တမန်တော်မြတ်(ဆွ)၏ တပည့်သာဝကကြီးများသည် အထူးသီးသန့် ဂုဏ်ပုဒ်ပိုင်ရှင်များ ဖြစ်ခဲ့ကြောင်း သံသယမရှိချေ။ ဝဟီဗျာဒိတ်တော်နှင့် အာယတ် တော်များကို တမန်တော်မြတ်ကြီး၏ မွန်မြတ်သော နှုတ်တော်မှ တိုက်ရိုက်နားဆင် ခဲ့ကြသူများဖြစ်ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)၏ ဘုန်းတန်ခိုးတော်များကို ရှုစားခဲ့သူများဖြစ်ကြပါသည်။ တမန်တော်မြတ်ကြီး (ဆွ)၏ နက်နဲ တန်ဖိုးကြီးမား သော ဩဝါဒတော်များနှင့် တမန်တော်မြတ်ကြီး (ဆွ)၏ အတုယူ ထိုက်သော ကိုယ်ကျင့်တရားများမှ အကျိုးအမြတ်ရယူခဲ့ကြသူများ ဖြစ်ကြ ပေသည်။
သို့ဖြစ်ပါ၍ ၎င်းတို့အကြား၌ အစ္စလာမ်အတွက် ဂုဏ်ရောင်ထွန်းလင်း တောက်ပစေခဲ့သော ထူးချွန်းထက်မြက်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များလည်း ထွန်းကားခဲ့ပေသည်။ သို့သော် အရေးကြီးသော မေးခွန်း တစ်ခုသည်ကား အားလုံးသော သာဝကတော်များသည် ခြားနားမှုမရှိဘဲ၊ အယောက်တိုင်းသည် မိုအ်မင်၊ သူတော်စင်သူတော်ကောင်း၊ သစ္စာရှင်၊ ဖြောင့်မတ်မှန်ကန်သူ၊ တရား မျှတသူများ ဖြစ်ကြပါသလား? သို့မဟုတ်ပါက ၎င်းတို့အကြားတွင် မသူတော်များ လည်း ရှိခဲ့ပါသလား?
၁။ဆန်ကျင့်ဘက် သက်ဝင်ယုံကြည်မှုနှစ်ခု
ဆွာဟာဗာ သာဝကတော်ကြီးများနှင့် ပတ်သက်၍ မတူညီသော ခံယူ၊ ယုံကြည်မှု အုပ်စုနှစ်ခုရှိပါသည်။ ပထမတစ်အုပ်စုမှာ သာဝကတိုင်းသည် ခြားနားမှုမရှိဘဲ ဆွဟာဗာတိုင်းသည် သူတော်စင်၊ သူတော်ကောင်း၊ မှန်ကန်သူ၊ သီလ သမာဓိရှိသူ၊ တရားမျှတသူများဖြစ်ကြပေသည်။ ဒီခံယူမှုကို အထောက် အထားပြုကာ တမန်တော်မြတ်ကြီး(ဆွ)ထံမှ ရီဝါယတ်တော်အား မည်သည့် သာဝကပင်ဖြစ်ပါစေ မှန်ကန်ကြောင်းလက်ခံကြပေသည်။ အနည်းငယ်မျှပင် စောဒကတက်၍ မရချေ။ အကယ်၍ ၎င်းတို့အထဲမှ မမှန်မကန်သော လုပ်ရပ်များကို ပြုလုပ်ကျူးလွန်သွားပါက မလွဲမသွေရှင်းပြဖို့ (မမှားကြောင်း) တာဝန်မှ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်ဟု ခံယူထားပေသည်။ ဤကဲ့သို့သော အကီးသာသည် စွန္နီညီနောင်အများစု၏ ခံယူချက်ဖြစ်ပေသည်။
ဒုတိယ အကီးသာသည်ကား သာဝကြီးများအကြား၌ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ စတေးခံသူ၊ သန့်ရှင်းသန့်ပြန့်ပြီး သီလသမာဓိရှိသူများ ရှိကြပြီး တစ်ဖက်၌လည်း အရေခြုံမိုနာဖေက်၊ မသူတော်များ ရှိကြပေသည်။ ၎င်းတို့အား ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ်ကြီး(ဆွ)တို့ အနေဖြင့် မုန်းတီး စက်ဆုပ်ကြောင်း တွေ့ရပေသည်။
တစ်နည်းဆိုရလျှင် ဤနည်းစနစ်ဖြင့် နေရာတိုင်း၌ လူအများအကြား လူကောင်း၊ လူဆိုးရွေးချယ်သိရှိနိုင်သော စနစ်ဖြစ်ပေသည်။ သာဝကတော်ကြီး များ အတွက်လည်း ဤနည်းကို သုံးစွဲရပေမည်။ အဆုံး၌တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်ကြီးများဖြစ်နေသဖြင့် ၎င်းတို့ လုပ်ရပ်များကို ကောင်းမှုများဖြစ်ကြောင်း သတ်မှတ်ပေရမည်။ သို့သော်ဆိုလိုချက်သည် လုံးဝဧကန် မုချဖြစ်ရပ်မှန်များကို မမြင်ချင်ယောင် ဆောင်ရန်နှင့်တရားမျှတမှု၊ မှန်ကန် ဖြောင့်မတ်မှု နှင့် အမှန်တရားကို ဆန်ကျင့်သူများကို အရေးမယူရန်မဟုတ်ပေ။
အကယ်၍ ဤလုပ်ရပ်အား လစ်လျူရှုမည် ဆိုပါက အစ္စလာမ်နှင့် မွတ်စလင် အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေ ကာမိုနာဖေက်များ အတွက် အစ္စလာမ် အသိုင်းအဝိုင်း အတွင်း ခိုလုံဖို့ဖြစ်သွားပေမည်။
ဤအကီးသာသည် ရှီအာများနှင့် အတွေးအခေါ်ရှိသော စွန်နီညီနောင်များ၏ အကီးသာ ဖြစ်ပေသည်။
၂။ အယူသည်းအစွန်းရောက် တဇွတ်ထိုးသမားများ
အယူသည်း အစွန်းရောက် တဇွတ်ထိုး အုပ်စုတစ်စုသည် သာဝကများနှင့် ပတ်သက်၍ အပြစ်အနာအဆာ အပြောမခံပေ။ ပြောခဲ့ပါက ပြောသူမည်သူ မဆိုအား ဖောက်ပြန်သူ၊ မိုလ်ဟေက်(ကာဇေရ်)၊ မိုနာဖေက်ဟု သတ်မှတ်ကာ ၎င်းတို့အား သတ်ဖြတ်ရန်မိုဘာ(လုပ်ခွင့်ရှိကြောင်း)ခံယူထားပေသည်။။
အဘူရ်ဇရ်အေရဇီး၏ စာအုပ် الاصابة တွင်ဤကဲ့သို့လာရှိပေသည်။ (နေရာတိုင်းတွင် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်တစ်ပါးပါးအား မကောင်းပြောကြောင်း တွေ့ရပါက ထိုပြောသူသည် မိုနာဖေက်ဖြစ်ချေ၏။ အကြောင်းသည်ကား အလ္လာဟ်တမန်တော်မြတ်(ဆွ)၊ ကုရ်အာန်ကျမ်းတော်မြတ် သည်ဟက် (အမှန်တရား) ဖြစ်ပေသည်။ တမန်တော်မြတ်(ဆွ)ယူဆောင် လာသည် အရာရာတိုင်းသည်ဟတ်က်ဖြစ်ပေသည်။ ဤအရာများ အားလုံးကို သာဝကတော်ကြီးများသည် ကျွန်ုပ်တို့အတွက် ယူဆောင်လာခဲ့သည်။
ကျွန်ုပ်တို့ ဆန်ကျင့်ဘက်အုပ်စုသည် ကျွန်ုပ်တို့၏ သက်သေ အထောက် အထား များကို အလကားဖြစ်အောင် လုပ်ကာ ကုရ်အာန်နှင့် စွန္နတ်ကို ဖျက်သိမ်းလို ကြသည်။ )
အဘ်သွလ်လ္လာဟ် မောင်ဆူလီ၏စာအုပ် حتّى لا ننخدع ၌်ပြောကြားသည်မှာ အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် တမန်တော်မြတ်ကြီး(ဆွ)၏ အတူ ပေါင်းသင်း နေထိုင်သူများကို ဒီး(န)သာသနာအား ထိန်းသိမ်းသူများ၊ ဖြန့်ဖြူးသူများ အဖြစ် ရွေးချယ်ထားပေသည်။ ၎င်းတို့အား တမန်တော်မြတ်ကြီး(ဆွ)၏ ဝန်ကြီးများ အဖြစ် သတ်မှတ်ထားပါသည်။ ၎င်းတို့အား အချစ်ထားခြင်းကို အီမာန်နှင့် အမုန်းထားခြင်းကို ဖောက်ပြန်မှုအဖြစ် သတ်မှတ်ထားပေသည်။ အွန်မာသ်နောက်လိုက်များအတွက် ၎င်းတို့အား အချစ်ထားရန် ဝါဂျစ်ပ် ဖြစ်ပြီး၊ ကောင်းမွန်၊ မြင့်မြတ်ကြောင်းပြောဆိုနေရပေမည်။ ၎င်းတို့အကြား၌ စစ်မက်၊ ရန်ဖြစ်ပြဿနာများ ရှိခဲ့သော်လည်း တိတ်ဆိတ်စွာ နေရပေမည်။
အမှန်တကယ် ဤပြောဆိုမှု(များ)သည် ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ်ကြီး၏ စွန္နတ်တော်နှင့်ဆန့်ကျင်ဘက် ဖြစ်နေကြာင်း တွေ့ရပေ လိမ့်မည်။
၃။ အဖြေမရှိသောမေးခွန်းများ
ဒီနေရာ၌ ဦးနှောက်အသိဉာဏ်ပိုင်ရှင်တိုင်းနှင့် တရားမျှပြီး ဘက်မလိုက် တတ်သူတိုင်း၊ သက်သေအကိုးအကား အထောက်အထားမခိုင်လုံဘဲမျက်စိ၊ နားပိတ်၍ လက်ခံမည်မဟုတ်သည့် အပြင်မိမိကိုယ် မိမိအားအောက်ဖော်ပြပါ မေးခွန်းများ မေးကြားပေမည်။
အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ကျမ်းတော်မြတ်ကုရ်အာန်၌ တမန် တော်မြတ်ကြီး (ဆွ)၏ ကြင်ယာတော်များနှင့် ပတ်သက်ပြီး လာရှိတော်မူသည်မှာ-
يَا نِسَاءَ النَّبِيِّ مَنْ يَأْتِ مِنْكُنَّ بِفَاحِشَةٍ مُبَيِّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ وَكَانَ ذَلِكَ عَلَى اللَّهِ
يَسِيرًا
အဓိပ္ပာယ်။ ။(အို၊တမန်တော်မြတ်ကြီး(ဆွ)၏ ဇနီးကြင်ယာတော်များအပေါင်းတို့ အသင်တို့ အထဲမှ မည်သူမဆိုထင်ထင်ရှားရှား ပြစ်မှုကျူးလွန်မည် ဆိုလျှင် အပြစ်ဒဏ် နှစ်ဆ ခံရ ပေမည်။ ဤအလုပ်သည် အလ္လာဟ်ဟိုအရှင်မြတ် အတွက် လွယ်ကူ တော်မူသော လုပ်ရပ်ဖြစ်ပေသည်။)
ကျွန်ုပ်တို့အနေဖြင့် သာဝကကြီးများကို (မည်သို့သော နည်းဖြင့်ဖြစ်စေ၊ နည်းမျိုးစုံဖြင့်ဖြစ်စေ) အဓိပ္ပာယ်ဖွင့်ဆိုပါလေ။ ဧကန်မုချ (အာယတ်တော်၏) ဆိုလိုသူများသည် အို၊တမန်တော်မြတ်ကြီး(ဆွ)၏ ဇနီးကြင်ယာတော်များ ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် မိန့်ကြားတော်မူသည်မှာ ၎င်းတို့၏ အပြစ်ဂိုနာ များကို မျက်ကွယ်မပြုသည့်အပြင် ပြစ်ဒဏ်နှစ်ဆ ပေးပေးမည်ဟု ဆိုထားပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်ကို လက်ခံ ယုံကြည် ရမည်လော? (သို့)အခြေအမြစ်မရှိ ပုတ်ခပ်သူများ၏ စကားကို လက်ခံရမည် လော?
ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် အခြားနေရာ၌ ရှိက်ခ်ခိုလ်အန်ဗီယာ ဟဇရတ်(သ)နူးရ်(အ.စ)၏ သား၏ အပြစ်များကို တင်ပြရင်း မိန့်ကြားတော်မူ သည်မှာ- إِنَّه عَمَلٌ غَيْرُ صَالِح
အဓိပ္ပာယ်။ ။ (သူ၏ လုပ်ရပ်သည် မကောင်းမွန် မမြင့်မြတ် ချေ။ )ဂျနာဗေနူးရ် (အ.စ)အားမိမိသားနှင့်ပတ်သက်ပြီး ရှာဖာအတ် မလုပ်ပေးဖို့ သတိပေးလေ၏။
တမန်တော်မြတ်ကြီး နူးရ်(အ.စ) သား၏ အရေးပို၍ ပါဘာသလား (သို့) သာဝကတော်များ၊ မိတ်ဆွေအပေါင်းအဖော်များ? (အလ္လာဟ်ဟိုအရှင်မြတ်၏ ကြီးမားသော တမန်တော်ကြီးနှစ်ပါး) တမန်တော် မြတ်ကြီးနူးရ်(အ.စ) နှင့် လူးသ်(အ.စ)၏ ကြင်ယာတော်များအကြောင်း မိန့်ထားတော်မူသည်မှာ-
فَخَانَتَاهُمَا فَلَمْ يُغْنِيَا عَنْهُمَا مِنَ اللَّهِ شَيْئًا وَقِيلَ ادْخُلا النَّارَ مَعَ الدَّاخِلِينَ
အဓိပ္ပာယ်။(ထို(ဟဇရတ်(သ)နူးရ်(အ.စ)နှင့် လူးသ်(အ.စ))နှစ်ဦး၏ ကြင်ယာ တော် များသည် သစ္စာဖောက်ခဲ့ကြသည်။ (ရန်သူများနှင့် တွဲခဲ့ကြသည်) တမန် တော်မြတ်ကြီး နှစ်ပါးစလုံးအနေဖြင့် ၎င်းတို့အတွက် အသနားခံပေးနိုင်မည် မဟုတ်ချေ။ အကြင်သူမနှစ်ဦးအား ပြောကြားခဲ့သည်မှာ ငရဲသားများနှင့်အတူ ငရဲဘုံသို့ ဝင်ရောက်ကြပါလေ။ )
ဤအာယတ်တော်များ အနေဖြင့် ကောင်းသော သူများနှင့်မကောင်း သောသူများ အတွက် စံမှတ်ကျောက်သည် လုပ်ရပ်များနှင့် အီမာန်သာ ဖြစ်ပြီး ယုတ်စွ အဆုံးတမန်တော်မြတ်(အ.စ)၏ သားနှင့်ဇနီးပင် ဖြစ်ပါစေ မကောင်းသော အလုပ်များ လုပ်ဆောင်ပါက ငရဲသားများသာ ဖြစ်မည်ဟု မဖော်ပြထား ပါသလော?
အခုအချိန်မှာလည်း ကျွန်တော်တို့အနေဖြင့် မျက်စိ၊ နားပိတ်က တမန် တော်မြတ်ကြီး(ဆွ)၏ လက်ထက်၌သာဝကဖြစ်ခဲ့ပါသဖြင့်၊ ၎င်းအား ချစ်ခြင်းသည် အီမာန်ဖြစ်ပြီး၊ အမုန်းထားခြင်းသည် နေဖာက် (သာသနာဖောက်ပြန်မှု)ဟု သတ်မှတ်ရ ပါသလော? သို့သော် နောက်ပိုင်း၌ မိုနာဖေက်များ၏ လှိုင်းထဲ ရောက်သွားပြီး တမန်တော်မြတ်ကြီး၏ နှလုံးသားကိုနာကျင်စေခဲ့သည်။ မွတ်စလင်များ အပေါ်လည်း သစ္စာဖောက်ခဲ့ကြ၏။
အသိဉာဏ်ရှိသူတိုင်း အထက်ပါစကား (အချစ်ထားလျှင် အီမာန်၊ အမုန်း ထားလျှင် နေဖာက်)ကို လက်ခံမည်လော?
အကယ်၍ တစ်ဦးတစ်ယောက်ကို ဆိုမည်- သလ်ဟာနှင့်ဇိုဘိုင်းရ် အစ္စလာမ် စဦးပိုင်း၌ လူကောင်းလူမွန်များ ဖြစ်ကြပြီး၊ နောက်ပိုင်း၌ အာဏာ မက်မောကာ တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော်(အာအေရှာ)အား မိမိတို့နှင့် အတူ ပူးပေါင်းကာ မွတ်စလင် အများစုက ဘိုက်အတ် (သစ္စာဆို) ထားသော မောင်လာအလီ(အ.စ)၏ ဘိုင်အတ်ကိုချိုးဖြတ်ခဲ့ကြသည်။ ဂျမဲလ်စစ်ပွဲက အစပျိုးက ယေဘုယျအားဖြင့် (၁၇၀၀၀)ခန့်မွတ်စလင်များ၏ အသက်ကို ဆုံးရှုံးစေခဲ့၏။ ၎င်းတို့က အမှန်တရားမှ လမ်းလွဲ သွားကြ ကုန်၏။ ကေယာမတ်နေ့၌ ၎င်းတို့ (အစပျိုးခဲ့မှုကြောင့်) ဤစစ်ပွဲ၌ ကျဆုံးခဲ့သော မွတ်စလင် များနှင့် ပတ်သက်၍ မလွဲမသွေအစစ်ဆေးခံရပေမည်။
ဤသမိုင်းသည်လည်း အစစ်အမှန် မဟုတ်ပါသလော?
အကယ်၍ တစ်ဦးတစ်ယောက်က မိုအာဝေဟာ နှိပ်စက်ညှဉ်းပန်းသူ၊ မွတ်စလင် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်စေ၊ ရိုးရိုးဖြစ်စေ ဘိုင်အတ်လုပ်ထားသော မောင်လာအလီ(အ.စ)၏ ဘိုင်အတ်ကိုလက်မခံကာ အမှန်တရားကို ကျော ခိုင်းခဲ့သည်။ ပြီးနောက်စစ်ဖီး(န)စစ်မီးမွှေးကာ မွတ်စ်စလင်(၁၀၀၀၀)ကျော်၏ အသက်ကို ဆုံးအောင်လုပ်ခဲ့သည်ဟု ဆိုလာပါက၊ မဟုတ် မတရားပြောခြင်း ဖြစ်ပါသလော? (စစ်မှန်သော သမိုင်းသက်သေရှိပေသည်။)
စစ်မှန်ခါးသီးသော သမိုင်း၏ အဖြစ်အပျက်အမှန်ကို အသိဉာဏ် ရှိသူ များ လက်မခံနိုင်သည် အင်မတန် အားနည်းပျော့ပြောင်းသည့် သက်သေပြ ချက်များဖြင့် မျက်စိမှိတ်ထားရမည်လော? မေ့မရသည့် သမိုင်းဖြစ်ရပ်ကို မျက်ကွယ် ပြုလိုက်မည်လော?
အဗ်သွလ္လာဟ် မိုဆွာလ္လာဟ်၏ ပြောကြားချက်အရ ဤကဲ့သို့သော ပုဂ္ဂိုလ် များ၏ အချစ်သည် အီမာန်၊ အမုန်းသည် နေဖာက်ဖြစ်ပါသလော?
မကောင်းသော အလုပ်များကို လုပ်ခဲ့ကြသူ ၎င်းတို့ အတွက်ကြောင့် ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ကို တိတ်တိတ်နေမည်လော?့ ကျွန်ုပ်တို့အပေါ် သမိုင်းပေးတာဝန် မရှိပါသလော?
မည်သည့် အသိဉာဏ် ဦးနှောက်က လက်ခံမည်နည်း?
ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် တမန်တော်မြတ်(ဆွ)၏ သာဝက တော် များအကြား၌ မိုနာဖေက်တည်းဟူသော အုပ်စုရှိခဲ့ကြောင်းဖော်ပြထားသော အောက်ဖော်ပြပါ အာယတ်တော်များကို မလေ့လာဘူးပါသလော?
ကျမ်းတော်မြတ် ကုရ်အာန် မိန့်ကြားတော်မူသည်မှာ-
وَمِمَّنْ حَوْلَكُمْ مِنَ الأعْرَابِ مُنَافِقُونَ وَمِنْ أَهْلِ الْمَدِينَةِ مَرَدُوا عَلَى النِّفَاقِ لا تَعْلَمُهُمْ نَحْنُ
نَعْلَمُهُمْ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَى عَذَابٍ عَظِيمٍ
ဤကဲ့သိုသော ဒဿနကို အသိဉာဏ် ဦးနှောက်ရှိသော ကမ္ဘာ့လူထုကြီး အနေဖြင့် လက်ခံလိမ့်မည်ဟု မျှော်လင့်ထားပါသလား?
၎။ သာဝကတော်ကြီးများသည် မည်သူများဖြစ်ပါသနည်း?
ဤနေရာ၌ အရေးကြီးသော ဆိုလိုချက်တစ်ခုသည်ကား ဆွာဟာဗာဖြစ် ပါသည်။
သာဝကကြီးများ မည်သူများ ဖြစ်ကြကြောင်း၊ ၎င်းတို့၏မြင့်မြတ်မှုနှင့်ပတ် သက်ပြီး ချဲ့ထားကြပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ စွန္နီသာသနာ့ သုခမိန်များ အကြား၌ကွဲလွဲမှုရှိ၏။
၁။ အချို့အိုလမာများက ဆွာဟာဗာ၏ အဓိပ္ပာယ်အား မည်သည့် မွတ်စလင် တစ်ဦး တစ်ယောက်မဆို မိမိ၏သက်တမ်း၌ တမန်တော်မြတ်ကြီး(ဆွ)ကို ဖူးခွင့် ရခဲ့မည်ဆိုလျှင် တမန်တော်မြတ်ကြီး(ဆွ)၏ ဆွာဟာဗာတော်များမှ ဖြစ်ပါ သည် ဟု အထိ အဓိပ္ပာယ်ဖွင့်ထားပါသည်။ ဤကဲ့သို့သော အဓိပ္ပာယ်ကို ဘူခါရီကျမ်းက လည်း တင်ပြထားပါသည်။
من صحب رسول الله(صلى الله عليه وآله) أو رآه من المسلمين فهو من أصحابه
အဟ်မဒ်ဗင် ဟန်ဘဲလ် အနေဖြင့်အင်မတန်မှ တိုးချဲ့ဖွင့်ဆိုထားသည်မှာ-
أصحاب رسول الله(صلى الله عليه وآله) كلّ من صحبه شهراً أو يوماً أو ساعة أو رآه
အဓိပ္ပာယ်။ (အကြင်မည်သူမဆို အလ္လာဟ်တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ တစ်လဖြစ်စေ၊ တစ်ရက်ဖြစ်စေ၊ နောက်ဆုံးတစ်နာရီပင်ဖြစ်စေ အတူနေထိုင်ခဲ့လျှင် ထို့နောက် ဖူးမျှော်ခဲ့မည် ဆိုလျှင်ဆွာဟာဗာဖြစ်ပေသည်။)
၂။ အချို့သုခမိန်များ ဥပမာ ဂါဇီအဘူဘဲကရ် မိုဟမ္မဒ်ဗင်အလ်သက်ရစ်ပ် က သာဝကကြီး၏ အဓိပ္ပာယ် ပြန်ဆိုရာ၌ ချုံ့ထားပေသည်။
ဆွာဟာဗီးဆိုသည် ဝေါဟာရသည် အဘိဓာန်အရ ရိုးရိုးဖြစ်ပြီး၊ အွန် မာသ်နောက်လိုက်များ အခေါ်အဝေါ်အရ တမန်တော်မြတ်ကြီး(ဆွ)နှင့် အတူ စိတ်ချရသည့် အချိန်အတိုင်းအတာ အထိ နေထိုင်ခဲ့သူအတွက်သာ သီးသန့် သုံးစွဲပါသည်။ တစ်နာရီအထိ တမန်တော်မြတ်ကြီး(ဆွ)နှင့် အတူ နေထိုင်ခဲ့သူ၊ ခြေလှမ်းအနည်းငယ် အတူ လှမ်းခဲ့သူ၊ ဟဒီးစ်တချို့ နားထောင်ခွင့်ရသူကို မခေါ်ပေ။
၃။ တချို့သုခမိန်များ ဥပမာ စအီးဒ်ဗင်အလ်မစီးပ် အနေဖြင့် ပို၍ချုံ့ထား ပေး သည်။ တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ အနည်းဆုံး(၁)နှစ်၊ (၂)နှစ်အထိ နေထိုင်ခဲ့ပြီး အစ္စလာမ်စစ်ပွဲများ၌ တမန်တော်မြတ်ကြီးနှင့်အတူ (၁)ကြိမ်၊(၂) ကြိမ်စစ်ဆင်နွှဲခဲ့သူအား ခေါ်ဆိုပါသည်။
ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ နောက်အခြားအရေးအသားရှည်လျားသွား မည်ကိုစိုးရိမ်၍မရေးသားထားသောအဓိပ္ပာယ်ဖွင့်ဆိုချက်များအရသိရသည့်အချက် တစ်ခုသည်ကဆွာဟာဗာ၏အဓိပ္ပာယ်လုံးဝမပြတ်သားမတိကျခြင်းပင်ဖြစ် ပေသည်။
မည်သူမည်ဝါများသည် ဆွာဟာဗသာဝကများ ဖြစ်ကြောင်းမသိရ ပေ။ သို့သော် အများစုအနေဖြင့် အဓိပ္ပာယ်အကျယ်ကို လက်ခံထားကြပါ၏။
အဓိပ္ပာယ် ဖွင့်ဆိုမှုကြောင့် ဆွေးနွေးမည်အကြောင်းအရာအတွက် အကြောင်း မထူးပေ။ အကြောင်းသည်ကား ရှေ့ဆက်လက်၍ ဖော်ပြမည့် ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများသည် တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ နေထိုင်သူ များထံ၌ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။
၅။ ပုတ်ခတ်မှု၏ အဓိကအရင်းအမြစ်
သာဝကကြီးများနှင့် ပတ်သက်သော သက်ဝင်ယုံကြည်မှု၌ အတိုင်းထက် အလွန် ပြစ်မဲ့နီးပါး လက်ခံကြသည်။ ဤကဲ့သို့ ယုံကြည်ခြင်းသည် ကျမ်း တော်မြတ် ကုရ်အာန်နှင့် စွန္နတ်၊ သမိုင်းတို့၏ ဆန့်ကျင်ဘက် ဖြစ်ပေသည်။ ယုတ်စွအဆုံး ဤကဲ့သို့သော ယုံကြည်မှုသည် ပထမရာစု၌ မရှိခဲ့ချေ။ အဘယ် ကြောင့် ပထမရာစုနောက်ပိုင်းမှ အဘယ်သို့သော် အထောက်အထား ကြောင့် ဤယုံကြည်မှုသည် ပေါ်ပေါက်လာကြောင်း မလွဲမသွေ လေ့လာရပေမည်။
ဤကဲ့သို့ ယုံကြည်မှုထွက်ပေါ်လာရခြင်းအတွက် သက်အသေအချို့ ရှိပါသည်။
၁။ယူဆမှုအများဆုံးဖြစ်နိုင်ချေကတော့အရင်ဆွေးနွေးတင်ပြထားတဲ့အတိုင်းပါဘဲ။ အချို့ကသာဝကကြီးများမြင့်မြတ်မှုပျက်စီးသွားမည်ဆိုလိုလျှင်ကျွန်ုပ်တို့၏ တမန်တော်မြတ်ကြီး(ဆွ)နှင့်ဆက်နွယ်မှုသည်လည်း ပျက်စီးသွားပေမည်ဟု ယူဆထားပါသည်။ အကြောင်းသည်ကား သာဝကြီးများ ကြောင့်သာလျှင် ကျမ်းတော်မြတ် ကုရ်အာန်နှင့် စွန္နတ်တော်များသည် ကျွန်ုပ်တို့ထံရောက်ရှိလာခဲ့ ပါသည်။
သို့သော် ဤယုံကြည်မှုအတွက် ရှင်းလင်းသော အဖြေရှိပါသည်။ အ ကြောင်းသည်ကား မည်သူမျှ သာဝကကြီးများအားလုံးကို ((မအာဇတ်လ္လာဟ်)) မုသားဆိုသူများ၊ မကောင်းသောသူများဟု မယုံကြည်ကြပေ။ ၎င်းတို့အကြား၌ စစ်မှန်ပြီး၊ ယုံကြည်စိတ်ချ ဖြော့င်မတ်မှန်ကန်သော သာဝကတော်များ ရှိခဲ့သော ကြောင့်ပင်တည်း။ ၎င်းတို့သာလျှင် တမန်တော်မြတ်ကြီး(ဆွ) နှင့် ကျွန်ုပ်တို့ အကြား ဆက်သွယ်ပေးခဲ့သည်။ ၎င်းတို့သည်လည်းပဲအဟ်လေ့ဘိုက်(အ.စ)၏ သာဝကတော်ကြီးများကဲသို့ပင် ဖြစ်ပေသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤပြဿနာသည် ယနေ့အတွက်ပင် မဟုတ် နောင်အတွက်ပါ ဖြစ်ပေမည်။ ကျွန်ုပ်အနေဖြင့် မြောက်များစွာသော အချိတ်အဆက်များဖြင့် တမန်တော်မြတ်ကြီး(ဆွ) ခေတ် ရောက်အောင် ပို့လေ သည်။ သို့သော် အားလုံးသော အချိတ်အဆက်များ (ကြားရှိပုဂ္ဂိုလ်များ) အားလုံးကို မှန်ကန်ဖြောင့်မတ်စိတ်ချရပါသည်ဟု လက်မခံထားသော ကြောင့် ဖြစ်ပါသည်။ အကယ်၍ ဤကဲ့သို့ယုံကြည်လိုက်ပါက ကျွန်ုပ်တို့သာသနာကြီးသည် အမြစ်ပြုတ် သွားပေမည်။
ဤအတွက်ကြောင့် အားလုံးအနေဖြင့် ရီဝါယတ်တော်များကို စိတ်ချ ရသော ဖြောင့်မတ်မှန်ကန်သော၊ ပြစ်မှုမကျူးလွန်သော သူဆီမှ ယူဖို့ ပြောကြား ခြင်းဖြစ်ပေသည်။ ရေဂျလ်စာအုပ်များသည် လည်းဘဲစိတ်ချရသူ နှင့် စိတ်မချ ရသူ သုံးသပ်နိုင်ရန်အတွက် ရေးသားခဲ့ကြ၏။ သာဝကတော်များကို အခြားလူများ ကဲ့သို့ စစ်ဆေးမှုပြုလုပ်ပါက မသင့်တော် မမှန်ကန်ပါ သလော?
၂။ ဒီလို((ဂျရ်ဟ်«جرح»))တည်းဟူသော ယူဆမှု၊ ဆိုလိုသူမှာ အချို့သာဝကတော် ကြီးများအား အပြစ်အနာအဆာ ရှိသူများအဖြစ် သတ်မှတ်ခြင်းဖြင့် တမန်တော် မြတ်ကြီး(ဆွ)၏ ကြီးကျယ်မြင့်မြတ်မှု ယုတ်လျော့စေပါသည်။ သို့ဖြစ်ပါ၍ သာဝက တော်ကြီးများအား အပြစ်အနာအဆာ ရှိသူများအဖြစ် မသတ်မှတ်သင့်ပေ။ ဤယူဆမှုသည် မှန်ကန်မှုရှိပါသလား ?
ဤကဲ့သို့သော သက်သေအထောက်အထားများကို လက်ခံသူများ အား ကျွန်တော်အနေဖြင့် မေးခွန်းတစ်ခုမေးချင်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် က တမန်တော်မြတ်ကြီး(ဆွ)၏ အနီးအနားရှိ မိုနာဖေက်များအား အလွန်ပြင်းထန် လှသော ဝါကျများဖြင့် မိန့်ကြားတော်မူ မထားပါသလော?
တမန်တော်မြတ်ကြီး(ဆွ)၏ အနီးအနားရှိ မိုနာဖေက် များကြောင့် တမန် တော်မြတ်ကြီး(ဆွ)၏ ကြီးကျယ်မြင့်မြတ်မှု၌ မည်သို့ ယုတ်လျော့သွားပါမည်နည်း? မည်သို့မျှ မဖြစ်နိုင်ချေ။
အကျဉ်းချုပ် ပြောရလျှင် ခေတ်တိုင်းခေတ်တိုင်း၌ နောက်ဆုံးအိုလူး အဇ် တမန်တော်မြတ်ကြီးများ (အ.စ)၏ လက်ထက်၌ပင် ကောင်းမြတ်သောသူများနှင့်၊ မကောင်းသူများရှိခဲ့ပေသည်။ သို့သော်တမန်တော်ကြီးများ (အ.စ)၏ ကြီးကျယ် မြင့်မြတ်မှုမှ တစိုးတစိမျှ ယုတ်လျော့မသွားချေ။
၃။ အကယ်၍ သာဝကတော်ကြီးများအား အပြစ်အနာအဆာရှိသူများ အဖြစ် သတ်မှတ်ခြင်း ကိစ္စသည် တမန်တော်မြတ်ကြီး(ဆွ)၏ ပထမဆုံး ခိုလဖာအား အပြစ်၊ အနာအဆာရှိကြောင်း ပြဆိုရဖြစ်ပေမည်။ သို့ဖြစ်ပါ၍ သာဝကတော်ကြီး များ၏ ကြီးကျယ်မြင့်မြတ်မှု ကိစ္စကို ထိန်းသိမ်းရန် အလို့ငှာ ဥပမာ ဟဇရတ်(သ) အွစ်မန်း လက်ထက်၌ ပြည်သူပိုင် ဘဏ္ဍတော်ငွေကိစ္စနှင့် ပတ်သက်၍
သော်လည်းကောင်း၊ အခြားခိုလဖာနှင့် သာဝကများကျူးလွန်ထားသော ကိစ္စနှင့် ပတ်သက်၍ မည်သည့် (သာဝကကြီးများ)အနေဖြင့် မဆန့်ကျင်ဖို့၊ မပြောဖို့ လိုအပ်ပေသည်။ သို့သော် ဤကဲ့သို့ ပြုလုပ်ခဲ့ကြ ပါသလော!
ထိုနည်းတူစွာ မုအာဝေယာအနေဖြင့် မွတ်စလင်များ ခေါင်းဆောင် အေမာမ် အလီ(အ.စ)၏ ဘိုင်အတ်ကိုဆန့်ကျင်ပြီး စစ်တိုက်ဖို့ အကွက်ဆင်ပေး၍ ထောင်ပေါင်း များစွာသောမွတ်စလင်များ၏ အသက်ကို စတေးခဲ့ခြင်းနှင့်ပတ်သက် ကာ ၎င်း၏လုပ်ရပ်ကို စောဒကတက်သူများ၊ စောဒကတက်လို့ မရအောင် ဖုံးဖိထားရန်အလို့ငှာ (မအ်ဝေယာသည် မောင်လာအလီ(အ.စ)ကို ဆန့်ကျင်ခဲ့ သော်လည်း) လုပ်ရပ်မှန်ပါသည်ဟု အကြောင်းပြ၍ရပါမည်လား?
((အကယ်၍ ရပါသည်ဆိုလျှင် မောင်လာအလီ(အ.စ)နှင့် ပတ်သက်၍ အစ္စလာမ့် ကျမ်းဂန်အစစ်အမှန်များ၌ လာရှိသော တမန်တော်မြတ်ကြီး(ဆွ)၏ မြောက်များစွာသော ဟဒီးစ်တော်များသည် ဘယ်အဆင့်သို့ ရောက် သွားမည်နည်း!))
သို့သော်လည်း ဤကိစ္စနှင့် စပ်လျဉ်း၍ (အစ္စလာမ်ကနဦး ခေတ်ကာလ) အာဏာပိုင်များက စတင်ခဲ့ကြခြင်းဖြစ်ပေသည်။
ထိုနည်းတူစွာ ၎င်းအာဏာပိုင်များသည် «أولوا الأمر» အာယတ် တော်၏ သဖ်စီရ်၌ ခေတ်ကာလတိုင်း အာဏာပိုင်များကို ယုတ်စွအဆုံး မင်းဆိုးမင်းညစ်များ ဖြစ်သော ဘနီအိုမိုင်ယာ၊ ဘနီအဘာစီကိုပါ ထည့်သွင်းသကဲ့သို့ ဖြစ်ပေသည်။ ဤအစီအစဉ်သည် အာဏာပိုင်များ၏ နိုင်ငံရေးကစားကွက် ဖြစ်ပေသည်။ ဤအခြေအနေများကြောင့် ကျွန်ုပ်သည် သာဝကကြီးများအားလုံး အပြစ် ကင်းသည်ဟု ရလဒ် ထွက်အောင်စိတ်ကူး၍ပင် မရဖြစ်နေပါသည်။
၎။ အုပ်စုတစ်ခုသည်လည်း သာဝကတော်များ အပြစ်ကင်းကြောင်း (သို့သော် မအ်စူးမ်မဟုတ်)၊သန့်ရှင်း သန့်ပြန့်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ် တော် များနှင့် ရီဝါယတ်တော်များ၌ လာရှိပြီး အမိန့်ပေးထားသည်ဟု ယုံကြည် ကြ၏။
ဤအချက်သည် ရုတ်တရက်ကြည့်လျှင် အလွန်ကောင်းသော အကြောင်း ပြချက် ဖြစ်သော်လည်း၊ အမှန်တကယ် ၎င်းတို့၏ ထောက်အထား၊ အကြောင်းပြချက် ကိုလေ့လာသုံးသပ်ပြီး မေးခွန်းများထုတ်ချိန်၌ ၎င်းတို့ပြောသကဲ့သို့ မဟုတ်ချေ။ ကျမ်းတော်မြတ် ကုရ်အာန် အာယတ်တော်များ နှင့် ရီဝါယတ်တော်များ၌ ၎င်းတို့၏ ယုံကြည်ချက်ကိုမတွေ့ရပေ။
အရေးအကြီးဆုံး ၎င်းတို့အနေဖြင့် သက်သေပြသော အာယတ်တော်မှာ-အောက်ပါအတိုင်းဖြစ်ပါသည်။
وَالسَّابِقُونَ الأوَّلُونَ مِنَ الْمُهَاجِرِينَ وَالأنْصَارِ وَالَّذِينَ اتَّبَعُوهُمْ بِإِحْسَانٍ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ وَأَعَدَّ لَهُمْ جَنَّاتٍ تَجْرِي تَحْتَهَا الأنْهَارُ خَالِدِينَ فِيهَا أَبَدًا ذَلِكَ الْفَوْزُ الْعَظِيمُ .
အဓိပ္ပာယ် ။((ပထမဦးဆုံး ဖြစ်ကြကုန်သော မိုဟာဂျေရီးမ်နှင့် အန်ဆွာ ထိုနောက် ၎င်းတို့၏ ကောင်းမှုပြုရာတွင် မိုဟာဂျေရီးမ်နှင့် အန်ဆွာတို့၏ နောက် လိုက်ခဲ့ သည်။ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ၎င်းတို့အားလုံးအား ကျေနပ်နှစ် သက် တော်မူ၏။ ထို့အပြင်၎င်းတို့ အနေဖြင့်လည်း အလ္လာဟ် အရှင်မြတ်အား ကျေနပ်နှစ်သက်တော်မူ၏။အလ္လာဟ်ဟိုအရှင်မြတ်သည်၎င်းတို့အဖို့ဂျန္နတ်အမတသုခဘုံ၌ဥယျာဉ်တော်များအသင့်ပြုလုပ်ထားပြီးထို့ဥယျာဉ်တော်များ၏ သစ်ပင်များ အောက်မှ စမ်းချောင်းများစီးထွေလျက်ရှိပြီး၊ ထာဝစဉ်နေထိုင် ရမည်ဖြစ်ပေသည်။ ဤသည်ကားကြီးကျယ်ကြီးမားသော အောင်မြင်မှု တစ်ခုဖြစ်ပေသည်။))
မြောက်များစွာသော အလ်လေစွန္နတ်၏ သဖ်စီရ် ပညာရှင်များက ဤအာယတ်တော်နှင့် စပ်လျဉ်းပြီး (အချို့ သာဝကတော်များက တမန်တော်မြတ် ကြီး(ဆွ)ထံမှဆင့်ပြန်ထားသော)ဟဒီးစ် တော်တစ်ပုဒ်အား တင်ပြသည်မှာ-
«جميع أصحاب رسول الله فى الجنّة محسنهم ومسيئهم »
အဓိပ္ပာယ် ။ ((တမန်တော်မြတ်ကြီး(ဆွ)၏ ကောင်းသော သာဝကတော်များပင်ဖြစ်စေ၊မကောင်းသော သာဝကများပင် ဖြစ်စေ ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက် စံမြန်းရမည်။))
ဤဟဒီးစ်တော်၏ မှန်ကန်မှုအတွက် အထက်ဖော်ပြပါ အာယတ်ကို သက်သေ အဖြစ်ပြကြပေသည်။
စိတ်ဝင်စားဖို့ ကောင်းလေစွ၊ အထက်ပါ အာယတ်တော်၌ ကောင်းမှု များကို ဆောင်ရွက်ရာ၌ သာဝတော်များ (မိုဟာဂျေရီးမ်နှင့် အန်ဆွာ)တို့၏နောက် လိုက်သူများသာ အောင်မြင်ကြမည်ဟု ဆိုထားပေသည်။ မကောင်းမှုဟု မဆိုထားချေ။
ဤအဓိပ္ပာယ်၏ ဆိုလိုချက်သည်ကား သာဝကတော်များ အားလုံး အတွက် ဂျန္နတ်သုခဘုံအား၊ အာမခံထားပေးပြီး ဖြစ်ပါသည်။ ဤဆိုလိုချက်ဖြင့် ၎င်းတို့ အားလုံး ဂိုနာပြစ်မှုကျူးလွန်ခွင့် ရှိသည်ဟု ဆိုလိုပါသလော့?
(ဆိုလိုသည်ကား သာဝကတော်များ အပြစ်လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည် ဖြစ်စေ ၎င်းတို့အတွက် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းရမည် ဖြစ်သော ကြောင့် ဖြစ်ပေသည်။)
ကမ္ဘာလူသားများအတွက် လမ်းမှန်ညွှန်ကြားပေးရန်၊ မကောင်းမှုများကို ပြုပြင် ပြောင်းလဲပေးရန် ကြွမြန်းလာသော တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏ သာဝကတော်များကို သီးသန့်၊ ဖယ်ထားပေးနိုင်ပါသလား။
၎င်းတို့ကို ဂိုနာဟ်များ ပြုလုပ်ခွင့် ပေးထားနိုင်ပါသလား။
တကယ်တမ်း ကျမ်းတော်မြတ်ကုရ်အာန်သည် သာဝတော်များထက် ပိုမို၍ နီးကပ်သော၊ ကြင်ယာတော်များနှင့် စပ်လျဉ်း၍ ဂိုနာလုပ်လျှင် နှစ်ဆ အပြစ် ပေးခြင်းခံရမည်ဟု စူရဟ်၃၃၊ စူရဟ်အဟ်ဇပ် အာယတ်တော်၃၀၌ မိန့်တော်မူထား ပေသည်။
ဂရြုပုစရာအချက်သည်ကား သာဝကတော်များနှင့်သက်ဆိုင်သော သံသယဖြစ်စေသော၊ မရှင်းလင်းသော အချက်မှန်သမျှကို စူရဟ်ဖာသ်အာ ယတ်တော် ၂၉ ဖြင့်ဖြေရှင်းထားပေးပါသည်။
ထို့အာယတ်တော်၌ တမန်တော်မြတ်ကြီး(ဆွ)၏ စစ်မှန် မှန်ကန်သော သူတော်စင် သာဝကတော်ကြီးများ၏ အရည်အသွေးများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
أَشِدَّاءُ عَلَى الْكُفَّارِ رُحَمَاءُ بَيْنَهُمْ تَرَاهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلا مِنَ اللَّهِ وَرِضْوَانًا سِيمَاهُمْ فِي وُجُوهِهِمْ مِنْ أَثَرِ السُّجُودِ
အဓိပ္ပာယ် ။((၎င်း(သာဝကတော်များ)တို့သည် ကာဖေရ်များအတွက် ပြင်းထန် မာကျောသူများဖြစ်ပြီး၊ မိမိတို့၏ အချင်းချင်းအတွက် ပျော့ပျောင်း၊ ကြင်နာသူများ၊ နားလည်ပေး သူများ ဖြစ်ကြပေ၏။ ၎င်းတို့အား စေဂ်ျသာနှင့် ရကူ၏ အခြေအနေ၌ တွေ့ရမည်ဖြစ်သည်။ အမြဲတမ်းအလ္လာဟ်ဟိုအရှင်မြတ်၏ဖွစ်လ်လိုက ရမ်း (ချီးမြှင့် ပေးသနားမှု) နှင့် ကျေနပ်နှစ်မြို့မှုရရှိရန်သာ လိုလားပေသည်။ စဂ်ျသာပြုထားသောအရိပ်လက္ခဏာများသည် ၎င်းတို့၏ မျက်နှာ၌ ထင်ရှား နေပေ သည်။))
ဂျမလ်နှင့်စစ်ဖီး(န)တိုက်ပွဲဖြစ်အောင်စီစဉ်သူများ၊ မိမိခေတ်ကာလ၏ အေမာမ်အားပုန်ကန်သူများ၊ ထောင်ပေါင်းများစွာသော မွတ်စလင်များကို သေတွင်းပို့ခဲ့သူများ၊ အထက်ဖော်ပြ အာယတ်တော်၏ အရည်အသွေး (၇)ပါး၏ ပိုင်ရှင်များဖြစ်နိုင်ပါသလား။
၎င်းတို့သည် မွတ်စလင်များအပေါ် ပျော့ပြောင်း၊ ကြင်နာပေးခဲ့ပါသလား။
၎င်းတို့သည် ကာဖေရ်များအတွက် ပြင်းထန်မာကျောသူများဖြစ် ပါသလား (သို့) မွတ်စလင်များအတွက်။
အလ္လာဟ်ဟိုအရှင်သည် ဤအာယတ်တော်၏ နှင့် ဆက်လက်၍ ဆိုလိုချက်ကို ပိုမို၍ ရှင်းလင်းပြတ်သားရန် မီးမောင်းထိုးပြထားပါသည်။
…وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا .
အဓိပ္ပာယ်။((အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့်ကြီးမားအကျိုးဆုလာဒ်နှင့်မဂ်ဖေရတ်
၎င်းသူများ(သာဝကများ)အနက်မှအီမာန်နှင့်တကွ ကောင်းမြတ် အေလုပ်များကို လုပ်ဆောင်ကြသည်(သာဝကကောင်များ)အတွက်ဂတိပေးထားတော်မူ၏။))
ဤအာယတ်တော်သည် အရေးကြီးမားအကျိုးဆုလာဒ်နှင့်မဂ်ဖေရတ် သည်အီမာန်နှင့်တကွကောင်းမြတ်သောအလုပ်များကိုလုပ်ဆောင်ကြသည်သာဝကတော်များ အတွက်သာဖြစ်၏။
သို့ဖြစ်ပါ၍ဂျမလ်နှင့်စစ်ဖီး(န)တိုက်ပွဲဖြစ်အောင်စီစဉ်ခဲ့သူများ၊ ခလီ ဖာအွစ်မန်းလက်ထက်၌ ပြည်သူပိုင်ငွေကို မိမိတို့ကြိုက်သလို သုံးစွဲခဲ့ သူများ အတွက် ကြီးမားသော အကျိုးဆုလဒ်နှင့် မဂ်ဖေရတ်ဖြစ်နိုင်ပါသလား? (သို့မဟုတ်) ကောင်းမြတ်သော အလုပ်များလုပ်ဆောင်ခဲ့သူ(သာဝကတော်)များ အတွက်ဖြစ်ပါသလား။
အံ့သြစရာ ကောင်းလှသည်မှာ-
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် မိမိတမန်တော်ကြီးများ(အ.စ)ကိုပင် ((သေရ်ကေအောင်လာ)) ပြုလုပ်ခဲ့သည့်အတွက် အရေးယူခြင်းပြုခဲ့ပေသည်။ တမန်တော်အာဒမ်(အ.စ)ကို ((သရ်ကေအောင်လာ)) ((နဘီအတွက် မသင့်တော် သော လုပ်ရပ်(ဂိုနာမဟုတ်ချေ)) ပြုလုပ်ခဲ့သည့် အတွက် ဂျန္နတ်သုခဘုံမှ အပြင် ထုတ်ခဲ့သည်။
တမန်တော်ယူနွစ်(အ.စ)သည် ((သရ်ကေအောင်လာ)) ပြုမိခဲ့သည့် အတွက် ရက်ပေါင်း(၄၀)ငါး၏ မှောင်မဲနေသောဝမ်းဗိုက်အတွင်း ခက်ခက်ခဲခဲ နေခဲ့ရပါသည်။
တမန်တော်နူးရ်(အ.စ)သည် မိမိသားမိုက်အတွက် အသနားခံ ပေးခဲ့ သောကြောင့် အရေးယူခြင်းခံခဲ့ရသည်။
အဓိပ္ပါယ်ရှိပြီးရုပ်တိကျပါသလား တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏သာဝကများအတွက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုဆန့်ကျင်မှု ပြုပြီး၊ သီးသန့်ဖယ်ရှားထားလို့ ရပါသလား?
၆။သာဝတော်များ အားလုံးသည် မည်သည့် သတ်မှတ်ချက်မျှမလိုဘဲ တရား မျှတသူများ ဖြစ်ကြပါသလား?
ကျွန်တော်တင်ပြခဲ့သည့်အတိုင်း အဟ်လေစွန္နတ် အများစု ခံယူထား သည်ကား -သာဝကတော်ကြီးများအားလုံး ဆိုလိုသည်မှာ အကြင်သူများသည် တမန်တော်မြတ်ကြီး(ဆွ)၏ လက်ထက်၌ရှိပြီး တမန်တော်မြတ်ကြီး(ဆွ)ကို သိမြင် နားလည်ပြီး ရက်အနည်းငယ်အတူ နေထိုင်ခဲ့ဖူး၏။ ဤသို့သော် သာဝတော် များသည် မည်သို့သော် သတ်မှတ် ချက်မရှိဘဲ တရားမျှတသူများ ဖြစ်ကြပါသည်။ ဤအတွက် ကျမ်းတော်မြတ် ကုရ်အာန် သက်သေအဖြစ်ရှိပါသည်။
ဝမ်းနည်းဖို့ကောင်းသောအချက်သည်မှာ၎င်းသာဝကတော်များ ဘက်မှာ ထောက်ခံအားပေးသောကျမ်းတော်မြတ်ကုရ်အာန်၏အာယတ်တော်များ အချို့ကို တင်ပြပြီးကျန်အာယတ်တော်များသတ်မှတ်ချက်များကို ဖော်ပြထား သောအာယတ်တော်များကိုမေ့နေကြပေသည်။
ကျွန်ုပ်မေးမြန်းလိုသည်မှာ-
ဤသည်မည်ကဲ့သို့သောတရားမျှတမှုပါလိမ့်။
ကျမ်းတော်မြတ်ကုရ်အာန်အနေဖြင့်လုံးဝဆန့်ကျင်ထားပေသည်။စူရဟ်အာလေ အင်မရန်အာယတ်တော်အမှတ် ၁၅၅ ကိုတင်ပြပါမည်။
إِنَّ الَّذِينَ تَوَلَّوْا مِنْكُمْ يَوْمَ الْتَقَى الْجَمْعَانِ إِنَّمَا اسْتَزَلَّهُمُ الشَّيْطَانُ بِبَعْضِ مَا كَسَبُوا وَلَقَدْ عَفَا اللَّهُ عَنْهُمْ إِنَّ اللَّهَ غَفُورٌ حَلِيمٌ
ဤအာယတ်တော်သည်အိုဟွဒ်စစ်မြေပြင်၌တမန်တော်မြတ်ကြီး (ဆွ)အားရန်သူများအကြားထားပြီးထွက်ပြေးတိမ်းရှောင်သွားသောသာဝက တော်များနှင့်စပ်လျဉ်းပြီးကျရောက်လာသောအာယတ်တော်ဖြစ်၏။
အာယတ်တော်၏အဓိပ္ပါယ်မှာ-
((ထို့သူများသည်အုပ်စုနှစ်စုရင်ဆိုင်သည်နေ့((အိုဟွဒ်စစ်ပွဲ))၌ကျောခိုင်း ထွက်ပြေးသွား၏။ ရှိုင်တွာန်သည်၎င်းတို့၏အချို့ဂိုနာများ၏အာနိသင် ကြောင့် လမ်းမှား အောင်လုပ်ဆောင်နိုင်ခဲ့ပေသည်။ စင်စစ်သော်ကား အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ခွင့်လွတ်တော်မူသောအရှင်နှင့် အနွံအတာခံ တော်မူ သော အရှင်ဖြစ်တော်မူ၏။))
ဤအာယတ်တော်က မီးမောင်းထိုးပြနေသည်မှာ ထို့နေ၌ သာဝက တော်များ၏ အုပ်စုတစ်စုသည် ကျောခိုင်း၍ ထွက်ပြေးသွားကြောင်း ဖြစ်ပေ သည်။ သမိုင်းစာမျက်နှာများကလည်း ၎င်းတို့၏ အရေအတွက်ကိုဖော်ပြထားပါသည်။
စိတ်ဝင်စားစရာအချက်သည်ကား -ရှိုင်တွာန်သည် ၎င်းတို့ကို လမ်းလွဲ၊ လမ်းမှားသို့ ရောက်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လုပ်နိုင်သည် အကြောင်းက လည်း ၎င်းတို့၏ ဂိုနာများကြောင့် ဖြစ်ကြောင်းဖြစ်ပေသည်။
ထွက်ပြေးကျောခိုင်းရသည့် အဓိကအကြောင်း ဂိုနာများကြောင့်ဆိုတာထင် ရှားနေပေ၏။
သို့သော်လည်းအာယတ်တော်ကဆက်၍မိန့်ထားသည်မှာအလ္လာဟ်အရှင်မြတ်သည်ခွင့်လွတ်ပလပ်တော်မူလိုက်ကြောင်း၊လာရှိပေသည်။
သို့ဖြစ်ပါ၍ သာဝကတော်များ တရားမျှတလို့၊ အပြစ်ကင်းလို့ ဟူ၍ မှတ်ချက်ချ မရပေ။ ကျမ်းတော်မြတ်ကုရ်အာန်၌ ၎င်းတို့ဂိုနာများလုပ်ခဲ့ကြောင်း အတိအကျ မိန့်ထားပေသည်။
ဤသည် မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။
ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်ဟိုဂျရသ်အာယတ်တော် (၆)၌ အချို့သာဝကတော်များကို ((ဖါစစ်က်)စာရိတ္တဖောက်ပြန်သူ၊ အဟ်ကမ်းကို နားလည်သော လည်းမလိုက်နာသူ ဖြစ်ကြောင်းမိတ်ဆက်ပေးထားပါ သည်။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإٍ فَتَبَيَّنُوا أَنْ تُصِيبُوا قَوْمًا بِجَهَالَةٍ فَتُصْبِحُوا عَلَى مَا فَعَلْتُمْ نَادِمِينَ
အဓိပ္ပာယ်။ ။
((အိုအီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့အကယ်၍((ဖါစစ်က်)စာရိတ္တ ဖောက်ပြန်သူ၊ အဟ်ကမ်းကိုနားလည်သောလည်းမလိုက်နာသူ၊ တစ်ဦးတစ် ယောက်သည် အသင်တို့ထံ သတင်း တစ်စုံတစ်ရာ ယူဆောင်လာသော စစ်ဆေး စူးစမ်းမှုပြုပါလေ။ သတင်းအမှန်မသိဘဲ အုပ်စုတစ်စုကို ဆုံးရှုံးမှုရအောင် လုပ်မိကာ နောင်တရနေမည် စိုး၍ ဖြစ်ပေသည်။))
သဖ်စီရ်ပညာရှင်များအကြား အထက်ပါ အာယတ်တော်သည် ဝလီးဗင်အိုကဗာ (သာဝက)နှင့် စပ်လျဉ်း၍ ကျရောက်လာကြောင်း ကျော်စောပေသည်။ တမန်တော်မြတ်ကြီး(ဆွ)သည် ၎င်း(သာဝက)အား ဗနီမွတ် (ဆ)သွာလက် မျိုးနွယ်စုဆီမှ ဇကာသ်ကောက်ခံရန် စေလွှတ်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ဇကာသ်မပေးဆောင်ကြောင်း၊ အစ္စလာမ်အားဆန့် ကျင်နေကြ ကြောင်း ဆိုပြီးပြန်ရောက်လာ၏။
မွတ်စလင်အချို့သည် ဝလီးဗင်အိုကဗာ(သာဝက)၏ စကားကိုယုံ လိုက်ကြပြီး ဗနီမွတ်(ဆ)သွာလက်မျိုးနွယ်နှင့် စစ်တိုက်ဖို့အသင့်ဖြစ်သွားကြ၏။ သို့သော်လည်းဘဲ အထက်ပါ ကျမ်းတော်မြတ် ကုရ်အာန်၏အာယတ်ကျ ရောက်လာပြီး ချက်ချင်း အကယ်၍ ((ဖါစစ်က်))သတင်းယူလာပါက စူးစမ်း၊ စစ်ဆေးရန်၊ ၎င်း၏ သတင်းကြောင့် အုပ်စုတစ်စုအား ဆုံးရှုံးမှုကိုပြုလုပ်မိ၍ နောင်တ မရစေရန် မွတ်စလင်များကို သတိပေးထားမြစ်ခဲ့သည်။
ရုတ်တရက် စူးစမ်းစစ်ဆေးရာ ဗနီမွတ်(ဆ)သွာလက်မျိုးနွယ်သည် မိုမင်မျိုးနွယ်ဖြစ်နေကြောင်း၊ ဝလီးဗင်အိုကဗာ(သာဝက)အား ကြိုဆိုဖို့အသင့် ရှိနေကြောင်း၊ အစ္စလာမ်ကို မဆန့်ကျင်ကြောင်း၊ ဝလီးဗင်အိုကဗာ(သာဝက) သည် (အတိတ်က)ရန်ငြိုးရန်စကြောင့် အကြောင်းမရှိအကြောင်း ရှာပြီး တမန်တော်မြတ်ကြီး(ဆွ)ထံ မဟုတ်မမှန် သတင်းပို့ခဲ့ကြောင်း သိရပေ
သည်။
ဝလီးဗင်အိုကဗာသည် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်တစ်ပါး ဖြစ်၏။ တမန်တော်မြတ်ကြီး(ဆွ)ကို သိရှိ နားလည် ခွင့်ရခဲ့ပြီး နေထိုင်ခွင့်ရခဲ့သူတစ်ဦးဖြစ်ပေသည်။ ကျမ်းတော်မြတ် ကုရ်အာန်က ၎င်းသည် ((ဖာစစ်က်))ဖြစ်ကြောင်း မီးမောင်း ထိုးပြထားသည်။ အခုလည်း သာဝကများအားလုံးတရား မျှတသူများဟု ပြောနိုင်ပါသေးသလား?
ဤသည် မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။
အချို့သာဝကတော်များသည် တမန်တော်မြတ်ကြီး(ဆွ) ဇကားသ် ဝေခွဲပေးချိန်၌ ကိုယ်တော်အပေါ် စောဒကတက်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်သောင်ဗာ အာယတ်အမှတ်တော် ၅၈ ၌ ဖော်ပြထားပါသည်။
ومِنْهُمْ مَنْ يَلْمِزُكَ فِي الصَّدَقَاتِ فَإِنْ أُعْطُوا مِنْهَا رَضُوا وَإِنْ لَمْ يُعْطَوْا مِنْهَا إِذَا هُمْ يَسْخَطُونَ
အဓိပ္ပာယ်။ ။
((၎င်း((သာဝကများ))တို့၏အကြား၌ အချို့သောသူများသည် ((မာလေဂနီးမသ်)) ((စစ်ပွဲအောင်မြင်ပြီးရရှိသောပစ္စည်းများ ခွဲဝေပေးချိန်၌ စောဒကတက် ကြကုန်၏။ ၎င်းတို့၏ ဝေစုစိတ်တိုင်းကျရလျှင် ကျေနပ်ကြပြီး၊ စိတ်တိုင်းကျမရလျှင် အမျက်ဒေါသ ထွက်ကြလေသည်။))
ဤကဲ့သို့သော သာဝကများသည် တရားမျှတသူများ (လေးစားထိုက်သူများ) မည်သို့ ဖြစ်ကြပါသနည်း?
ဤသည်မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။
ကျမ်းတော်မြတ်ကုရ်အာန်စူရဟ်အဟ်ဇာပ်အာယတ်တော်အမှတ် ၁၃ ၊ ၁၄ ၌အဟ်ဇာပ်စစ်ပွဲနှင့်စပ်လျဉ်း၍မိန့်တော်မူသည်မှာ-
((တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူအဟ်ဇာပ်စစ်ပွဲ၌အတူပါဝင်ခဲ့သော မိုနာဖေက်(အရေခြုံ)များ၊နှလုံးသားမကောင်းသူများသည် ကိုယ်တော်(ဆွ)အား
လှည့်ဖြားပြီး မတရားစွပ်စွဲပြောကြားသည်မှာ-
(مَا وَعَدَنَا اللهُ وَرَسُولُهُ إِلاَّ غُرُوراً)
အဓိပ္ပာယ် ။ ။
((အလ္လာဟ်ဟိုအရှင်မြတ်နှင့်၎င်း၏တမန်တော်(ဆွ)သည်ကျွန်ုပ်တို့အား လိမ်ညာပြီးကတိပေးခဲ့သည်။))
၎င်းတို့အထဲမှာအချို့ကထိုစစ်ပွဲ၌ တမန်တော်မြတ်ကြီး(ဆွ)သာ လျှင်ရှုံးနိမ့်မည်၊၎င်းတို့(မွတ်စလင်များ)အသတ်ခံရခြေရှိပြီး၊အစ္စလာမ်သာသနာပါအဆုံး သတ်ပျောက်ကွယ်၊ပျက်စီ်းသွားလိမ့်မည်ဟုထင်ထားကြ၏။
သို့မဟုတ်ရှီအာ၊ စွန္နီတို့ တင်ပြထားသော ရီဝါယတ်တော် များအရ ခန်ဒက်စစ်ပွဲ မစမီ အလျင် တမန်တော်မြတ်(ဆွ)သည် မဒီနာမြို့တစ်ဝိုက် ကတုတ်ကျင်းများ တူးဖော်နေစဉ် ကျောက်ခဲတစ်တုံးကို တွေ့ရလေ၏။ ထိုအချိန်၌တမန်တော်မြတ်ကြီး(ဆွ)အနေဖြင့်ဆီးရီး၊အီရန်၊ယမင်နိုင်ငံများကို အောင်နိုင်မည်ဖြစ်ကြောင်းနိမိတ်ဖတ်တော်မူခဲ့ရာ၎င်း(သာဝကများ)တို့အထဲမှ အချို့သည် ပြောင်လှောင်၊ ပျက်ရယ်ပြုခဲ့ကြ၏။
ဤသူများသည် စစ်မှန်သောသာဝတော်များဖြစ်ကြပါသလား?
ထိုထက်ပို၍ အံ့အားသင့်ဖို့ကောင်းသည်ကို နောက်အာယတ်တော်ကို ကြည့်ခြင်းဖြင့်သိနိုင်သည်၊ မိန့်တော်မူသည်မှာ-((၎င်း(သာဝကတော်များ)တို့ အထဲမှ အချို့သည် မဒီနာမြို့သားစစ်သည်များကို စစ်မြေပြင်သည် အသင်တို့၏ နေရာမဟုတ်ချေ၊ အသင်တို့၏နေရာသည် နေအိမ်ဖြစ်၍ ပြန်ပါလေဟု ပြောလေ၏။))
(وَإِذْ قَالَتْ طَّائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لاَ مُقَامَ لَكُمْ
فَارْجِعُوا)
ထို့အပြင် အချို့သာဝကတော်ကြီးများသည် စစ်မြေပြင်ကို ကျောခိုင်း နိုင်ရန် အကြောင်းမရှိအကြောင်းရှာပြီး တမန်တော်မြတ်ကြီး(ဆွ)ထံ ရောက်လာပြီး လျှောက်ထားကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၌ မိန့်တော်မူသည်မှာ-
(فِرَاراً وَيَسْتَأْذِنُ فَرِيقٌ مِّنْهُمْ النَّبِىَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِىَ بِعَوْرَة إِنْ يُرِيدُونَ إِلاَّ)
အဓိပ္ပာယ် ။ ။
(၎င်း(သာဝကတော်များ)ထဲမှအချို့မိမိတို့၏အိမ်မလုံခြုံသဖြင့်ပြန်ခွင့်ပေး ရန် ကိုယ်တော်မြတ်(ဆွ)ထံ ခွင့်တောင်း၏။ အမှန်တကယ်၎င်းတို့၏ အိမ်များသည် မလုံခြုံ၍ မဟုတ်ဘဲ စစ်မတိုက်ရအောင် အကြောင်းပြ၍ လိမ်လည်ခြင်း ဖြစ်ပေ သည်။)
ဒီလိုအခြေအနေရှိနေသောသာဝကများ၏လုပ်ရပ်များကိုမျက်ကွယ်ပြုဖို့၊(စစ်မှန်သောမွတ်စလင်များ)၎င်းတို့နှင့်ပတ်သက်၍စောဒကမတက်နိုင်ဘဲဖြစ်နိုင် နေနိုင်ပါသလား?
ဒီထက်ပိုပြီးဆိုးရွားလာသည်ကားသာဝကတော်ကြီးများဟုဆိုသူ များသည်တမန်တော်မြတ်ကြီး(ဆွ)အားအလွဲသုံးစား((ခယာနတ်))လုပ် သည်ဟုစွပ်စွဲခြင်းပင်ဖြစ်ပါသည်။
ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရဟ်အာလေအင်မါ ရာမ်အာယတ်တော်အမှတ် ၁၆၁ ၌ လေ့လာနိုင်ပေသည်။
وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ثُمَّ تُوَفَّى كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لا يُظْلَمُونَ
အဓိပ္ပာယ် ။ ။
((မည်သည်နဘီတမန်တော်မျှအလွဲသုံးစားလုပ်ခြင်းသည်မဖြစ်နိုင်ချေ။ မည်သူမဆိုအလွဲသုံးစားပြုပါက၊ မိမိအလွဲသုံးစားပြုထားသောအရာနှင့်အတူ ကေယာမတ်နေ့၌ ပြန်လည်ရှင်သန်ရပေမည်။ မည်သူမဆိုမိမိလုပ်ခဲ့သလို ပြန်လည်ရရှိမည် ဖြစ်ပါသည်။ မည်သူအပေါ်မျှမတရားပြုလုပ်မည်မဟုတ် ချေ။)) ဆိုလိုသည်ကားအကယ်၎င်းအပြစ်ဒဏ်ခံရမည်ဆိုပါကလည်းမိမိ၏လုပ်ရပ်ကြောင့်သာဖြစ်ပေသည်။
အထက်ဖော်ပြပါအာယတ်တော်နှင့် စပ်လျဉ်း၍ ကျရောက်လာရသည့် အကြောင်းအရင်းနှစ်ခု((၂))ရပ်တွေ့ရပါသည်။
တချို့သဖ်စီးပညာရှင်များက သာဝကအဗ်ဒွလ်လ္လာဟ်ဗင်ဂျဘီးရ် ကြောင့်ဟုဆိုထား၏။
အိုဟွဒ်စစ်ပွဲ၌ ၎င်းသာဝကနှင့်အပေါင်းအပါများကို ((အိုင်းနှိုင်း))ဆိုသည် နေရာ၌ နေရန် တမန်တော်မြတ်(ဆွ)မှ အမိန့်ပေးခဲ့သည်။ ၎င်းတို့အား စစ်နိုင် သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေဤနေရာကိုမဖယ်ရန်လည်း မိန့်တော်မူထား၏။
သာဝကအဗ်ဒွလ်လ္လာဟ်ဗင်ဂျဘီးရ်၏အပေါင်းအပါးများသည်၊မာ လေဂနီးမသ်((စစ်နိုင်၍ရန်သူထံမှရရှိသောပစ္စည်း))ကိုရယူရန်မိမိနေရာ မှထွက်သွားကြလေသည်။
ဤထက်ပိုဆိုးသောလုပ်ရပ်မှာ တမန်တော်မြတ်ကြီးစစ်နိုင်ရ ပစ္စည်းတွေကိုခွဲချိန်၌ မမျှမတလုပ်မည်ကိုစိုးရိမ်ရပါသည်ဟု ကိုယ်တော်(ဆွ)အားစွပ်စွဲပြောဆိုသောစကားပင်ဖြစ်ပေသည်။
((ဤနေရာ၌၎င်းသာဝကများကတမန်တော်မြတ်(ဆွ)အားပြောခဲ့သောစ ကားအရင်းကိုဖော်ပြရန်မသင့်တော်သဖြင့်မတင်ပြတော့ပေ။))
အာယတ်တော်ကျရောက်လာသည့်အကြောင်းရင်း နောက်တစ်ခုကို ((အိဗ်နေကစီးရ်))၊နှင့်((သဗ်ရီး))တို့တွင် တင်ပြထားပါသည်။
ဗဒဲရ်စစ်ပွဲအပြီး အဖိုးတန်အနီရောင်အဝတ် ပျောက်သွား၏။ အချို့ သာ သာဝကများက ((မအာဇလ္လာဟ်)) တမန်တော်မြတ်(ဆွ)ယူပါသည်ဟု စွပ်စွဲ သမုတ်ကြ၏။ သို့သော်သိပ်မကြာလိုက်ပေ ၎င်းအဝတ်ကိုပြန်တွေ့၏။
အမှန်တရားကို ဆန်းစစ်ရာ၌ စစ်သည်တစ်ယောက် ခိုးထားခဲ့ကြောင်း သိရလေ၏။
ဒီလိုတမန်တော်မြတ်ကြီး(ဆွ)အား မတော်မတရား၊ စွပ်စွဲသော သာဝက များကို လေးစားထိုက်ပါသလား? အပြစ်မရှိဟုသတ်မှတ်ပေးလို့ရပါသလား?
အထက်ပါဖော်ပြထားချက်များကြည့်ပြီးမိမိ၏နှလုံးသားကိုတရားသူ ကြီးအဖြစ်သတ်မှတ်ပြီးဆုံးဖြတ်ကြည့်ပါ။ ဤကဲ့သို့အမည်ခံသာဝက များကိုတရားမျှတပါသည်၊ အပြစ်ကင်းပါသည်၊ ၎င်းတို့၏ လုပ်ရပ်များကိုမည်သူမျှစောဒကတက်ခွင့်မရှိဟုအသင်လက်ခံပါသလား?
ကျွန်ုပ်အနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)၏သာဝတော်ကြီးများ အကြား၊ သူတော်စင်၊ သူတော်ကောင်းများဖြစ်ကြကြောင်းလက်ခံပါသည်။ သို့ သော်သာဝတော်များအားလုံးသည် တရားမျှတပါသည်၊ အပြစ်ကင်းပါသည်၊ သူတော်စင်၊ သူတော်ကောင်းများဖြစ်ပါသည်။ မည်သူမျှ၎င်းတို့နှင့်ပတ်သက်၍ စောဒကတက်ခွင့်မရှိဟု ခြုံပြီးပြော၍မရပေ။ ဤကဲ့သို့ဆိုခြင်းသည် အမှန်တကယ် အံ့သြစရာတစ်ခုပင်တည်း။
ဤသည်မည်ကဲ့သို့သောတရားမျှတမှုပါလိမ့်။
အပြင်ပိုင်းဆိုင်ရာအရ တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော် ကြီးများမှ တစ်ဦးဖြစ်သူ(မအ်ဝေယာ)အနေဖြင့် သာဝကတော်ကြီးတစ်ပါး ဖြစ်ပြီး၊မြင့်မြတ်သောနေရာ၏ပိုင်ရှင်ဟဇရတ်(သ)အလီ(အ.စ)အားနှစ်ပေါင်း များစွာကိုယ်တိုင်ဆဲရေးတိုင်းထွာကာ၊လအ်နသ်လုပ်ခဲ့လေသည်။ ထို့အပြင်မြို့များ ရှိမြို့သူ၊ မြို့သားများ တစ်ယောက်မျှ မကျန်အားလုံးကိုဟဇရတ် (သ)အလီ(အ.စ)အား ဆဲရေးတိုင်းထွာရန်၊ လအ်နသ်လုပ်ရန်အမိန့်ထုတ်ခဲ့ လေသည်။
ဤအကြာင်းနှင့်စပ်လျဉ်း၍ အောက်ဖေါ်ပြပါ ဟဒီးစ်တော်(၂)ခုအား ဂရုပြုသင့်ပေသည်။
၁။စိတ်အချရဆုံးအဟ်လေစွန္နတ်၏ကျမ်းဂန်များမှတစ်ကျမ်းဖြစ်သောစဟီးမွတ်စလင်၌ပါရှိသည်မှာ-
မအ်ဝေယာသည်စအ်ဗင်အဘီဝါကာဇ်ကိုအသင်အနေဖြင့်အဗူသိုရသ် (ဟဇရတ်(သ)အလီ(အ.စ)အား အဘယ်ကြောင့်ဆဲရေးတိုင်းထွာမှုနှင့် လအ်နသ် မလုပ်ရပါသနည်းဟုမေးလေ၏။ ၎င်းကပြန်လည် ဖြေကြားသည်မှာ-အကျွန်ုပ် သည် တမန်တော်မြတ်ကြီး(ဆွ)ထံမှ ၎င်းနှင့်ပတ်သက်၍ အရေးအကြီးဆုံး
(سه فضيلت )ကြီးကျယ်မြင့်မြတ်မှုသုံးခုအား နားသောတဆင်ခဲ့ရပေသည်။ ၎င်းသုံးခုအနက်တစ်ခုသာလျှင် ကျွန်ုပ်ပိုင်ဆိုင်လိုက်ပါကလောက၏ အကြီးမားဆုံးစည်းစိမ်၊ ဥစ္စာထက်ပင်ပို၍ အရေးကြီး တန်ဖိုးရှိပေသည်။ ဤသက်သေ အထောက်အထားကြောင့် (ဟဇရတ်(သ)အလီ(အ.စ)အား ဆဲ ရေးတိုင်းထွာခြင်း၊ လအ်နသ်လုပ်ခြင်း မပြုလုပ်ခြင်းဖြစ်ပေသည်။
စွန္နီပညာရှင်များအနက်မှကျော်ကြားသော ပညာရှင်တစ်ဦး
(ابن عبد ربّه اندلسى )အိဗ်နေအဗ်ဒွလ်ဘေအန်ဒါလေစီက မိမိ၏ကျမ်း(العقد الفريد)၌ ရေးသားသည်မှာ-
ဟစန်ဗင်အလီ(အ.စ){ဟဇရတ်(သ)အလီ(အ.စ)}ရှဟီးဒ်ဖြစ်တော်မူပြီး နောက်မအ်ဝေယာသည် အလ္လာဟ်ဟိုအရှင်မြတ်၏အိမ်တော်(ကအ်ဗာ)အား ဇေယာရတ်(သ)ပြုလုပ်ရန်လာပြီး မဒီနာရွှေမြို့တော်ရှိမင်ဘဲရ်ရေရ စူလ်(ဆွ) {တမန်တော်မြတ်ကြီး(ဆွ)}၏တရားပလ္လင်ပေါ်မှဟဇရတ်(သ)အလီ(အ.စ)အားဆဲရေးတိုင်းထွာပြီးလအ်နသ်ပြုရန်နီယတ်(သ)ဖြင့်မဒီနာရွှေ မြို့တော်သို့ခရီးထွက် ခဲ့သည်။
မအ်ဝေယာအားတစ်ချို့က မက်စ်ဂျစ်ဒ်၌ စအ်ဗင်အဘီဝါကာဇ်ရှိနေ ကြောင်း၎င်းက ဤလုပ်ရပ်အတွက် သည်းခံမည်မဟုတ်ကြောင်း၊ ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုပြုနိုင်ပေရာ တစ်ဦးတစ်ယောက်ကို စေလွှတ်ပြီး ၎င်းနှင့်ဆွေးနွေးသင့်ကြောင်းပြောကြားလေ၏။
မအ်ဝေယာက စုံစမ်းမေးမြန်းရန် တစ်ဦးတစ်ယောက်ကို စအ် ဗင်အဘီဝါကာဇ်ထံ စေလွတ်လိုက်ပြီး အကြောင်းအရာကို၎င်းထံပြောခိုင်း လေ၏။ စအ်ဗင်အဘီဝါကာဇ်အဖြေပြန်ပေးလိုက်သည်မှာ-ဤကဲ့သို့ လုပ်မည်ဆိုလျှင် ကျွန်ုပ်အနေဖြင့်မက်စ်ဂျစ်ဒ်ဒေနဗဝီမှ ထွက်သွားမည်ဖြစ်ပြီး လုံးဝဤမက်စ်ဂျစ်ဒ် တော်သို့လာမည်မဟုတ်ကြောင်းအဖြေပေးလေ၏။
မအ်ဝေယာသည် စအ်ဗင်အဘီဝါကာဇ်၏ အဖြေကိုကြားရပြီး နောက်ဟဇရတ်(သ)အလီ(အ.စ)အားဆဲရေးတိုင်းထွာခြင်း၊ လအ်နသ်ပို့သ ခြင်းကိုစအ်ဗင်အဘီဝါကာဇ်ကွယ်လွန်ချိန်အထိမလုပ်ခဲ့ပေ။ ၎င်းကွယ်လွန် ပြီးနောက် မင်ဘဲရ်ပေါ်မှ ကိုယ်တိုင်ဟဇရတ်(သ)အလီ(အ.စ)အားဆဲရေး တိုင်းထွာပြီး၊ လအ်နသ်ပို့ခဲ့ပြီး မိမိမြို့ဝန်များကို မင်ဘဲရ်ပေါ်မှ ဟဇရတ်(သ)အလီ (အ.စ)အားဆဲရေးတိုင်းထွာပြီး၊လအ်နသ်ပြုဖို့အမိန့်ပေးခဲ့လေ၏။ မြို့ဝန် များလည်း အမိန့်နာခံခဲ့ကြပေသည်။
ဤသတင်းဆိုးအား တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော် အွန်မေစလ်မာ သခင်မ(ရ. သွ)ကြားတော်မူသောအခါ မအ်ဝေယာထံ စာရေးပို့ လေ၏။စာသားသည်ကား-အသင်သည် မင်ဘဲရ်ပေါ်မှ နေ၍ အလ္လာဟ်၊ ရစူလ်(ဆွ)၊ ကို ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပြုရပါသလား? အသင်သည် ဟဇရတ်(သ) အလီ(အ.စ)အား ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပို့ဖို့ အဘယ်ကြောင့်အမိန့် ပေးခဲ့ရပါသနည်း?
(و من أحبّه) ဆိုလိုသည်ကား-အလ္လာဟ်ဟိုအရှင်မြတ်သ ခင်သည် ဟဇရတ်(သ)အလီ(အ.စ)အား အချစ်မေတ္တာထားတော်မူ၏။ ရစူလ်(ဆွ)သည်ဟဇရတ်(သ)အလီ(အ.စ)အားအချစ်မေတ္တာထားတော်မူ၏။မည်သူမဆိုအလီ(အ.စ)အားအချစ်မေတ္တာထားခြင်းသည် အလ္လာဟ်၊ရစူလ်(ဆွ)အား အချစ်မေတ္တာထားခြင်းဖြစ်ပြီး အမှန်တကယ်၎င်းအပေါ်လအ်နသ်လုပ် ခြင်းသည် အလ္လာဟ်၊ ရစူလ်(ဆွ)အပေါ်လုပ်ခြင်းဖြစ်ပေသည်။ မအ်ဝေယာ (လ.န)သည် ဂျနာဗေအွန်မေစလ်မာစာကိုဖတ်သော်ငြားလည်းနားမ ထောင်ခဲ့ချေ။
ဤကဲ့သို့မကောင်းသောယုတ်ညံ့သောလုပ်ရပ်များသည်တရားမျှတမှု၊သီလသမာဓိရှိမှုအတွက်မဆန့်ကျင်နေပါသလော?
အသိဉာဏ်၊ စဉ်းစားဆင်ခြင်တုံတရားရှိသူတိုင်း၊ တရားမျှတသူတိုင်း ဟဇရတ်(သ)အလီ(အ.စ) ကဲ့သို့သောသူတော်စင်၊သူတော်ကောင်း၊မြင့် မြတ်သူအား လူမဆန်သောလုပ်ရပ်၊ နေရာအနှံ့ဆဲရေးတိုင်းထွာခွင့်၊ လအ်နသ်ပြုခွင့် ပေးမည်မဟုတ်ပေ။
အာရပ်ကဗျာဆရာတစ်ဦးက ပြောသည်မှာ-
! اعلى المنابر تعلنون بسبّه *** و بسيفه نصبت لكم أعوادها؟
အဓိပ္ပါယ်-အသင်အနေဖြင့် အလီ(အ.စ)၏ အင်အားကြောင့် ယနေ့ မင်ဘဲရ် ရှိနေရတာကို အဲဒီမင်ဘဲရ်ပေါ်ကနေ ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပို့ရပါသလား?
ဤနေရာ၌ ကဗျာဆရာသည် (سيفه)ဓားဟု သုံးထားပါသည်။ သို့သော် ဆိုလိုသည်မှာ မောင်လာအလီ(အ.စ)၏ အစွမ်းသတ္တိ၊ အင်အားကို ဆိုလိုခြင်း ဖြစ်ပေသည်။ ဘာသာပြန်ဆိုသူ
၇။ တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်များ၏ အမျိုးအစားများ
ကျမ်းတော်မြတ် ကုရ်အာန်အာယတ်တော်များ၏ မီးမောင်းထိုးပြ ချက် အရ- အလ္လာဟ်ဟိုအရှင်မြတ်၏ တမန်တော်မြတ်(ဆွ)ရဲ့ သာဝကတော် များကို အုပ်စု(၅)စုခွဲလို့ ရပေသည်။
ပထမအုပ်စု။
သန့်ရှင်းစင်ကြယ်ပြီး၊ သူတော်စင် သူတော်ကောင်းများ။
ဤအုပ်စုသည် မိုမင်သူတော်စင်များ၊ အခ်လာစ် ဖြူစင်သော စိတ်ရှိသူများ ဖြစ်ကြပြီး၊ အီမာန်အားဖြင့် နက်နက်ရှိသူများ ဖြစ်ကြပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်၏ လမ်းစဉ်နှင့် အစ္စလာမ်အတွက် မည်ကဲ့သို့မျှ စတေးမှုကို ဖြစ်စေ၊ ပေးရန် အသင့်ရှိသူများ ဖြစ်ကြပေသည်။ ဤအုပ်စုနှင့် ပတ်သက်ပြီး စူရာဟ် သောင်ဗာ အာယတ်တော်အမှတ်(၁၀၀)၌ အလ္လာဟ်ဟိုအရှင်မြတ်က လမ်းညွန်ထားပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်သည် ၎င်းတို့အား နှစ်သက် မြတ်နိုး၊ နှစ်မြို့တော်မူပြီး၊ ၎င်းတို့အနေဖြင့်လည်း အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးဇူးတော်များ၊ ကြင်နာမှုများကို နှစ်မြို့ သဘောကျတော်မူကြလေ၏။
عَنْهُمْ وَرَضُوا عَنْهُ رَضِىَ اللهُ
ဒုတိယအုပ်စု။ အပြစ်ရှိသောမိုမင်များ။
ဤအုပ်စုသည် အီမာန်ရှင်များ၊ ကောင်းမြတ်သော သီလကို ဆောက် တည် သော်လည်း တစ်ခါတစ်ရံ၊ မှားယွင်းသွား တတ်ကြ၏။ ကောင်းမြတ်သော အလုပ်နှင့် မကောင်းသော အလုပ်ကို ရောထွေး ပစ်လိုက်ကြသည်။ မိမိတို့၏ အပြစ်ငရဲများကို ဝန်ခံပြီး ခွင့်လွှတ်ပလပ်ခြင်းခံကြမည်ဟု မျှော်လင့်ချက် ထားသူများဖြစ်ကြပေသည်။ စူရာဟ်သောင်ဗာအာယတ်တော်အမှတ်(၁၀၂)မှမီးမောင်းထိုးပြထားပါသည်။
سَيِّئاً عَسَى اللهُ أَنْ يَتُوبَ عَلَيْهِم وَآخَرُونَ اعْتَرَفُوا بِذُنُوبِهِمْ خَلَطُوا عَمَلا صَالِحاً وَآخَرَ
တတိယအုပ်စု။ ။အပြစ်ရှိသူများ။
ဤအုပ်စုအားကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် ဖာစစ်က်ဟု အ မည် ပေးထားပြီး၊ ၎င်းသတင်းပေးပို့လာပါက စုံစမ်းလေ့လာမှုမပြုဘဲ၊ လက်မခံဖို့ဆိုထား ပေသည်။ စူရာဟ်ဟိုဂျရသ်အာယတ်တော် အမှတ်(၆)၌ ဖေါ်ပြ ထားပါသည်။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإ فَتَبَيَّنُوا
စွန္နီ၊ ရှီအာ သဖ်စီရ်ပညာရှင်ကြီးများက ဤအာယတ်တော်၌
ဖာစစ်က်သည်မည်သူမည်ဝါဖြစ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယတ်တော်ကျရောက်လာရကြောင်းအ ကျယ်တဝင့်ရေးသားထားကြပါသည်။
စတုတ္ထအုပ်စု။ ။အပြင်ပိုင်းအရမွတ်စလင်များ။
ဤအုပ်စုသည် အစ္စလာမ်သာသနာကို လက်ခံသက်ဝင်ကြောင်း ကြေငြာသော်လည်း၊ နှလုံးသား၌ အီမာန်နက်နက်နဲနဲမရှိကြပေ။ ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရာဟ်ဟိုဂျရသ်အာယတ်တော်အမှတ်(၁၄)၌ ဖေါ်ပြထားပါသည်။
قَالَتِ الأعْرَابُ آمَنَّا قُلْ لَمْ تُؤْمِنُوا وَلَكِنْ قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الإيمَانُ فِي قُلُوبِكُمْ
ပဉ္စမအုပ်စု။ ။မိုနာဖေက်များအရေခြုံများ။
ဤအုပ်စုသည်မွတ်စလင်အယောင်ဆောင်ထားသော အရေခြုံမိုနာဖေက် များဖြစ်ကြပြီး၊ မွတ်စလင်များအကြား၌ နေထိုင်ကြပါသည်။ အချို့သည် နာမည် ထွက်လာသော်လည်း၊ အချို့သည်ကွယ်ဝှက်လျက်ရှိခဲ့ပေသည်။ ၎င်းတို့သည်အစ္စလာမ်သာသနာအမိန့်တော်များ၊ မွတ်စလင်များ၏တိုးတက်မှု လုပ်ငန်းများအတွက် ကတိတော်များကိုချိုးဖျက်ခဲ့သူများဖြစ်ကြပါသည်။ ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရာဟ်သောင်ဗာအာယတ် တော်အမှတ်(၁၀၁)၌ လမ်းညွှန်ထားပါသည်။
وَمِمَّنْ حَوْلَكُمْ مِنَ الأعْرَابِ مُنَافِقُونَ وَمِنْ أَهْلِ الْمَدِينَةِ مَرَدُوا عَلَى النِّفَاقِ
ဧကန်မုချ၎င်းတို့အားလုံးသည် တမန်တော်မြတ်ကြီး(ဆွ)အား ဖူးတွေ့ ခဲ့သူများ၊ အတူတူ စကားဝိုင်းထိုင်ခဲ့ကြ၏။ ဘဝတည်ဆောက်ခဲ့ကြသည်။ ၎င်းတို့ အထဲမှတော်တော်များများသည် တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ တိုက်ပွဲများ ဝင်ခဲ့ကြသည်။ သာဝကတော်ကြီးများဟု ဆိုတိုင်း ဤအုပ်စု(၅)စုအနက်မှ တစ်စု ပါဝင်နေပါသည်။ ဤအုပ်စု(၅)စုလုံးအား ဂျန္နတ်သုခဘုံသို့စံ မြန်းရမည်သူများ ဖြစ်ပါသည်ဟု ဆိုနိုင်ပါသလား?
ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်များကို လေ့လာ သုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့အနေဖြင့် အလယ်အလတ်လမ်းစဉ် (ပိုမပြော၊ လျှော့မပြော)ကို မရွေးချယ်သင့်ပါသလော?
ကျမ်းတော်မြတ်ကုရ်အာန်က သာဝကတော်ကြီးများ၏အုပ်စုကို (၅)စုခွဲခြား ပြဆိုထားရာ ပထမအုပ်စု၊ သန့်ပြန့်၊သန့်ရှင်းသောသူတော်စင်၊ သူ တော်ကောင်း သာဝကတော်ကြီးများ အလွန့်အလွန်ရိုသေလေးစား၊ဂုဏ်ပေးရ မည်ဖြစ်ပြီး၊ ကျန်(၄)စုအားလည်း၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ပြုမူဆက်ဆံရပေမည်။ တိုးခြင်း၊ လျော့ခြင်း၊ အစွန်းရောက်ခြင်း၊ တယူသန်ခြင်းမှရှောင် ကြဉ်ပြီး၊ အလယ်အလတ်လမ်းစဉ်၊တရားမျှတမှုလမ်းစဉ်ကိုရွေးချယ်ရပေမည်။
၈။ အတိတ်သမိုင်းသက်သေ
သာဝကတော်များ အားလုံးတရားမျှတပြီး အပြစ်ကင်းပါသည်ဟု ခံယူ ထားသူများ အတွက်မြောက်များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရပေသည်။ အကြီးမားဆုံး အခက်အခဲသည် အတိတ်သမိုင်း ဖြစ်ပေသည်။
အကြောင်းသည်ကား ထင်ပေါ်ကျော်ကြားပြီး စိတ်ချရသောသမိုင်း စာအုပ်များ၊ ယုတ်စွအဆုံး စွဟီကျမ်းကြီး(၆)ကျမ်း (ဘိုခါရီ၊မွတ်စလင်…) တို့အတွင်း၌ အချို့သာဝကတော်များ အချင်းချင်း၊ အပြင်းအထန်ပြဿနာများရှိခဲ့ ကြောင်း တွေ့မြင်နေရသောကြောင့်ဖြစ်ပါသည်။ ပြဿနာဖြစ်ခဲ့သော နှစ်ဖက်သော သာဝကတော်များကို နှစ်ဖက်စလုံး၊ နှစ်ယောက်စလုံး တရားမျှတပြီး၊ သူတော်စင်၊ သူတော်ကောင်း မြင့်မြတ်သူများဟုမဆိုနိုင်ချေ။
အကြောင်းသည်ကား ဆန့်ကျင်ဘက်နှစ်ခုအား ပေါင်းလို့မရသော ကြောင့် ဖြစ်ပေသည်။ မတူသောအရာနှစ်ခုကို တူအောင် ပေါင်းလို့ရသည်ဟု ဆိုခြင်းသည် အသိဉာဏ်နှင့် ဆန့်ကျင်နေသော၊ သဘာဝနိယာမ တစ်ခုဖြစ်ပေသည်။ ဆိုလိုသည်က အကောင်းကိုလည်း အကောင်း၊ အဆိုးကိုလည်း အကောင်းဟုဆိုခြင်းသည် သဘာဝမကျပေ။(logic) ဖတ်ဖူးသူတိုင်း ပိုသိပေသည်။
အတိတ်ကာလ၌ စစ်ပွဲများဂျမလ်၊ စစ်ဖီး(န)သွလ်ဟာဇိုဘိုင်ရ်၊မအ် ဝေယာတို့အနေဖြင့် အေမာမ်မွတ်စလေမီးန် မောင်လာအလီ(အ.စ)အား တိုက်ခိုက်ကြသည်။ အမှားအယွင်းများ၊ နှိပ်စက်ညှဉ်းပန်မှုများ ပါဝင်သော စစ်ပွဲဟု ဝန်ခံ ရပေလိမ့်မည်။ ဥပေက္ခာပြု၍မရချေ။ သမိုင်းအထောက်အထား၊ အများ အပြားရှိသည့်အနက် ဤဖြစ်ရပ်သုံးခုကိုသာ သာဓကအားဖြင့် အကျဉ်းချုပ် ဖေါ်ပြ ပေးပါမည်။
သာဓက(၁)။ ။ဘိုခါရီ၊ကျော်ကြားသော ဟဒီးစ်ပါရဂူအနေဖြင့် မိမိကျမ်း၌ (افك)တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော်အားစွပ်စွဲ ပုတ်ခတ်ခြင်းနှင့် ပတ်သက်ပြီး အကျယ်ဖွင့်ဆိုရာ၌ ရေးသားထားပါသည်။
တမန်တော်မြတ်ကြီး(ဆွ)သည် တစ်နေ့ မွတ်စလင်လူထုအားမိန့် ကြားတော်မူသည်မှာ-အိုမွတ်စလင်အပေါင်းတို့! ဤလူ (အဗ်ဒွလ် လ္လာဟ်ဗင် စလူးလ်၊ မိုနာဖေက် ခေါင်းဆောင်များမှ တစ်ယောက်)အား အပြစ် ဒဏ်မည်သူ ပေးမည်နည်း?
ဒီလူဟာ အကျွန်ုပ်၏ ကြင်ယာတော်အား စွပ်စွဲပုတ်ခတ်ခဲ့သူဖြစ် ကြောင်း သတင်းအမှန် ရထားပေသည်။ အမှန်တကယ် ကျွန်ုပ်အနေဖြင့်မိမိ ကြင်ယာ တော်၌ ဤကဲ့သို့သော်မကောင်းသည့် အကျင့်ကို မတွေ့ရပေ …စအ်ဗင်မအာဇ် အန်စာရီ (ကျော်ကြားသောဆာဟဘီ) အနေဖြင့်ထရပ်ပြီး လျှောက်လေ၏။
ကျွန်တော်သူ့ကိုအပြစ်ဒဏ်ပေးမည်။ အကယ်၍ အောင်စ် အမျိုးအနွယ်က ဖြစ်ပါက ကွက်မျက်မည်။ အကယ်၍ ခါဇ်ရဂ်ျ အမျိုးအနွယ် က ဖြစ်ပါက မိန့်တော်မူသည့်အတိုင်း အပြစ်ဒဏ်ပေးပါမည်။
သူတော်စင်၊ သူတော်ကောင်းတစ်ပါးဖြစ်သော စအ်ဗင်အေဗာသ် (ခါဇ်ရရှ် အမျိုးအနွယ် ခေါင်းဆောင်)အနေဖြင့် လူမျိုးကြီးဝါဒကြောင့် စအ်ဗင်အာဇ်အား ပြောကြား လေ၏။
အလ္လာဟ်ဟို အရှင်မြတ်ကစမ်! အသင်လိမ်ညာ ပြောဆိုခြင်း ဖြစ်ပေ သည်။ ဤကဲ့သို့သောအလုပ် လုပ်ဖို့ အသင်ထံ၌ လုံးဝစွမ်းအားမရှိချေ။ အစီးဒ်ဗင်ဟဇီးရ် (စအ်ဗင်မအာဇ်၏ ညီတစ်ဝမ်းကွဲ) ပြန်ပြောသည်မှာ အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ်!အသင်သာလျှင် လိမ်ညာပြောဆို ခြင်းဖြစ်၏။
သူ(عبدالله بن سلول)သည် မိုနာဖေက်တစ်ယောက် ဖြစ်၏။ ကျွန်ုပ်တို့ ၎င်းကို သတ်မည်။ အောင်စ်အမျိုးအနွယ်နှင့် ခါဇ်ရဂ်ျ အမျိုးအနွယ် အချင်းချင်း ခိုက်ရန် ဖြစ်ပွားဖို့အထိ ရောက်သွားချိန်၌ တမန်တော်မြတ်ကြီး(ဆွ)က ထိန်းသိမ်း လိုက်လေသည်။
ဤစကားများခဲ့ကြသော သာဝကတော်များအားလုံးသည် သူတော် စင်၊ သူတော်ကောင်းများ ဖြစ်ကြပါသလော!
သာဓက(၂)။ ကျော်ကြားသောပညာရှိ(بلاذرى)အနေဖြင့်မိမိ၏ကျမ်း (الأنساب)၌ ရေးသားထားသည်မှာ- စအ်ဗင်အဘီဝါကာဇ်သည် ကူဖာမြို့ဝန်ဖြစ် ရာ၊ အွတ်စ်မန်း(ခလီဖွာ)က ၎င်းအား အလုပ်ဖြုတ်ပြီး ၎င်းနေရာ၌ ဝလီးဗင်အွက်ဗာကို ခန့်လေ၏။ အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်သည် ထိုအချိန်၌ ပြည်သူပိုင်ဘဏ္ဍာတိုက်၏ ဘဏ္ဍာရေးမှူးဖြစ်၏။ ဝလီးဗင်အွက်ဗာကူဖာသို့ရောက်လာ ချိန်၌အဗ်ဒွလ္လာဟ်ဗင် မတ်စ်အူးဒ်ထံမှ ဘဏ္ဍာတိုက်၏ သော့များတောင်း လေ၏။ အဗ်ဒွလ္လာဟ်ဗင်မတ်စ်အူးဒ်က သော့များပေးပြီးပြောကြားသည် မှာ-
((ခလီဖွာသည် တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်အား ပြောင်းလွဲ လိုက်ချေပြီ။ စအ်ဗင်အဘီဝါကာဇ်လို အရေးပါ အရာရောက်သော သာဝကကြီးကို ဖယ်ပြီး ဝလီးဗင်အွက်ဗာလိုလူမျိုးကို ခန့်ထိုက်ပါသလား?))
ဝလီးဗင်အွက်ဗာက အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်သည်ခလီဖွာ အားစောဒက တက်နေ ကြောင်းခလီဖွာထံစာရေးပို့လေ၏။
ခလီဖွာသည် အဗ်ဒွလ္လာဟ်ဗင်မတ်စ်အူးဒ်အား အစောင့်တပ်များဖြင့် မဒီနာမြို့ သို့ပို့ရန် ဝလီးဗင်အွက်ဗာကို အမိန့်ပေးလေ၏။ အဗ်ဒွလ္လာဟ်ဗင်မတ်စ် အူးဒ် မဒီနာမြို့ရောက်ချိန်၌ ခလီဖွာ(အွတ်စ်မန်း)သည် မင်ဘဲရ်ပေါ်၌ ရှိနေပြီး ၎င်းအားမြင်သည်နှင့်ပြောလေ၏။
((အသင်သည်မကောင်းသောအလုပ်ကိုလုပ်နေ၏။(မသင့်လျော်သ ဖြင့်စကားလုံးအမှန်ကိုမသုံးထားချေ။))
အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်ပြန်ပြောသည်မှာ-
((ကျွန်ုပ်သည်အသင်ပြောသလိုမဟုတ်၊တမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော်တစ်ပါးဖြစ်ပြီးဗဒ်ရ်စစ်ပွဲ၌ဆင်နွဲခဲ့သူ၊ဗိုင်အတ်သေရေဇ်ဝမ်းနေ့၌တက် ရောက်ခဲ့သူဖြစ်ပေသည်။))
ဟဇရတ်(သ)အာအေရှာအနေဖြင့်အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်ဘက်မှထရပ် ပြီးပြောလေ၏။သို့သော်ခလီဖွာကျေးကျွန်ရာဟ်မူးမ်ဟဇရတ်(သ) အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်အားဗလီအပြင်သို့တွန်းထုတ်ပြီးကိုင်ပေါက်လေရာနံရိုးကျိုးသွားလေ၏။
သာဓက(၃)။ ။(بلاذرى)အနေဖြင့်မိမိ၏ကျမ်း(أنساب الأشراف)၌ထပ်၍ရေး သားထားသည်မှာ-မဒီနာရွှေမြို့တော်ရှိပြည်သူ့ဘဏ္ဍာတိုက်သည်အဖိုးတန် ကျောက်သံ၊ပတ္တမြားများဖြင့်ပြည့်ညပ်နေပေသည်။အွစ်မန်းအနေဖြင့်အချို့ကိုမိမိ ဆွေမျိုးအချို့အားပေးထားလေသည်။ပြည်သူလူထုအနေဖြင့်သိသွားသောအခါခလီဖွာအားပေါ်တင်ဆန့်ကျင်မှုပြုလာကြ၏။ကျော်မကောင်း၊ ကြားမကောင်းသောစကားများဖြင့်ပြင်းပြင်းထန်ထန်၊ခလီဖွာအားဆိုလာကြရာ၊အွစ်မန်အနေဖြင့်ဒေါသထွက်လေ၏။ထို့နောက်မင်ဘဲရ်ပေါ်တက်ပြီးခွသ်ဗာပေးလေ၏။
ကျွန်ုပ်အနေဖြင့်လိုအပ်သလောက်ပြည်သူ့ဘဏ္ဍာတိုက်မှသုံးစွဲမည် ဖြစ်ပြီး၊ဤအတွက်အချို့ကိုပင်အရေးယူရလျှင်ယူရပါစေဤအလုပ်ကိုလုပ်မည်။
ဆိုလိုသည်ကားတရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေလုပ်မည်ဖြစ်၏။
(ဘာသာ ပြန်ဆိုသူ)
ဟဇရတ်(သ)အလီ(အ.စ)အနေဖြင့်ခလီဖွာအားပြောကြားသည်မှာ- ((မွတ်စလင်လူထုကြီးအနေဖြင့်အသင်ကိုတားဆီးပိတ်ပင်ကြပေလိမ့်မည်။))
ဟဇရတ်(သ)အမာရေယာစေရ်အနေဖြင့်ပြောကြားသည်မှာ- ((ပထမဦးဆုံးအရေးယူခံရမည့်သူသည်ကျွန်ုပ်သာဖြစ်ကြောင်းပြောလေ၏။))
(ဆိုလိုသည်ကားစောဒကတက်မှုကိုလက်လွတ်မည်မဟုတ် ကြောင်းဖြစ်၏။)
အွစ်မန်ဒေါသထောင်းထောင်းထွက်ပြီးပြောလေ၏။မင်းကငါကိုစော်ကားတာပေါ့၊ဆိုပြီးသူကိုဖမ်းဖို့အမိန့်ပေးလေ၏။အမာရေယာစေရ်အားဖမ်းဆီးပြီးအွစ် မန်အိမ်သို့ခေါ်ဆောင်လာပြီးမေ့မျောသွားသည်အထိရိုက်နှက် လေ၏။ပြီးနောက်ဂျနာဗေစလ်မာ(တမန်တော်မြတ်ကြီး၏ကြင်ယာတော်)အိမ်သို့ ခေါ်လာလေ၏။ဇဟိုရ်၊အဆွရ်၊မဂဲရ်ရစ်နမာဇ်များပြီးသည့်အချိန်ထိ မေ့မျောနေရှာ၏။သတိပြန်ရလာသောအခါဝိုဇူပြုလုပ်၍နမာဇ်ဖတ်ပြီးပြော လေ၏။ဤအလ္လာဟ်လမ်းစဉ်အတွက်နှိပ်စက်ညှဉ်းပန်းခံရမှုသည်ကျွန်ုပ်အတွက်ပထမဦးဆုံးအကြိမ်မဟုတ်ချေ။ (ဂျဟေလီးယေသ်ခေတ်ကာလတွင်ကာဖေရ်များ၏ညှဉ်းပန်း၊နှိပ်စက်မှုဘက်သို့လည်းအရိပ်အယောင်ပြခြင်းဖြစ်ပေသည်။)
ကျွန်တော်အနေဖြင့်ဤကဲ့သို့မနှစ်မြို့၊စိတ်မချမ်းသာစရာအစ္စလာမ်သမိုင်းကိုတင်ပြဖို့အာသီသမရှိချေ။(အသင်စာရှုသူများစိတ်ထိခိုက်မည်ကို စိုးရိမ်၍မတင်ပြခြင်းဖြစ်ပေသည်။တင်ပြမည်ဆိုလျှင်အများကြီးရှိပေသည်။)
သို့သော်လည်းပဲစွန်နီညီနောင်များ၏သာဝကများအားလုံးသည်တရားမျှတပြီး၊သူတော်စင်၊သူတော်ကောင်းများဟုခံယူထားသောအကီသာ ကြောင့်ကျွန်တော်အနေဖြင့်စိတ်ထိခိုက်စေသော၊နှစ်မြို့ဖွယ်မကောင်းသောအစ္စလာမ်သမိုင်းများကိုခြုံငုံ၍ဖေါ်ပြဖို့အခြေအနေသို့ရောက်ခဲ့ခြင်းဖြစ်ပေ သည်။
အခုမေးစရာမေးခွန်းသည်ကား-အလွန်သန့်ပြန့်သောသူတော်စင်၊ သူတော်ကောင်းသာဝကတော်ကြီး(၃)ပါး(စအ်ဗင်မအာဇ်၊အဗ်ဒွလ္လာဟ်ဗင် မစ်အူးဒ်၊အမရ်ရေရာစေရ်)တို့အားဆဲရေးတိုင်းထွာပြီးကိုယ်ခန္ဓာကိုထိခိုက် သည်အထိဒုက္ခပေးခဲ့သောလုပ်ရပ်အတွက်ဗဟာနာအကြောင်းပြချက်ရှိပါ သေးသလော?
သာဝကတော်တစ်ပါးနံရိုးကျိုးသည်အထိလုပ်ရပ်၊နောက်တစ်ပါး အားမေ့လျော့သွားပြီးနမာဇ်များလွတ်သွားရသည့်အထိရိုက်နှက်နှိပ်စက်
ခြင်းသည်မှန်ကန်ပါသလော?
ဤကဲ့သို့နမူနာသမိုင်းအထောက်အထားအမြောက်အများရှိပါ လျက်၊အမှန်တရားကိုဖုံးကွယ်ပြီး၊မျက်ကွယ်ပြု၍သာဝကတော်များအားလုံးသည်လူတော်လူကောင်းများဖြစ်ကြပါသည်။၎င်းတို့လုပ်ရပ်များမှန်ကန်ပါသည်ဟုဆိုနိုင်ပါသလော?
စေပါယာဆွာဟာဗာတပ်ဖွဲ့ပြီးသာဝကများအားလုံး၏လုပ်ရပ်များ အားအကျိုးအကြောင်းမစဉ်းစားဘဲ၊ကာကွယ်ကြမည်လော?(မကောင်း သောသာဝကများကိုမကောင်းပြောဆို၊ရေးသားသူများကိုဒုက္ခပေး၊သတ် ဖြတ်ကြမည်လော?ဦးနှောက်မရှိသူများ၏လုပ်ရပ်ပင်တည်း။)
ဤကဲ့သို့သောလုပ်ရပ်၊အသိဥာဏ်ရှိသူထမင်းစားသူတိုင်းလက်ခံ ကြမည်လော?
ဤနေရာ၌ကျွန်ုပ်အနေဖြင့်အရှေ့ကပြောပြပြီးဖြစ်သောစကားကိုတပ်ပြီး ကျော့ရပေလိမ့်မည်။တမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော် များအနက်မိုမင်၊သူတော်စင်၊သူတော်ကောင်း၊သန့်စင်သန့်ပြန့်သီလသမာဓိရှိသူအမြောက်အများရှိပါသည်။သို့သော်၎င်းတို့၏လုပ်ရပ်များကိုစောဒကတက်စရာ၊စီစစ် လေ့လာစရာအဖြစ်သတ်မှတ်ဖို့၊အသိဥာဏ်၏ချိန်ခွင်ဖြင့်ချိန်ပြီးအဖြေထုတ်ဖို့လို အပ်သောအချို့သာဝကများလည်းရှိနေပေသည်။
၉။အချို့သာဝကများအားတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌(သို့)ပြီး နောက်ရှရီအီအပြစ်ဒဏ်ပေးခြင်းခံရခြင်း။
အချို့သာဝကများသည်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌(သို့) နောက်ပိုင်း၌အပြစ်ဂိုနာများကျူးလွန်ခဲ့သဖြင့်ရှရီအီအပြစ်ဒဏ်ပေးခြင်းခံခဲ့ရ ကြောင်းစွန်နီစဟီကျမ်းကြီး(၆)ကျမ်းနှင့်အခြားထင်ပေါ်ကျော်ကြားသော ကျမ်းများ၌လည်းပါရှိပေသည်။
ဒါလည်းပဲသာဝကတော်များအားလုံးတရားမျှတပါသည်ဟုဆိုအုန်းမည် လော?မည်ကဲ့သို့သော်တရားမျှတမှုပါလိမ့်?
အကယ်၍ဂိုနာယေကဗီးရာ(ကြီးမားသောဂိုနာ)ကျူးလွန်မှုကြောင့်ရှရီအီအပြစ်ဒဏ်အပေးခံရသည့်အထိသာဝက(တစ်ချို့)ကျူးလွန်ခဲ့သည်ကို ပင်တရားမျှတသည်၊အပြစ်ကင်းသည်ဟုဆိုအုန်းမည်လော?
အောက်၌နမူနာအဖြစ်ဖေါ်ပြပေးပါမည်။
(၁)သာဝကနအီးမန်အနေဖြင့်အရက်သေစာသောက်စားခဲ့သဖြင့်တမန် တော်မြတ်ကြီး(ဆွ)သည်ဖိနပ်ဖြင့်ရိုက်ဖို့အမိန့်ပေးခဲ့လေ၏။
(၂)ဗနီအက်စ်လမ်မျိုးနွယ်မှသူတစ်ဦးသည်ဇေနာယေမိုဟ်ဆေနာ(ယော က်ျားရှိသောမိန်းမနှင့်ဖေါက်ပြန်ခဲ့မှု)ကျူးလွန်ခဲ့သည့်အတွက်တမန်တော် မြတ်ကြီး(ဆွ)အနေဖြင့်ခဲဖြင့်ပေါက်သတ်ရန်အမိန့်ပေးခဲ့လေသည်။
(၃) တမန်တော်မြတ်ကြီး(ဆွ)သည်မိမိ၏ကြင်ယာတော်အားစွပ်စွဲပုတ်ခတ် ခဲ့သဖြင့်အချို့ကိုစွပ်စွဲမှုနှင့်ဆိုင်သောရှရီအီအပြစ်ဒဏ်ပေးခဲ့ပေသည်။
(၄) တမန်တော်မြတ်ကြီး(ဆွ)ခေတ်နောက်ပိုင်းအဗ်ဒွရ်ရဟ်မန်ဗင်အိုမရ်နှင့် အိုက်ဗာဗင်ဟာရေစ်ဗဒ်ရီးတို့အားအီဂျစ်မြို့ဝန်အမ်ရ်ဗင်အာစ်အနေဖြင့်အ ရက်သေစာသောက်စားခဲ့သဖြင့်ရှရီအီအပြစ်ဒဏ်ပေးခဲ့ပေသည်။ထို့နောက်အိုမာရ်အနေဖြင့်မိမိသားအားဒုတိယအကြိမ်ထပ်၍ရှရီအီအပြစ်ဒဏ်ပေးခဲ့ ပေသည်။
(၅)ဝလီဗင်အိုက်ဗာ၏အဖြစ်အပျက်သည်ကျော်ကြားပေ၏။အရက်မူးပြီး နမာဇ်ဇေဆွဘ်ဗာ(၂)ရကသ်အား(၄)ရကသ်ဖတ်ပေးလိုက်ရာမဒီနာရွှေမြို့ တော်သို့ခေါ်ယူခြင်းခံရပြီး၊ရှရီအီအပြစ်ဒဏ်ပေးခြင်းခံခဲ့ရပေသည်။
နောက်ထပ်ဤကဲ့သို့သောသာဓကများရှိပါသေးသည်။ဤနေရာ၌လုံ လောက်ပြီဟုထင်သဖြင့်မဖေါ်ပြတော့ပေ။
ဤကဲ့သို့အထောက်အထားအမှန်တရားများကိုမြင်နေရပြီးနောက်လည်း၊မျက်စိပိတ်၊နားပိတ်ကာသာဝကများအားလုံးတရားမျှတပါသည်ဟု ဆိုအုန်းမည်လော?
၁၀။ယုတ္တိမရှိသောဖြေရှင်းချက်များ။
(၁)သာဝကများအားလုံးသည်တရားမျှတပြီး၊အပြစ်ကင်းသည်ဟုအကီ သာထားသူများအနေဖြင့်ဤကဲ့သို့သောအဖြစ်အပျက်အမှန်များနှင့်တွေ့ ကြုံရချိန်၌သာဝကတော်များအားလုံးသာမိုဂ်ျသဟစ်များဖြစ်ကြပြီး၊မိုဂ်ျသ ဟစ်များအနေဖြင့်မိမိတို့၏ပညာအရ၊လုပ်ခဲ့ကြခြင်းဖြစ်သည်ဟုထွက်ပေါက်ရှာ ပြောဆိုကြလေ၏။
ယုံကြည်စိတ်ချစွာဖြင့်ပြောလို့ရသည့်အချက်မှာဤကဲ့သို့ပြောဆို ခြင်းသည်မိမိ၏အသိဥာဏ်အားလှည့်ဖြားခြင်းဖြစ်ပေသည်။ဤကဲ့သို့သောလုပ်ရပ်ကိုစွန်နီညီနောင်များအနေဖြင့်ဆန့်ကျင်ဘက်အဖြစ်အပျက်များ၊ပြဿနာများနှင့် ရင်ဆိုင်ရချိန်၌သုံးလေသည်။
စောဒကလေးတက်မိမှုကြောင့်ပြည်သူဘဏ္ဍာတိုက်မဖျက်ဆီးသွားရ အောင်တားမြစ်သည်ကိုအကြောင်းမရှိ၊အကြောင်းရှာကာ-နမာဇ်ကဆွာ ဖြစ်သွားရသည်အထိမေ့လျော့သွားအောင်ရိုက်နှက်ခြင်းသည်အဂ်ျသေဟဒ်ပါ လော?
ကူဖာမြို့ဝန်အဖြစ်အရက်သမား(ဝလီဒ်)အားခန့်အပ်ခဲ့သည့်အတွက်စောဒကတက်ခဲ့ရာ၎င်းကျော်ကြားသောသာဝကတော်ကြီးအားနံရိုးကျိုး သည့်အထိကိုင်ပေါက်မှုသည်အဂ်ျသေဟဒ်ပါသလော?
ဒီထက်ပိုဆိုးသည်ကားမွတ်စလင်များသောင်းနှင့်ချီပြီးသေအောင် စစ်မီးရှို့ခဲ့သူများ၊အာဏာထိုင်ခုံမက်ပြီးအစ္စလာမ်မီအချုပ်အခြာအာဏာကို မက်မောကာအလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တော်တိုင်ရွေးထားသောအေ မာမ်မေမွတ်စလင်၊ထို့အပြင်မွတ်စလင်များမှရွေးချယ်ထားသောခလီဖွာ
ဟဇရတ်(သ)အလီ(အ.စ)အားတိုက်ခိုက်ချေမှုန်းဖို့ကြိုးစားခဲ့ခြင်းသည်အဂ်ျသေ ဟဒ်ဖြစ်ပါသလော?
အကယ်၍ဤကဲ့သို့သောလုပ်ရပ်များကိုအဂ်ျသေဟဒ်ဟုပြောမည်ဆိုလျှင်သမိုင်း၏နှိပ်စက်၊ညှဉ်းပန်းစော်ကားခဲ့မှုအားလုံး အဂ်ျသေဟဒ် ကြောင့်ဖြစ်သည်ဟုအကြောင်းပြလိုရပေသည်။
ဆက်လက်ရေးသားရမည်ဆိုလျှင် အဂ်ျသေဟဒ် သည်စဟာဘာ များအတွက်သီးသန့်အထူးပညာရပ်မဟုတ်ပေ။
အနည်းဆုံးအနေဖြင့် အဂ်ျသေဟဒ် သည်အနည်းဆုံးရာစုအချို့ကုန် လွန်ပြီးနောက်မွတ်စလင်လူထုကြီး၏အိုလမာများအနေဖြင့်ကြိုးစားမှု ကြောင့်ပေါ်ပေါက်လာခြင်းဖြစ်သည်။အချို့သောအဟ်လေစွန္နတ်၏သာသ နာ့ပညာရှင်နှင့်၊ရှီအာအိုလမာများအမြင်၌ယနေ့တိုင်ပင် အဂ်ျသေဟဒ် ၏တံခါးသည်ဖွင့်ထားပေသည်။
အကယ်၍တစ်ဦးတစ်ယောက်သည်(၎င်းသာဝကများ)ကဲ့သို့ပြစ်မှုကျူး လွန်ခဲ့ပါက၎င်းတို့၏လုပ်ရပ်များကိုအကြောင်းပြဖို့အသင့်ရှိပါသလော?
ယုံကြည်မှုအပြည့်နှင့်ပြောရလျှင်မရှိပေ။
(၂)တစ်ခါတစ်လေ၎င်းတို့(သာဝကများနှင့်)ပက်သက်၍တိတ်တိတ်နေရ မည်ဟုဆိုလေ၏။
كَانُوا يَعْمَلُونَ خَلَتْ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ وَلاَ تُسْأَلُونَ عَمَّا تِلْكَ أُمَّةٌ قَدْ
အဓိပ္ပာယ် ။ ။
((ထိုအွန်မသ်နောက်လိုက်များသည်ပြီးဆုံးသွားခဲ့ချေပြီ။၎င်းတို့၏လုပ်ရပ်တာဝန်များသည်၎င်းတို့၏တာဝန်ဖြစ်ပြီး၊အသင်တို့၏လုပ်ရပ်တာဝန်များသည်အသင်တို့၏တာဝန်ဖြစ်ပေသည်။အသင်တို့သည်၎င်းလုပ်ရပ်များ၏တာဝန်ခံမဟုတ် ချေ။ ))
ဤအကြောင်းပြချက်နှင့်ပက်သက်ပြီးမေးစရာသည်ကား-၎င်းသာဝ ကများသည်ကျွန်ုပ်တို့ဘဝနှင့်မသက်ဆိုင်လျှင်အထက်ကအကြောင်းပြ ချက်မှန်ပေသည်။အကယ်၍ကျွန်ုပ်တို့အနေဖြင့်ရစူလ်(ဆွ)၏ရီဝါယတ် တော်များကို၎င်းတို့ထံမှရယူမည်။၎င်းတို့အားစံနမူနာအဖြစ်သတ်မှတ်မည်ဆိုပါကကျွန်ုပ်တို့အနေဖြင့်စိတ်ချရသူနှင့်စိတ်မချရသူ၊တရားမျှတသူဖာ စစ်က်ဖြစ်သူဟူ၍ခွဲခြားနိုင်ခွင့်မရှိပါသလော?
ဤအကြောင်းနှင့်စပ်လျဉ်း၍ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိ သည်ကား-
إِنْ جَاءَكُمْ فَاسِقٌ بِنَبَإ فَتَبَيَّنُوا
အဓိပ္ပာယ် ။ ။
((အသင်တို့ထံမည်သည့်ဖာစစ်က်မဆိုသတင်းယူလာပါကစုံစမ်း၊စစ် ဆေးမှုမပြုဘဲ၊အကောင်အထည်မဖေါ်မိပါစေနှင့်။))
၁၁။မောင်လာအလီ(အ.စ)၏နှိပ်စက်ခံရမှု။
မည်သူမဆိုအစ္စလာမ်သမိုင်းကိုလေ့လာမည်ဆိုပါကအလွန်တရာ ဝမ်းနည်းစရာကောင်းသောအမှန်တရားကိုတွေ့ရှိရပေမည်။
ဟဇရတ်(သ)အလီ(အ.စ)ကဲ့သို့တောင်ကြီးပမာကြီးမားသောပညာရှင်၊သီလ၊သမာဓိရှင်၊တမန်တော်မြတ်ကြီး(ဆွ)၏အနီးစပ်ဆုံးပုဂ္ဂိုလ်၊အကြီးမားဆုံးသောအစ္စလာမ်ဘာသာအားကာကွယ်စောင့်ရှောက်သူ၊စစ်မြေပြင်၌စစ်သူရဲကောင်း၊အားဆဲရေးတိုင်းထွာပြီးမသင့်လျော်သောစကားလုံးများသုံးခဲ့ကြောင်း၊၎င်းအားအချစ် ထားသူများကိုအနိုင်ကျင့်ခြင်း၊မကောင်းတကာ့မ ကောင်းဆုံးဒုက္ခပေးမှု၊(နှိပ်စက်ညှဉ်းပန်းမှု…)များကိုပြုလုပ်ခဲ့ကြောင်းတွေ့ရပေလိမ့်မည်။
ဤကဲ့သို့ပြုခဲ့သူများသည်ရစူလ်(ဆွ)၏သာဝကတော်များဟုအမည်ခံ ထားသူများဖြစ်ကြောင်းစစ်မှန်သောသမိုင်းကအထောက်အထားပြဆိုနေပေသည်။
နမူနာအားဖြင့်တင်ပြရမည်ဆိုပါက-
(က)အလီဗင်ဂျဟ်မ်ခိုရာဆန်နီအားမိမိဖခင်အပေါ်လအ်နသ်ပို့နေသည် မြင်ရ၍အဘယ်ကြောင့်လအ်နသ်ပို့ရသနည်းဟုလူအချို့ကမေးမြန်း လေ၏။အဖြေပေးသည်မှာ-ငါနာမည်အလီဟုမှည့်ခဲ့သောကြောင့်ဖြစ်၏ဟု ဆို၏။
(ခ)မအ်ဝေယာအနေဖြင့်မြို့ဝန်အားလုံးထံစာပို့ခဲ့သည်မှာ-
မည်သူမဆိုအဘူသိုရာဘ်အလီ(အ.စ)နှင့်၎င်း၏အဟ်လေဘိုက်(အ.စ)တို့နှင့်ပက်သက်ပြီးမြင့်မြတ်မှုတစ်စုံ၊တစ်ရာကိုတင်ပြပါကအကျွန်ုပ်၏ ငြိမ်းချမ်းမှုအောက်မှထွက်သွားခြင်းဖြစ်ပေသည်။(ဆိုလိုသည်မှာ-၎င်းကို သတ်ပြီး၊၎င်း၏ပစ္စည်းကိုသိမ်းသွင်းနိုင်ပေသည်။)
ဤအမိန့်စာထုတ်ပြီးနောက်မြို့တိုင်းရှိမင်ဘဲရ်များပေါ်မှခွသ်ဘာပေးတိုင်းလူကြား၊သူကြားပေါ်တင်ဟဇရတ်အလီ(အ.စ)အားဆဲရေးတိုင်းထွာ ကြလေ၏။ထို့အပြင် ဟဇရတ်အလီ(အ.စ)နှင့်၎င်း၏အနွယ်တော်မွန်များ (အ.စ)ကိုမတရားပုတ်ခတ်စွပ်စွဲကြလေ၏။
(ဂ)ဗနီအွန်မိုင်ယာအနေဖြင့်ကလေးမွေးတိုင်း၎င်းကလေးငယ်၏အမည်အလီဟုကြားပါကချက်ခြင်းသတ်ဖြတ်ကြလေ၏။ဤအကြောင်းနှင့် ပက်သက်ပြီးစလ်မာဗင်ရှဘီးပ်အနေဖြင့်အဘူအဗ်ဒွရ်ရဟ်မန်အဘ်ရီးဆီမှတင်ပြထားပါသည်။
(ဃ)ဇမခ်ရှရီးနှင့်စူယူသီတို့မှတင်ပြထားမှာ-
ဗနီအိုမိုင်ယာအနေဖြင့်မိမိတို့အာဏာပိုင်ကာလအတွင်းမင်ဘဲရ် ပေါင်း(၇)သောင်းကျော်ပေါ်မှဟဇရတ်အလီ(အ.စ)အားဆဲရေးတိုင်းထွာ ခြင်း၊လအ်နသ်ပို့ခြင်းကိုပြုလုပ်ခဲ့ကြ၏။မအ်ဝေယာ၏တည်ထွင်ခဲ့သော စွန္နတ်ဖြစ်ပေသည်။
(င)အိုမရ်ဗင်အဗ်ဒွလ်အဇီးဇ်အနေဖြင့်ဤမကောင်းသောဗေဒအသ်လုပ် ရပ်အားရပ်တန်းကရပ်ဖို့သောကြာနမာဇ်ခွသ်ဘာများ၌အမီးရွလ်မိုမေ နီးဟဇရတ်(သ)အလီ(အ.စ)အားမဆဲဆိုဖို့၊မကောင်းမပြောဖို့အမိန့်ထုတ် ပြန်ရာ-မက်စ်ဂျစ်ဒ်လာသူများအနေဖြင့်ထရပ်ပြီးဆူပူကြကာ၎င်းအားပြော ကြလေ၏။
تركت السنة تركت السنّة
အဓိပ္ပာယ် ။ ။
((စွန္နတ်ကိုဖျက်သိမ်းလိုက်တာလား၊စွန္နတ်ကိုဖျက်သိမ်းလိုက်တာ လား? ))
အမှန်တကယ်အထက်ပါအကြောင်းအရာများသည်တမန်တော် မြတ်ကြီး(ဆွ)၏စဟီးရီဝါယတ်(စိတ်ချရသောကျမ်းများ၌ရှိပေသည်။)ရှိ လျက်ပင်ဖြစ်ခဲ့ရသည်ဟဒီးစ်တော်သည်ကား-
من سبّ علياً فقد سبّنى و من سبّنى فقد سبّ الله
အဓိပ္ပာယ် ။ ။
((မည်သူမဆိုအလီ(အ.စ)အားဆဲရေးတိုင်းထွာပါက၊ကျွန်ုပ်အားဆဲ ရေးတိုင်းထွာခြင်းဖြစ်သည်။ကျွန်ုပ်အားဆဲရေးတိုင်းထွာပါကအလ္လာဟ်ဟိုအ
ရှင်မြတ်အားဆဲရေးတိုင်းထွာခြင်းဖြစ်ချေသည်။ ))
၁၂။စိတ်ဝင်စားဖွယ်အဖြစ်အပျက်တစ်ခု
ဤနေရာတွင်ကောင်းမွန်စွာအဆုံးသတ်လိုသည့်အနေဖြင့်ကျွန် တော်ကိုယ်တိုင်မက်စ်ဂျစ်ဒ်ဒွလ်ဟရမ်(အလ္လာဟ်အိမ်တော်)၌ဖြစ်ပျက်ခဲ့ သောအဖြစ်အပျက်လေးတစ်ခုကိုချစ်လှစွာသောစာဖတ်ပရိသတ်များအ တွက်တင်ပြလိုပါသည်။
တစ်နှစ်(အိုမရဟ်)အတွက်မက္ကာဟ်ရွှေမြို့တော်သို့ရောက်ခဲ့လေ၏။ည တစ်ည၌နမာဇ်ဇေမဂ်ရစ်ဘ်နှင့်အေရှာအကြားဟေဂျာဇ်ရှိအိုလမာ(ဆော်ဒီအိုလမာ)အုပ်စုတစ်စုနှင့်သာဝကတော်များအားလုံးတရားမျှတကြောင်း၊အ ပြစ်ကင်းကြောင်းနှင့်ပက်သက်ပြီးဆွေးနွေးဖလှယ်မှုတစ်ခုပြုလုပ်ခဲ့၏။၎င်းတို့၏အကီသာသည်ကားမည်သူမျှသာဝကတော်များနှင့်ပက်သက်ပြီးပြောဆိုဝေဖန်(စောဒကတက်)ခွင့်မရှိချေ။တစ်နည်းဆိုရလျှင်ပန်းပွင့်အတွင်းရှိအမှုန်ငယ်လေးမျှပင်လက်ခံမည်မဟုတ်ချေ။
ကျွန်တော်အနေဖြင့်၎င်းတို့အထဲမှတစ်ယောက်ကိုပြောကြားသည် မှာ-ခင်ဗျားအနေဖြင့်အခုစစ်ဖီး(န)စစ်ပွဲဖြစ်နေပြီဟုခဏသဘောထားပေး ပါ။ခင်ဗျားဘယ်ဘက်ကဝင်ပြီးတိုက်မှာလဲ?အလီ(အ.စ)ဘက်က(သို့)မအ် ဝေယာ။အဖြေပေးသည်မှာ-ရှင်းရှင်းလေးအလီ(အ.စ)ဘက်ကတိုက်မှာ ပေါ့။
ကျွန်တော်ထပ်ပြောသည်မှာ-အကယ်၍အလီ(အ.စ)အနေဖြင့်ခင် ဗျားကိုဓားပေးပြီးမအ်ဝေယာကိုသတ်ဖို့အမိန့်ပေးရင်ကော်၊ခင်ဗျားဘာလုပ်မည်နည်း?၎င်းအနေဖြင့်အနည်းငယ်စဉ်းစားပြီးအဖြေပေး၏။မအ်ဝေယာကိုသတ်မယ်။ဒါပေမဲ့မအ်ဝေယာနှင့်ပက်သက်ပြီးအနည်းငယ်များစောဒက တက်မှု၊ဝေဖန်မှုပြုလုပ်မည်မဟုတ်ပါ။
မှန်လှပေသည်။(logic )ယုတ္တိဗေဒမကျသောအကီသာကိုစွဲစွဲမြဲမြဲ လက်ကိုင်ထားသူများအနေဖြင့်မိမိအကီသာကိုကာကွယ်ရန်(logic)ယုတ္တိ ဗေဒမကျသောနည်းများကိုသုံးပေလိမ့်မည်ဖြစ်ကြောင်းဟုသောရလဒ်ကိုရရှိခဲ့ပေသည်။လူသားအတွက် စိတ်ရှုပ်ထွေးမှုကိုဖြစ်စေပါသည်။
ဤနေရာတွင်အမှန်တရားကိုတင်ပြရမည်ဆိုလျှင်ကျမ်းတော်မြတ်ကုရ် အာန်၏သက်သေအထောက်အထားနှင့်(စိတ်ချရသော)အစ္စလာမ်သ မိုင်းဖြစ်ပေသည်။
ကျမ်းတော်မြတ်ကုရ်အာန်နှင့် အစ္စလာမ်သမိုင်းအရရစူလ်(ဆွ)၏ သာဝကတော်များ၏အုပ်စုအချို့ရှိခဲ့ပါသည်။ရစူလ်(ဆွ)၏သာဝကတော်အုပ်စုတစ်စုသည်အစမှအဆုံးတိုင်သန့်ရှင်းစင်ကြယ်သူများ၊ဖြောင့်မတ်မှန်ကန်သူများ-သူတော်စင်၊သူတော်ကောင်းများဖြစ်ကြပေသည်။
عاشوا، سعداء و ماتوا السعداء
အခြားအုပ်စုတစ်စုသည်ကား-တမန်တော်မြတ်ကြီး(ဆွ)၏လက်
ထက်၌သူတော်စင်များ၊သူတော်ကောင်းများဖြစ်ခဲ့ကြသောလည်းဘဲ(တ
မန်တော်မြတ်ကြီး(ဆွ)ဝဖသ်ဖြစ်တော်မူပြီး)နောက်ပိုင်းအာဏာ၊နေရာ၊ရာထူး၊လောကီကိုမက်မောပြီးလမ်းပြောင်းသွားကြသူများဖြစ်ပေသည်။
၎င်းတို့၏လောကုတ္တရာသည်ကောင်းမှုနှင့်အောင်မြင်မှုများဖြင့်ကင်းဝေခဲ့ရ ပေသည်။သာဓကအားဖြင့်ဂျမလ်နှင့်စစ်ဖီး(န)စစ်ပွဲများ(၌မောင်လာအလီ (အ.စ)အားတိုက်ခိုက်ခဲ့သူများဖြစ်ပေသည်။)
တတိယအုပ်စုသည်ကား-ပထမ၌မိုနာဖေက်(အရေးခြုံ)များဖြစ်ကြပြီးလောကီမက်မောသူများဖြစ်ကြပေသည်။မိမိတို့၏အထူးရည်ရွယ်ချက်အတွက်မွတ်စလင်အုပ်စုထဲဝင်လာ ကြသူများဖြစ်ပေသည်။(သာဓကအားဖြင့်အဘူစိုဖီးယန်နှင့်၎င်းကဲ့သို့သူများ ဖြစ်ပေသည်။)
ဤနေရာ၌ပထမအုပ်စု(သာဝကကောင်း၊သာဝကမြတ်များ)နှင့်စပ်လျဉ်း ပြီးမီးမှောင်ထိုးပြသောအာယတ်တော်ကိုတင်ပြပါမည်။
رَبَّنَا اغْفِرْ لَنَا وَلإخْوَانِنَا الَّذِينَ سَبَقُونَا بِالإيمَانِ وَلا تَجْعَلْ فِي قُلُوبِنَا غِلا لِلَّذِينَ آمَنُوا
رَبَّنَا إِنَّكَ رَءُوفٌ رَحِيمٌ .
၂၅ ဩဂုတ် ၂၀၁၄ - ၂၁:၂၂
News ID: 633508
တမန်တော်မြတ်(ဆွ)၏ တပည့်သာဝကကြီးများသည် အထူးသီးသန့် ဂုဏ်ပုဒ်ပိုင်ရှင်များ ဖြစ်ခဲ့ကြောင်း သံသယမရှိချေ။ ဝဟီဗျာဒိတ်တော်နှင့် အာယတ် တော်များကို တမန်တော်မြတ်ကြီး၏ မွန်မြတ်သော နှုတ်တော်မှ တိုက်ရိုက်နားဆင် ခဲ့ကြသူများဖြစ်ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)၏ ဘုန်းတန်ခိုးတော်များကို ရှုစားခဲ့သူများဖြစ်ကြပါသည်။