သီလသမာဓိ တွင်ကြိုးစားခြင်း
ဟဒီးစ်တော် (၂၄)
قال الصّادق ع : لَيْسَ مِنْ شِيعَتِنَا مَنْ يَكُونُ فِي مِصْرٍ يَكُونُ فِيهِ مِائَةُ أَلْفٍ وَ يَكُونُ فِي الْمِصْرِ أَوْرَعُ مِنْهُ.
بحارانوار جلد 68
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်ကြား တော်မူလေ သည်။
အကြင် မည်သူမဆို ထောင်ပေါင်းများစွာသော လူထုရှိသည့်မြို့ တွင် နေထိုင်ပြီး ထို့ မြို့ သူ /သားများအတွင်း သီလ သမာဓိ အရှိဆုံး ပုဂ္ဂိုလ် မဖြစ်ခဲ့ မည် ဆိုလျှင် ကျွန်ုပ်တို့ ၏ ရှီအာ (များ) မှ မဟုတ်ချေ။
ညွှန်း ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်း အတွဲ ၆၈
သင်ခန်းစာများ
(၁) ကျွန်ုပ်တို့သည် ဟဒီးစ်နှင့်ဆန့်ကျင်ဖက်ဖြစ်နေလေ၏။ သီလသမာဓိ အရှိဆုံးမှာ ရှီအာမဟုတ်ဘဲ ပြဿနာ ဂျကရာအများဆုံးလုပ်သူမှာ ရှီအာဖြစ်နေလေသည်။ ၀မ်းနည်းလေစွ ...
(၂) သီလ သမာဓိ၊သက္က၀ါ တရားသည် ကျမ်းစာအုပ်များ တွင်သာရှိ တော့ပြီး အပြင်တွင် လက်တွေ့ ရှားပါးနေသည့် အဖြစ်သို့ရောက်နေ လေ ပြီး။
________________________________________
ဤသူများအပေါ်လာအ်နသ်ကြရောက်ပါစေ
ဟဒီးစ်တော်(၂၅)
قال الصّادق ع : قَوْمٌ يَزْعُمُونَ أَنِّي إِمَامُهُمْ وَ اللَّهِ مَا أَنَا لَهُمْ بِإِمَامٍ لَعَنَهُمُ اللَّهُ كُلَّمَا سَتَرْتُ سِتْراً هَتَكُوهُ أَقُولُ كَذَا وَ كَذَا فَيَقُولُونَ إِنَّمَا يَعْنِي كَذَا وَ كَذَا إِنَّمَا أَنَا إِمَامُ مَنْ أَطَاعَنِي.
بحارالانوار جلد 2
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
တစ်ချို့ သည် ကျွန်ုပ်ဟာ ၎င်းတို့၏ အေမာမ်(အ.စ) ဟုထင်လေသည်။ အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ်ကျွန်ုပ်သည် ၎င်းတို့၏ အေမာမ်(အ.စ) မဟုတ်ချေ။ မြတ် အလ္လာဟ်ဤသူများအပေါ် လအ်နသ် ချပေး တော်မူပါစေ။ ကျွန်ုပ်သည် အရာတစ်ခုခု ကိုဖုံးကွယ်လျှင်ဤသူများသည် ဖွင့်ဟကြလေ သည်။ကျွန်ုပ်အချို့ စကားပြောသည့်အခါ ဤစကား၏ အဓိပ္ပာယ် ဆိုလိုချက် ကဒီလိုဟု မိမိအထင်ဖြစ် ပြောဆိုတတ်ကြလေသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အမိန့် နာခံသူများ အတွက်သာလျှင် အေမာမ်(အ.စ) ဖြစ်တော်မူပေ သည်။
ညွှန်း - ဘေဟာ(ရ) ရွလ်အန်ဝါရ်ကျမ်း အတွဲ ၂
သင်ခန်းစာများ
(၁) ကျွန်တော်တို့က အေမာမ်(အ.စ)အားမိမိတို့၏ အေမာမ် (အ.စ) ဟုဆိုယုံဖြစ် မလုံလောက်ချေ။အေမာမ်(အ.စ) ကိုင်တိုင်က ကျွန် တော်တို့၏ အေမာမ်(အ.စ) ဖြစ်ကြောင်းကိုယ်တိုင် လက်ခံဖို့ အရေး ကြီးလိုအပ် ပေသည်။
(၂) အေမာမ်များ(အ.စ) ၏ အမိန့်များကို နားမထောင်လက် တွေ့ မ ကျင့် သုံး သေးသမျှ ကာလပတ်လုံး ရှီအာစစ် ၊ ရှီအာမှန်၊ မဖြစ်နိုင်ပေ။
(၃) ဟဒီးစ်တော်များ၏ အဓိပ္ပာယ်ဆိုလိုချက်ကို အသေအချာမသိဘဲ ရမ်းမတုတ်သင့်ပေ။ဘာသာရေးအသေအချာစိတ်ချရသည့်အစိတ်အပိုင်းအထိမသိရှိသေးဘဲ မရေးသင့်မပြောသင့်မဆိုသင့်ချေ။ အရည် အသွေး မီလာ အောင်ကြိုးပမ်းရ မည်ဖြစ်ပါ သည်။ တစ်ခါတစ်လေ ကျွန်တော်တို့ ပတ်ဝန်းကျင် သည် (( ဖွတ်၊ မိကျောင်း ဖြစ်၊ မြစ်မချမ်း သာ )) ကိန်း ဆိုက်ခဲ့၊ဆိုက်နေလေသည်။
၂၅ ဩဂုတ် ၂၀၁၄ - ၂၁:၁၄
News ID: 633506
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်ကြား တော်မူလေ သည်။ အကြင် မည်သူမဆို ထောင်ပေါင်းများစွာသော လူထုရှိသည့်မြို့ တွင် နေထိုင်ပြီး ထို့ မြို့ သူ /သားများအတွင်း သီလ သမာဓိ အရှိဆုံး ပုဂ္ဂိုလ် မဖြစ်ခဲ့ မည် ဆိုလျှင် ကျွန်ုပ်တို့ ၏ ရှီအာ (များ) မှ မဟုတ်ချေ။