အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
==========================================================
၇ရက်သတင်းစာ သတင်းဌာန ၏ သတင်း အရ သိရသည်မှာ -
ဝေလတွင် ကျင်းပမည့် NATO မဟာမိတ်တပ်ဖွဲ့ ညီလာခံတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်တို့ အနေဖြင့် IS အစ္စလာမ်အမည်ခံ စစ်သွေးကြွ အဖွဲ့များကို စုပေါင်းတိုက်ခိုက်ရေး ကဏ္ဍအတွက် ဦးဆောင် ဆွေးနွေးဖွယ်ရှိကြောင်း သိထားရပါသည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူပြီး အစ္စလာမ်တရားတော် အစစ်နှင့် ဆန်ကျင့်နေသည့် ရက်စက်သော လူမှုရေး ရာဇဝတ်များ စစ်ရာဇဝတ်မှုများ ကိုကျူးလွန်နေသည့် အစ္စလာမ်ခုတုံးလုပ် သက္က်ဖီးရီး အစွန်းရောက် စစ်သွေးကြွ အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိမိတို့၏ ဆရာ အမေရိကန်၏ နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက် သတ် ပြတ်ခဲ့ပြီးနောက် မိမိတို့လူများအတွက်ထိလျင် လူအခွင့်အရေး ဟု အသံကောင်းနှင့် ဟစ်နေသည့် ပါးလက်စတိုင်း၊ အီရတ် ၊အာဖဂန်၊ဆီးရီးယား ၊စသည်နေရာများ ရှိ မွတ်စလင်အပြစ်မဲ့များအပေါ်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး အနိုင်ကျင့်နေသည့် အယောင်ဆောင်လူအခွင့် အဖွဲ့ ဝင် အနောက်အုပ်စုများအတွက် မလုံမခြုံ အနေအထားသို့ တွန်းပို့ သကဲ့သို့ဖြစ်နေပေသည်။
ထို့အပြင် IS တို့က ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိသျှ ဓားစာခံ တစ်ဦးကိုလည်း ထပ်မံသတ်ဖြတ်မည်ဟုလည်းသတင်းထုတ်ပြန်ထားလေသည်။
ကိုလိုနီ အမေရိကန်က IS တို့၏ စစ်ရေးပစ်မှတ်များကို လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်နေရာ ဤ အစ္စလာမ် အမည်ခံများက စစ်သွေးကြွ တပ်ဖွဲ့များက ယင်းကဲ့သို့ လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ NATO ညီလာခံတွင်မူ ကိုလိုနီ အမေရိကန်နှင့် ဗြိတိသျှ ခေါင်းဆောင်နှစ်ဦးသည် မိမိတို့လူ ၂ဦး အသတ်ခံရသည့်အတွက် IS တို့ကို စုပေါင်းတိုက်ခိုက်ရန် တိကျသည့် မူဝါဒတစ်ရပ် ဖော်ဆောင်ရေးအတွက် ဆော်ဩ ဆွေးနွေးဖွယ်နေသော်လည်း ပါးလက်စတိုင်းရှိ ထောင်နှင့်ချီပြီး အပြစ်မဲ့ မွတ်စလင်မ်ကလေးများ၊လူကြီးများကို လူမဆန်စွာ တိုက်ခိုက်သတ်ပြတ်နေသည် အစ္စရေး ဆိုက်ယူနစ်ဝါဒီများအတွက် ဘာ အစီအစဉ်မျှ မရှိချေ။
မတရားလိုက်တာ ကိုလိုနီ အမေရိကန်နဲ့ ဗြိတိသျှရေ .... ဒီလိုသုံးသပ်လို့ အစ္စလာမ်အမည်ခံ အစွန်းရောက်များကို အားပေးလက်ခံသည်ဟု မစွပ်စွဲဖို့လိုပေသည်။ ကျွန်ုပ်တို့သည်လည်း ဤအမည်ခံ အစ္စလာမ်ကို သိက္ခာချနေသည့် အစွန်းရောက်အားလုံးကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချပါသည်။

“ကျွန်တော်တို့က ခြိမ်းခြောက်လို့ တွန့်ဆုတ်သွားမှာ မဟုတ်ဘူး။ IS ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက ကျွန်တော်တို့ကို ပိုပြီး စုစည်းသွားစေလိမ့်မယ်။ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ပိုတည်မြဲလာမယ်။ အမေရိကန် နိုင်ငံသားတွေကို အန္တရာယ် ပြုခြင်းဟာ အမှားတစ်ရပ်ဆိုတာ သူတို့တွေ ကောင်းကောင်း သင်ယူခွင့် ရစေမယ်။ ကျွန်တော်တို့ ဒီဖြစ်ရပ်တွေကို မေ့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ လက်တံရှည်ရှည် လှမ်းနိုင်တယ်။ ဖြစ်ခဲ့သမျှအတွက် တရားမျှတစွာ ပြန်ပေးဆပ်ရစေမယ်”ဟု အိုဘားမားက ညီလာခံအကြို အက်စ်တိုးနီးယားတွင် ရှိနေစဉ် ပြောကြားခဲ့သည်။
အော်အမေရိကန် နိုင်ငံရေးအကွက်များကို မသိသူများသူ၏ ၎င်းတို့၏ စိတ်ရင်းမှန်ကို မသိသေးသူများအတွက် ရယ်စရာပင်တည်း ....
IS တို့က ထပ်မံသတ်ပြတ် မည်ဟု ခြိမ်းခြောက်ထားသည့် ဗြိတိန်နိုင်ငံသားကို အတည်ပြု ကြေညာခြင်း မရှိသော်လည်း သတင်းမီဒီယာ အများအပြားက အသက်(၄၄)နှစ်အရွယ် ထောက်ပံ့ရေးဝန်ထမ်း ဒေးဗစ်ဟိုင်နက်စ်ဟု ဖော်ပြနေကြသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟမ်မွန်းက ယခုနှစ် အစောပိုင်းတွင် မိမိတို့သည် ဟိုင်နက်စ်ကို ကယ်တင်ရန် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ဝန်ခံခဲ့ကြောင်း 7 day dailyဌာန သတင်းအရ သိရပါသည်။
အမေရိကန် သမ္မတ အိုဘားမားသည် IS အဖွဲ့၏ လုပ်ရပ်များအပေါ် တုံ့ပြန် ကိုင်တွယ်မှုနှင့် ပတ်သက်ပြီး ပြတ်သားသော မူဝါဒ မရှိကြောင်း ပြည်တွင်းတွင် ဝေဖန်မှုများစွာ ကြုံနေရသူဖြစ်သည်။ NATO ညီလာခံတွင် အိုဘားမားနှင့် ကင်မရွန်တို့က ပူးပေါင်းပြီး အရှေ့အလယ်ပိုင်း အရေးကို စူးစိုက် ဆွေးနွေးဖွယ် ရှိနေသည်။ ယင်းကဏ္ဍတွင် NATO တပ်ဖွဲ့များကို အီရတ်သို့ လေ့ကျင့်ရေး Mission အတွက် ပေးပို့ရန်ကဲ့သို့ ကိစ္စမျိုးလည်း ပါဝင်ဖွယ် ရှိနေကြောင်း သိရှိရသည်။