေ လေ၏။ ကိုယ်ခန္ဓာသည် အားနည်းပြီး နှုတ်ခမ်းများ သည်ခြောက်သွေ့နေလေ၏။ ရိုဇာ၊ဥပုဒ်သီလ ဆောက်တည်ခြင်းများကြောင့် ၎င်းတို့ ၏ နှုတ်ခမ်းများသည် ခြောက်သွေ့နေပြီး ၊ ဗိုက်သည် ပိန်နေလေ၏။ အရောင်မှာ အ၀ါရောင် အသားဖြစ်နေပြီး မျက်နှာတွင် (မြတ်အလ္လာဟ်) အား ကြောက် စိတ်ပေါ်နေလေ၏။ ညအချိန်ရောက်လျှင် မြေပထ၀ီအား မိမိ အတွက် အခင်းအဖြစ်သုံးလေ၏။ မိမိ၏ နဖူးပြင်အား မျက်ရည်များ နှင့်စိုစွတ် နေသည့် မျက်လုံး နှစ်ခုနှင့် မျက်ရည်ပေါင်း များစွာ(ခ) အလွန်တရာ ငိုကြွေး မှုဖြင့် စဂ်ျဒါ ပြုလေ၏။ ၎င်း၏ နမာဇ်ဝတ်ပြုမှု နှင့် ဒိုအာတောင်းဆိုမှုအမြောက် အများဖြစ်လေ သည်။ မြတ်အလ္လာဟ်၏ ကျမ်းတော်မြတ် ကုရ်အာန်အား အလွန်တရာ ဖတ်ရွတ် လေ သည်။ လူအများဒုစရိုက်များဖြင့် ပျော်ရွှင်မြူးထနေချိန် ၎င်းတို့ သည် ၀မ်းနည်း ကြေကွဲနေလေ၏။

ညလုံးပေါက်နိုးထခြင်း

ဟဒီးစ်တော် (၁၆)
قال الباقر ع  : يَا أَبَا الْمِقْدَامِ إِنَّمَا شِيعَةُ عَلِيٍ‏ ع الشَّاحِبُونَ النَّاحِلُونَ الذَّابِلُونَ ذَابِلَةٌ شِفَاهُهُمْ خَمِيصَةٌ بُطُونُهُمْ مُتَغَيِّرَةٌ أَلْوَانُهُمْ مُصْفَرَّةٌ وُجُوهُهُمْ إِذَا جَنَّهُمُ اللَّيْلُ اتَّخَذُوا الْأَرْضَ فِرَاشاً وَ اسْتَقْبَلُوا الْأَرْضَ بِجِبَاهِهِمْ كَثِيرٌ سُجُودُهُمْ كَثِيرَةٌ دُمُوعُهُمْ كَثِيرٌ دُعَاؤُهُمْ كَثِيرٌ بُكَاؤُهُمْ يَفْرَحُ النَّاسُ وَ هُمْ يَحْزَنُونَ.
بحارالنوار جلد 65 منقول از خصال صدوق ره
စကားပြေအဓိပ္ပာယ်
အေမာမ်ဘာကေရ် (အ.စ) မိန့်တော်မူလေ၏။
    အို အဗူလ်မစ်က်ဒါမ်၊ ဧကန်မုချ အလီ(အ.စ) ၏ ရှီအာများ၏ မျက်နှာ သည် အ၀ါရောင်သန်းနေ လေ၏။ ကိုယ်ခန္ဓာသည် အားနည်းပြီး  နှုတ်ခမ်းများ သည်ခြောက်သွေ့နေလေ၏။ ရိုဇာ၊ဥပုဒ်သီလ ဆောက်တည်ခြင်းများကြောင့် ၎င်းတို့ ၏ နှုတ်ခမ်းများသည် ခြောက်သွေ့နေပြီး ၊ ဗိုက်သည် ပိန်နေလေ၏။   အရောင်မှာ အ၀ါရောင် အသားဖြစ်နေပြီး  မျက်နှာတွင် (မြတ်အလ္လာဟ်) အား ကြောက် စိတ်ပေါ်နေလေ၏။ ညအချိန်ရောက်လျှင် မြေပထ၀ီအား မိမိ အတွက် အခင်းအဖြစ်သုံးလေ၏။ မိမိ၏ နဖူးပြင်အား မျက်ရည်များ နှင့်စိုစွတ် နေသည့် မျက်လုံး နှစ်ခုနှင့် မျက်ရည်ပေါင်း များစွာ(ခ) အလွန်တရာ ငိုကြွေး မှုဖြင့် စဂ်ျဒါ ပြုလေ၏။
    ၎င်း၏ နမာဇ်ဝတ်ပြုမှု နှင့် ဒိုအာတောင်းဆိုမှုအမြောက် အများဖြစ်လေ သည်။ မြတ်အလ္လာဟ်၏ ကျမ်းတော်မြတ် ကုရ်အာန်အား အလွန်တရာ ဖတ်ရွတ် လေ သည်။ လူအများဒုစရိုက်များဖြင့် ပျော်ရွှင်မြူးထနေချိန် ၎င်းတို့ သည် ၀မ်းနည်း ကြေကွဲနေလေ၏။
ညွှန်း- ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်း အတွဲ (၆၅) ခေဆွာလေ ဆဒူဟ်(ရဟ)မှ
သင်ခန်းစာများ
(၁) ဟဒီးစ်၏ ဆိုလိုချက်မှာ အလွန်နက်ရှိုင်းလေ၏။ မိမိနားမလည် မရှင်းသည့် အချက်အလက်များကို ဟဒီးစ်ပါရဂူများ၊ အိုလမာ အစစ်အမှန် နှင့်အာလင်မ် အစစ်အမှန်တို့ထံတိုက်ရိုက် (သို့) တဆင့် ခံ ဖြင့် မေးမြန်းပညာယူသင့်လေသည်။
(၂) ဟဒီးစ်တော်မှ တညလုံး မြတ်အလ္လာဟ်၏ အေဗာဒဟ်ပြုဖို့ ဆိုထား လေသည်။ ကျွန်တော်တို့တတွေ ဟာ မိမိကိုယ်မိမိ ရှီအာလို လည်း ခံယူထား သည်။ ပြီး နောက် ညလုံးပေါက် တညလုံးအေဗာဒသ် ပြု မပြု ကို မဆိုနှင့် ရမ်ဇန်လမြတ် ည (၁၉)၊(၂၁)(၂၃) ရက်ညများ၊ မဟော် ရမ်လမြတ် ၉ရက် ည စသည်ဖြင့် အတွက်ပင် အားထုတ် ခြင်းမရှိ ကြချေ။
(၃) ကျွန်တော်တို့ တတွေ နမာဇ်ဝတ်ပြုမှု၊ ဒိုအာတောင်းဆိုမှု၊ ကျမ်းမြတ် ကုရ်အာန် ဖတ်ရွတ်မှုများတွင် မိမိတို့ကိုယ်တိုင် သိကြ ပေသည်။ အခြား သူ တပါးအား မေးမြန်းရန် မလိုအပ် ချေ။
    ဤ နေရာ၌ ကျမ်းတော်မြတ်ကုရ်အာန်အား ဖတ်ရွတ်သရဇ္ဈာယ်၍ မည်မျှ အရေးကြီး အလေးပါသည်ကို သိနိုင်ရန် ဗဟုသုတ သတင်းမှန်တစ်ခုအဖြစ် တင်ပြလိုပါသည်။
    ယခုလက်ရှိ အီရန်နိုင်ငံ ကွမ်းမြို့ ရှိ နိုင်ငံခြားကျောင်းသား အများ ဆုံး တက်ရောက် ပညာသင်ယူဆည်းပူး နေသည့် အေမာမ်ခိုမေနီ(ရ.ဟ) တက္ကသိုလ်၏ လက်ရှိ ကျောင်းအုပ်ကြီး ဆရာတော် ဟွဂ်ျဂျသွလ် အစ္စလာမ် ၀လ်မွတ်စလေမီ ဆရက်ဒ်စဂျာဒ် ဟာရှေမီးရန်း(န)အနေဖြင့် မိမိကျောင်း၏ ကျောင်းသားတိုင်းသည် တစ်နေ့မိနစ်၂၀ခန့် ကျမ်းမြတ် ကုရ်အာန်ဖတ်ရွတ် ရန် မပြုမနေ အမိန့်အဖြစ်ထုတ်ပြန်ခဲ့ပြီး၊ မလိုက်နာသော ကျောင်းသားများ အတွက် ကောလိပ်၏ ရေ၊မီးအခန်းစသည်ဖြင့် အသုံးပြုခြင်းသည် ဟရမ် ဟု ကြေငြာထားလေ၏။
________________________________________

အကျင့်စရိုက်၌မြတ်နဘီ(ဆွ)၏နောက်လိုက်ခြင်း

ဟဒီးစ်တော် (၁၇)
قال رسول الله ص : إِنَ‏ شِيعَتَنَا مَنْ‏ شَيَّعَنَا، وَ اتَّبَعَ آثَارَنَا، وَ اقْتَدَى بِأَعْمَالِنَا.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
မဟာ တမန်တော်မြတ် ကြီးဟဇရတ် (သ) မိုဟမ္မဒ်(ဆွ) မိန့်တော် မူလေ ၏။
    ဧကန်မလွဲ ကျွန်ုပ်၏ ရှီအာ (နောက်လိုက်၊နောက်ပါ) ဆိုသည်မှာ ကျွန်ုပ်၏ အမိန့်ကို ဖ၀ါးခြေထပ် မကွာလိုက်နာ ကျင့်သုံးလေ၏။ ကျွန်ုပ်တို့၏ ခြေ လှမ်းများ အတိုင်းလှမ်း၍ ကျွန်ုပ်တို့၏ အကျင့်စရိုက်အတိုင်း မိမိ အကျင့် စရိုက် ကို ပြုလေသည်။
ညွှန်း - မီးဇန်နိုဟ်လောက်မဟ်ကျမ်းအတွဲ ၆
သင်ခန်းစာများ
(၁)    ဤ အတွက်ကြောင့်လည်း ကမ္ဘာအကျော်အမော် တူနီးရှား နိုင်ငံ သား ရှီအာ အာလင်မ် (ယခင် စွန်နီ အာလင်မ်) ဒေါက်တာသေ ဂျာနီ စမာဝီ မှ ရှီအာသာလျှင် စစ်မှန်သော စွန်နီအစစ် ဖြစ်သည် ဆိုသည့် ကျမ်း အား ပြုစု ရေးသားသီကုံးခဲ့ခြင်းဖြစ်လေသည်။
 
(၂)    မိမိတို့ကိုယ် မိမိ ငါတို့ ဟာ တမန်တော်မြတ်ကြီး(ဆွ) ၏ စွန္နတ် တော် များ၊ ကျင့်သုံးသူ နောက်လိုက်စွန်နီများ ဟု ကြွေးကျော်နေခံယူ ထားပြီး ရှီအာများကို ပုတ်ခတ် နေသူ စော်ကား နေသူများ အထူး သတိ ပြုပြုပြင် သင့်ပေသည်။

(၃) ကိုယ်တော်မြတ် (ဆွ) သည် အထက်ပါ ဟဒီးစ်မွန်၌ ရှီအာများ ဆိုသည့် စကားလုံးကို သုံးပြီး မိန့်တော် မူထား လေသည်။ အခြား စကားလုံးကို မမိန့်ထားတော်မူချေ။

    ရှီအာဆိုသည့် စကားကိုကြားတိုင်း မြင်တိုင်းနေမရ ထိုင်မရ ကိုယ်လက် မအီမသာ ဖြစ်တတ်သည့် ရှိုင်တွာန် စိတ်ဓါတ် ပိုင်ရှင် မော်လ၀ီများ ၎င်းတို့ ၏ နောက်လိုက် နောက်ပါများ အထူးသတိပြု စဉ်းစားသင့် ပေသည်။
    ဤနေရာ ၌ကိုယ်တော်မြတ် (ဆွ)  ပြောသည့် ရှီအာနှင့် ယနေ့ရှီအာ မတူ ဟု စောဒကတက်မည်ဆိုလျှင် ယနေ့ စွန်နီနှင့် မွတ်စလင်မ်ကကော် ၎င်းတို့ အာလင်မ်များ ရေးသားထားသည့် ကျမ်းလာ စွန်နီ နှင့် မွတ်စလင်ဖြစ် ပါသလား? ဟုပြန်လည်မေးခွန်းထုတ်နိုင်ပါသည်။ကျွန်တော် အနေဖြင့် အခြား ဖေရ်ကာများကို ပုတ်ခတ် စော်ကားနေခြင်း မဟုတ် ပါ။ နှမ်းစေ့မျှ  ရှိ သည့် သူတစ်ပါးအားနည်းချက် အပြစ်ကို မြင်တတ်ကြပြီး၊ မြင့်မိုရ် လောက်ကြီးသည် မိမိတို့၏ ဖေရ်ကာသူ၊ ဖေရ်ကာသားများနှင့် မိမိတို့ ကိုယ်တိုင်၏ အားနည်း ချက် အပြစ်အနာအဆာများကို မမြင်တတ်ကြ ကုန်သည့် အချို့  အစွန်းရောက် သူယုတ်မာများ၊ အကျင့်ဆိုးများကို အကျဉ်းချုပ် ဖော်ပြရေးသားလိုက် ရခြင်း ဖြစ်ပါသည်။ ရှီအာအား မမုန်းသူ၊ လက်ခံသူ စွန်နီ ညီနောင်များကို အထူးတောင်းပန်ပါသည်။ နားလည်ပေး မည်ဟု လည်း မျှော်လင့်ယုံကြည် မိပါသည်။
________________________________________
အမည်မဖော်လိုသူများ

ဟဒီးစ်တော် (၁၈)
قال علی ع : شِيعَتِي‏ وَ اللَّهِ الْحُلَمَاءُ الْعُلَمَاءُ بِاللَّهِ وَ بِدِينِهِ الْعَامِلُونَ بِطَاعَتِهِ وَ أَمْرِهِ الْمُهْتَدُونَ لِحُبِّهِ وَ أَنْصَارُ عِبَادِهِ جُلَّاسُ زُهَّادِهِ صُفْرُ الْوُجُوهِ مِنَ التَّهَجُّدِ عُمْشُ الْعُيُونِ مِنَ الْبُكَاءِ ذُبُلُ الشِّفَاهِ مِنَ الذِّكْرِ خُمْصُ الْبُطُونِ مِنَ الطَّوَى تُعْرَفُ الرَّبَّانِيَّةُ فِي وُجُوهِهِمْ وَ الرَّهْبَانِيَّةُ فِي سَمْتِهِمْ مَصَابِيحُ كُلِّ ظُلْمَةٍ وَ رَيَاحِينُ كُلِّ قَبِيلَةٍ لَا يَشْنَئُونَ مِنَ الْمُسْلِمِينَ سَلَفاً وَ لَا يَقِفُونَ لَهُمْ خَلَفاً سُرُورُهُمْ مَكْنُونَةٌ وَ قُلُوبُهُمْ مَحْزُونَةٌ وَ أَنْفُسُهُمْ عَفِيفَةٌ وَ حَوَائِجُهُمْ خَفِيفَةٌ وَ أَنْفُسُهُمْ مِنْهُمْ فِي عَنَاءٍ وَ النَّاسُ مِنْهُمْ فِي رَاحَةٍ فَهُمُ الْكَاسَةُ الْأَوْلِيَاءُ وَ الْخَالِصَةُ النُّجَبَاءُ وَ هُمُ الرَّاغِبُونَ الرَّوَّاعُونَ قَرَاراً بِدِينِهِمْ إِنْ شَهِدُوا لَمْ يُعْرَفُوا وَ إِنْ غَابُوا لَمْ يُفْتَقَدُوا أُولَئِكَ مِنْ شِيعَتِيَ‏ الْأَطْيَبُونَ وَ إِخْوَانِيَ الْأَكْرَمُونَ الْأَتْقِيَاءُ أَلَا هَاهْ شَوْقاً إِلَيْهِمْ.
امالی طوسی ره حدیث 1189
စကားပြေအဓိပ္ပာယ်
ဟဇရတ်(သ) အေမာမ်အလီ(အ.စ) မိန့်တော်မူလေ၏။
    အလ္လာဟ်ဟို အရှင်မြတ်၏ကစမ်၊ ကျွန်ုပ်၏ ရှီအာသည် မြတ် အလ္လာဟ် နှင့် ၎င်း ၏ သာသနာနှင့် ပတ်သက်သည့် ပညာရှင် အာလင်မ်ဖြစ် ပေ သည်။ မြတ်အလ္လာဟ် ၏ အမိန့်ကိုနာခံပြီး ၎င်း၏ ဥပဒေများ အပေါ် လက် တွေ့ လိုက် နာကျင့်သုံးလေသည်။ မြတ်အလ္လာဟ်၏ အချစ်၊မေတ္တာကြောင့် တရား လမ်းမှန်ရပြီး သူများဖြစ်ပါသည်။ အေဗာဒသ်တွင် ကြိုးပမ်းပြီး လောက မမက် မော မှုနှင့်  ပျော်မွေ့ နေလေ သည်။ သဟ်ဂျွဒ် ကြောင့် ၎င်း၏ မျက်နှာသည် အ၀ါ ရောင်သန်း နေလေသည်။ (ရှရီအီ) ငိုကြွေးတမ်းတမှုကြောင့် ၎င်း၏ မျက်စိ များ ၏ အလင်းမြင်ရမှု နည်းသွားလေ၏။ မျက်လုံးများ မှ မျက်ရည်ကျနေ သည်။ မြတ်အလ္လာဟ်အား အလွန်တရာ တမ်းတမှုကြောင့် ၎င်း၏ နှုတ်ခမ်းခြောက် သွေ့နေသည်။ ဆာလောင်မွတ်သိပ်မှုကြောင့် ၀မ်းဗိုက်နှင့် ခါး တထပ် တည်း ဖြစ်နေလေ၏။ ဘာသာ တရားကိုင်းရှိုင်းမှု ၎င်း ၏ မျက်နှာ တွင် တွေ့ရလေ သည်။ ဖြူစင် သန့်စင်မှု၊ သန့်ရှင်းမှုနှင့် ရှင်မြတ် အား ကြောက် ရွံ့  ရိုသေ မှုတို့ အား ၎င်း၏ မျက်နှာ ကိုကြည့်  ၍ သိနိုင်လေသည်။ အမှောင် ထုတိုင်း (မကောင်း မှုတိုင်း) အတွက် အလင်းပြဆီမီးခွက်ဖြစ်ပါ သည်။ ...  အ  ကယ် ၍ (ရှရီအီ) ပျော်ပွဲ တစ်ခုခုတွင် ၎င်းရှိမည်ဆိုလျှင်လည်း မည်သူ မျှ ၎င်းကို မှတ်မိမည် မဟုတ်ပေ။ အကယ်၍ မရှိခဲ့လျှင်လည်း မည်သူမျှ ၎င်း၏ မရှိကြောင်း မသိရှိကြပေ။ဤသည် ကျွန်ုပ်၏ သန့်စင် စင်ကြယ် သန့်ပြန့် သန့်ရှင်း သည့် ရှီအာပင် တည်း။ ကျွန်ုပ်မြတ်နိုး ချစ်ခင်ရ သည့်ညီနောင် တော်ပင် တည်း။ အို ကျွန်ုပ် သည်၎င်းအား မည်မျှ မည်သည့်အတိုင်း အတာ အထိလိုအပ်ပေ သနည်း။
ညွှန်း အမာလီသူစီ(ရဟ)ကျမ်း ဟဒီးစ်တော်အမှတ် ၁၁၈၉
သင်ခန်းစာများ
(၁) မာရှာအလ္လာဟ့် ဟဒီးစ်တော် မှ အကျယ်တ၀င့်နီးပါးရှင်းပြထားပြီး ဖြစ်လေသည်။

(၂) မောင်လာအလီ (အ.စ) အနေဖြင့် မိမိ၏ ရှီအာသည် မြတ်အလ္လာဟ် နှင့် ပတ်သက်၍ သော်  လည်းကောင်း၊ ဒီးန် အစ္စလာမ့် ( မြတ် အလ္လာဟ် ၏ သာသနာတော်) နှင့် ပတ်သက်ပြီး  တသွင် အာလင်မ် ပညာရှင် ဖြစ် ကြောင်း ကစမ်စားထားလေသည်။ ဤအတွက် ရှီအာ အစစ်ရှီအာ အမှန်စာရင်းဝင်ရန်အာလင်မ် အဆင့် ရောက်ရန်ကြိုး ပမ်းသင့်ပေသည်။ ဤအတွက် ကြောင့်ဟုယူဆ ရပေသည်။ မဟာ တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ကိုယ်တိုင် အာလင်မ်ဖြစ် ရန် (သို့) ဆည်းပူးနေသူ (သို့) အာလင်မ်ကို မြတ်နိုးသူဖြစ်ရန် မိန့်တော် မူထားသည့် အဓိပ္ပာယ်ကို ဆောင်နေသည့် ဟဒီးစ် တော် အား လေ့လာနိုင်ပေ သည်။

(၃) ကျွန်ုပ်တို့သည် ရှီအာစစ်ရှီအာမှန်အဖြစ်သို့ မြတ်အလ္လာဟ် ၏ အလ္လာဟ် အမြင်တွင်ဖြစ်နိုင်ရန်လို အပ်သည့် အရည် အသွေး များ အရည် အချင်း များကို မအ်စူမီး၏ သြ၀ါဒတော် များနှင့်အညီကြိုးပမ်း  ပုံဖော်ရပေမည်။ မလုပ်မနေရ သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။

 (၄) ရှီအာ စစ်ရှီအာမှန်ဖြစ်ရင် ဈေးထဲသွား၍ ဟင်းရွက်၊ကဇွန်းရွက် ၀ယ်ရ သလောက်လွယ်သည်ဟု ထင်နေသူသူများသတိ ထားသင့် ပေသည်။ထင်လိုလည်း နမာဇ်၊ရိုဇာ၊ခွမ်းဗ်စသည်တို့ကို မထီ မျက် မြင် ပြုခြင်း အထင်သေးခြင်း၊ဂရုမပြုခြင်းတို့ကို ပြုနေကြ လေ ၏။
________________________________________
ကျက်သရေမင်္ဂလာ၏အကြောင်းတရားပင် တည်း

ဟဒီးစ်တော်(၁၉)
قال علی ع : شِيعتنا الْمُتَبَاذِلُونَ فِي‏ وَلَايَتِنَا الْمُتَحَابُّونَ فِي مَوَدَّتِنَا الْمُتَزَاوِرُونَ لِإِحْيَاءِ أَمْرِنَا إِنْ غَضِبُوا لَمْ يَظْلِمُوا وَ إِنْ رَضُوا لَمْ يُسْرِفُوا بَرَكَةٌ لِمَنْ جَاوَرُوا وَ سِلْمٌ لِمَنْ خَالَطُوا.
الکافی جلد 2
စကားပြေအဓိပ္ပာယ်
    မောင်လာ အေကာ အေနာသ်ဟဇရတ်(သ) အလီ(အ.စ) မိန့်တော်မူ လေ ၏။
    ကျွန်ုပ်တို့ ၏ ဝေလာယသ် လမ်းစဉ်အတွက် ကျွန်ုပ်တို့၏ ရှီအာသည် တစ် ဦး နှင့်တစ်ဦး ခွင့်လွတ် ပလပ်ခြင်းနှင့်ရက်ရောမှုဖြင့် ဆက်ဆံကြ လေ ၏။ ကျွန်ုပ်တို့၏ အချစ်မေတ္တာကြောင့် အချင်းချင်း အချစ်မေတ္တာ ထားကြ လေ သည်။ ကျွန်ုပ် တို့ ၏ အမိန့်တော်များကို ရှင်သန်ရန်အလို့ငှာ တစ်ဦးနှင့် တစ်ဦး တွေ့ ဆုံကြလေသည်။ ဤသူများ သည်အမျက် ဒေါသထွက် နေချိန် ၌ လည်း မတရား၊ ညှဉ်းပန်း၊ နှိပ်စက်မှုကို မပြုကြပေ။ ပျော်ရွှင်ချိန်လည်း (ရှရီအီ) စည်း ကို မကျော်၊ မဖောက်ကြချေ။ မိမိတို့၏ အိမ်နီးချင်းများ အတွက် မင်္ဂလာ တရားကို ဖြစ်စေပါသည်။ ပြီးနောက် မိမိတို့၏ မိတ်ဆွေ အပေါင်း အသင်း များနှင့် ငြိမ်းချမ်း အေးဆေး  ငြိမ်ဝပ် စွာ နေကြလေသည်။
ညွှန်း-အလ်ကာဖီ ကျမ်းအတွဲ ၂
သင်ခန်းစာများ
(၁) ရှီအာစစ်၊ ရှီအာမှန်ဆိုလျှင် တစ်ဦးနှင့်တစ်ဦးခွင့် လွတ် ပလပ်ပြီး ရက်ရောသည်ဆိုကြောင်း ဟဒီးစ်တော်မှ မီးမောင်း ထိုးပြထား ရာ ရုံးရောက်၊ ဂတ်ရောက်၊ တရားရုံးရောက်ပြီး ပြဿနာကို မကြီးကြီး အောင်လုပ်ရန်၊ ဖြေရှင်းရန်မလိုချေ။ အကယ်၍ ဆုံးမ မရ သည့် အခြေအနေ၊ ညှိမရတော့ သည့်အခြေအနေတွင် မိမိတို့ ၏ သက် ဆိုင် ရာ မရ်ဂျာထံအကျိုးအကြောင်းပြောပြ တင်ပြရန် ရှေ့  ဆက် ဆောင်ရွက် သင့်ပေသည်။ ရက်ရောရာ၌လည်း ကိုယ်လူ သူလူ ဟု ကျောသားရင် သားမကွဲခြား ဘဲ ဆက်ဆံသင့်ပေးသည်။
 
(၂) ကိုယ်တော်မြတ် (ဆွ) နှင့် အဟ်လေ့ဘိုက်(သ) (အ.စ) ကို အ ချစ် မေတ္တာ ထား လျှင် ၎င်းတို့၏ ရှီအာများကိုလည်း အချစ်မေတ္တာထား ဖို့အရေးကြီး ပေ သည်။

(၃) ဟဒီးစ်တော်အရ ရစူလ်နှင့်အာလေရစူလ်၏ အမိန့်တော်များကို ရှင်သန်ရန်အလို့ငှာ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံကြ သည် ဟုဆိုထား သဖြင့် အမိန့်တော်များကို အမှန်တကယ်တင်ပြသည့် မဂျလစ် အစီအစဉ်၊ စာစောင်မဂ္ဂဇင်း၊ စာအုပ်စသည့် ကိစ္စရပ်များ အတွက် နီးလျှင် အနီးကပ်တွေ့ ၍ ဝေးလျှင်လည်း ဖုန်း၊မေးလ် စသည်ဖြင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်သင့်ပေသည်။

(၄) အမျက်  ဒေါသထွက်ချိန်၌ ရှီအာစစ်၊ ရှီအာမှန် သည် မတရား မနှိပ် စက်၊ မညှဉ်းပန်း၊သည်ကို ဟဒီးစ်တော်မှ ထောက်ပြထားရာ မိမိ တို့ အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်သည်နှင့် ဘာသာတူ၊ ဖေရ် ကာတူအချင်းချင်းကို မတရားပုတ်ခတ်စွပ်စွဲပြောဆိုသူများ အထူး သတိပြုသင့်ပေသည်။ဤနေရာ ၌ မတော်တဆ ရှီအာ အချင်းချင်း မပြေ လည်မှု၊ သဘောထား ကွဲလွဲမှု၊ ဖြစ်လာလျှင် တစ်ဖက်တည်း၏ စကားကို နားထောင်ပြီး  အဆုံး အဖြတ်ပေးသူများ သတိကြီး သင့် ပေသည်။
 
(၅)    ပျော်ရွှင်ချိန်၌လည်း တရားတော်မှခွင့်မပြုထားသည့် လုပ်ရပ်များကို မကျူးလွန်ချေ။ မိမိ၏ အိမ်နီးချင်းအတွက် မင်္ဂလာတရားတော် ကိုဖြစ်ထွန်းစေသည့် အတွက် ရှီအာအေမာမ်မီယာဖေရ်ကာရှရီအီ အိမ်နီးချင်းဆိုသည်မှာ မိမိနေအိမ်မှ ပတ်လည်အိမ်ခြေ (၄၀) အထိ အကျုံးဝင်နေလေသည်။ အိမ်နီးချင်းသည် မည်သည့် ဘာသာ ၀င်ပင်ဖြစ်နေပါစေ၊မိမိကြောင့် ပင်ပန်းဆင်းရဲသောကဒုက္ခရောက်မှု ကို မဖြစ်စေဖို့ ရှီအာစစ်ရှီအာမှန်ဖြစ်လိုသူတိုင်း သတိထားရပေမည်။
 
(၆) မိတ်ဆွေ အပေါင်းအသင်းအတွက်ပြဿနာကိုဖြစ်စေသူ၊ အန္တရာယ် ရောက်စေသူ လည်းမဖြစ်ဖို့လိုအပ်ရာ၊ မိမိ၏ မိဘနှစ်ပါး ဇနီး ခင်ပွန်း ညီအစ်ကို မောင်နှမစသည်တို့ အတွက် ဆိုလျှင်ပြောစရာပင် လိုမည် မဟုတ်တော့ချေ။
______________________________________
မကောင်းမှုကိုတားမြစ်သူ၊ကောင်းမှုကိုလမ်းညွှန်သူ

ဟဒီးစ်တော်(၂၀)
الامام الحسن ع :فی جواب  رَجُلٌ قال له  إنی  مِنْ شِيعَتِكُمْ فَقَالَ الْحَسَنُ بْنُ عَلِيٍّ يَا عَبْدَ اللَّهِ إِنْ‏ كُنْتَ‏ لَنَا فِي‏ أَوَامِرِنَا وَ زَوَاجِرِنَا مُطِيعاً فَقَدْ صَدَقْتَ وَ إِنْ كُنْتَ بِخِلَافِ ذَلِكَ فَلَا تَزِدْ فِي ذُنُوبِكَ بِدَعْوَاكَ مَرْتَبَةً شَرِيفَةً لَسْتَ مِنْ أَهْلِهَا لَا تَقُلْ أَنَا مِنْ شِيعَتِكُمْ وَ لَكِنْ قُلْ أَنَا مِنْ مَوَالِيكُمْ وَ مُحِبِّيكُمْ وَ مُعَادِي أَعْدَائِكُمْ وَ أَنْتَ فِي خَيْرٍ وَ إِلَى خَيْر.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
    တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်မှ အေမာမ်ဟစန်(အ.စ) ထံ ကျွန်တော် ဟာ ကိုယ်တော် ၏ ရှီအာဖြစ်ပါ သည်ဟု လျှောက်ထားရာ အေမာမ် (အ.စ) အနေဖြင့်၎င်းအား အဖြေ မိန့်တော်မူလေ၏။
အို မြတ်အလ္လာဟ်၏ အဖန်ဆင်းခံအသင့်အနေဖြင့် ကျွန်ုပ်တို့၏ အဟ်ကာမ်(ခ) ဥပဒေသများကိုလက်တွေ့ကျင့်သုံးသူ ကျွန်ုပ်တို့တားမြစ်ပိတ်ပင်ထား သည့် အရာများ မှ ရှောင်ကြဉ်သူမှန်လျှင်အသင့်ပြောသည့် စကားမှန်ပေ သည်။ အကယ်၍ အသင့်အနေဖြင့် ဤကဲ့သို့မဟုတ်ဘဲ ဆန့်ကျင်ဖက်ဖြစ် နေမည် ဆိုလျှင် ကြီးကျယ်မြင့်မြတ် သည့်(ရာထူး-ရှီအာဖြစ်ကြောင်း) ကို ထွက်ဆို ကြေငြာခြင်းဖြစ် မိမိ၏ အပြစ်ဂိုနာ များတွင်ပိုများ အောင်မလုပ်ပါ လေ နှင့်။ အသင့်အနေဖြင့် ထိုနေရာ ရာထူး (ရှီအာ)နှင့်မထိုက်တန် ပေ။ (ဤ အ တွက် ကြောင့်) ကျွန်တော်သည် ကိုယ်တော်၏ ရှီအာဟုမပြော လေ နှင့်။တစ် နည်း အားဖြင့် ကိုယ်တော် ကိုလိုလားနှစ်သက်မြတ်နိုးသူ ကိုယ် တော် ၏ ရန်သူ များ ၏ ရန်သူပါဟုဆိုပါလေ။ ဤသို့ပြောဆိုခြင်းဖြင့် အသင် သည် ကောင်း မြတ် ကောင်းမွန်သည့် လူကောင်း တစ်ယောက် မည်လေ မည်။ ကောင်းမှု သူစရိုက်  ဖက် အားသန်စိတ်ဝင်စားသူမည်  လေ မည်။
ညွှန်း - မီးဇာန် နိုလ်ဟေက်မအ်ကျမ်းအတွဲ( ၆ )
သင်ခန်းစာများ
(၁) လူတွေ၏ အမြင်၌ရှီအာဖြစ်နေဖို့ထက် အေမာမ်(အ.စ) ၏အမြင်၌ ရှီ အာ ဖြစ်ဖို့အလွန်တရာအရေးကြီးကြောင်းပြောဆိုနေပေ သည်။

(၂) ရှီအာဟုစက္ကန့် အနည်းငယ်ပြောလိုက်ရုံဖြင့် မလုံလောက် သေးပဲ လက်တွေ့ သက်သေပြဖို့လိုအပ်ကြောင်း ထင်ရှားနေလေ သည်။
 
(၃)    ကျွန်တော်တို့လည်း ဤပုဂ္ဂိုလ်ကဲ့သို့ဖြစ်နေပါက မိမိကိုယ် မိမိ ရှီအာဟု ပြောဆိုကြွေးကြော်နေမည့်အစား မိုဟစ်ဗ် ဟုပြောဆို ကြေငြာ သင့် လေသည်။

(၄)    ရှီအာ အကြောင်း အသေအချာ မသိဘဲ ရှီအာဟာကာဖေရ် ပါ။ မိုရှ်ရက် ပါ၊ အစ္စလာမ် အနာကို ဆားသိပ်နေသူတွေပါ။ ရဟူဒီများကို အပြင်ပိုင်း ၌ရန်သူ အဖြစ်ကြေငြာပြီး  အတွင်းပိုင်းနှင့် ပေါင်းနေသူပါ။ ဒီကောင်တွေကို ရှင်းသင့်တယ်။ သာဝက (ရ.သွေ) တွေကို စော်ကားတယ်၊  စသည်ဖြင့် အကြောင်းအမျိုးမျိုးပြီး ရှီအာများ နှင့် ဗိုင်ကောဒ်လုပ်ကြ၊ သတ်ကြသည့် အစ္စလာမ်အတုအယောင် များ အထူးသတိထားသင့်နေပေပြီး၊ဤကဲ့သို့ပြုကျင့်နေသည့်သူများ၏ အ ပြစ်ဂိုနာ သည်မသေးချေ။ ကိုယ့်ခြေကို ပုဆိန်ဖြင့်ပေါက်နေ သည့် လူ့ငနွား တိရစ္ဆာန်များ ပင်တည်း။ ကိုယ်တော်မြတ်(ဆွ) ထက် (မအာဇလ်လ္လာဟ်)  တစ်လကြီး နေသူများ ပင်တည်း။ဤနေရာ၌ မိမိအနေဖြင့် ရှီအာဖေရ်ကာ၌ နေခွင့်ဖြစ်ခွင့်ရနေ လျှက် စည်းစိမ်း တဏှာစသည်ကို မက်ပြီး ဘာသာခြားများနှင့် အိမ်  ထောင် ပြုသူ များ၊ ဖေရ်ကာမတူသူများနှင့် အိမ်ထောင်ပြုသူများ လည်း သတိ  ပြု သင့်ပေသည်။ ဆင်ခြင်သင့်ပေသည်။

        မိမိတို့၏ တဏှာ၊ ရာဂ၊ တပ်မက်မှုကို ဖြူစင်လှသည့် အချစ် ဆိုသည့် အရောင်နှင့် ချယ်နေသူများအတွက်ရင်လေး စရာပင် ရှက်စရာပင်။
________________________________________