တိုင်းပြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို "Myanmar" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင် လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား ("Burma") ဟုသာ အသိအမှတ်ပြု သုံးစွဲခဲ့သည်။ နိုင်ငံတော်အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ ဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အလံစတင်လွှင့်ထူခြင်း အခမ်းအနားများကို နိုင်ငံတဝှမ်း
၅ စက်တင်ဘာ ၂၀၁၄ - ၂၂:၂၁
News ID: 635940