အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
=========================
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ ဂျဝါဒ်အာမိုလီ သည် မဂ်ျမယေ အာလီဟေက်မသ် အစ္စလာမ်မီ ၏ အုပ်ထိန်းသူ နှင့် အဖွဲ့ဝင်များ နှင့် ((စံမှတ်ကျောက် သတ်မှတ်ခြင်း))ခေါင်းစဉ်ဖြင့် တွေ့ဆုံ ဟောကြားမှု ကို ပြုခဲ့ပါသည်။
အာယာသွလ္လာဟ် မှ မိန့်ကြားတော်မူသည်မှာ - ကျွန်ုပ်တို့ အတွက် အခြေခံ အုတ်မြစ်သည် ကျမ်း တော်မြတ် ကုရ်အာန် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် (အ.စ) ဖြစ်ကြောင်း ၊အကယ် ၍ စကား တစ်ခုခု အား ယုတ်စွ ဖေက်နှင့် အူစူ (သို့) ဖလ်စဖေ တွင် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အေသ်ရသ် (အ.စ) နှင့်ဆန်ကျင့်နေသည့် စကားဖြစ်နေပါ က ကျွန်ုပ်တို့ အတွက် လက်ခံ ရန် မတိုက်ကြောင်း မိန့်ကြားခဲ့ပါသည်။
ဤ အာယာသွလ္လာဟ် အနေဖြင့် ရှင်းလင်း မိန့်ကြားတော်မူသည်မှာ - ((အမြင်တိုင်း (သို့) ကွဲလွဲမှု ရှိသည့် အမြင်များ ကို မလွဲမသွေ ဤ အခြေခံ အုတ်မြစ် စံမှတ်ကျောက် နှစ်ခု နှင့် ချိန်ကိုက်ရမည် ဖြစ်ကြောင်း၊ ပထမဆုံး အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အနွယ်တော်မွန် (အ.စ) သည် သာ ပညာရပ် ဆိုင်ရာ ကဏ္ဍ တိုင်း အတွက် စံမှတ်ကျောက် ဖြစ်ကြောင်း ၊ ဒုတိယ အနေဖြင့် ကျွန်ုပ်တို့ ၏ နား လည်မှု၊ ဆိုလိုချက် သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အနွယ်တော်မွန် (အ.စ)၏ မိန့်ဆိုချက် နှင့်မညီခဲ့လျှင် ညီအောင် ကြိုးပမ်း အားထုတ်ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။
၎င်းမှ ဆက်လက်ပြီး ဒီးန် မိုဘီးအစ္စလာမ် တွင် ပညာ၏ နေရာ၊ အရေးကြီးမှု နှင့်ဆက်နွယ် ပြီး ရှင်းလင်း မိန့်ကြားခဲ့ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ပညာဆည်းပူးရန် ပုထုဇဉ် လူသား အတွက် မပြုမနေ ရ တာဝန် တစ်ခု အဖြစ် သတ်မှတ် မိန့်တော် မူခဲ့ပါသည်။ ပြီးနောက် ပညာဆည်းပူးမှု ကို တိုက်တွန်းမိန့်ကြားခဲပြီး မလွဲ မသွေမည်သည့် ပညာကို ဆည်းပူးရမည် ဖြစ်ကြောင်း သတ်မှတ် မိန့်ကြားပေးတော်မူခဲ့ပေသည်။.
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ ဂျဝါဒ်အာမိုလီ ဆက်လက်ပြီး မိန့်ကြားတော် မူသည်မှာ - အလ္လာဟ် ဟို အရှင်မြတ် သည် ပညာ သုံးမျိုး ဆိုလိုသည်မှာ (၁) အာယာသ် သေမော်ဟ်ကမဟ် (၂) ဖရီဇေဟေ အာဒေလေဟ် (၃) စွန္နသ် သေ ကာအေမာ ကို ဆည်းပူးရန် ပုထုဇဉ် လူသား အား မိတ် ဆက် ပေးတော် မူခဲ့ပါသည်။ ဝမ်းနည်းစရာသည်ကား ကျွန်ုပ်တို့ ၏ သာသနာ့တက္ကသိုလ်များတွင် ဤပညာ သုံးရပ် စလုံးသည် ဖေက်၊နှင့်အူစူ ၏သဖ်စီး အသွင် ဆောင်သွားလေပြီး။ ဤ အတွက်ကြောင့် ကျွန်ုပ်တို့ ၏ သာသနာ့တက္ကသိုလ်များ၏ အချို့ နေရာများတွင် အချို့ ပညာများ လွတ်နေကြောင်း ခံစား ရပါသည်။
ဤမရ်ဂျာယေ သက္က်လီးဒ်တော် ကြီးမှ သာသနာ့တက္ကသိုလ်များတွင် အေမာမ်များ (အ.စ) ၏ အကလီဟဒီးစ်တော် များကို ပိုမို၍ သုတေသီ ပြုဖို့ ၊ကြိုးပမ်းဖို့ မေတ္တာ ရပ်ခံ ခဲ့လေသည်။ အူလူမီ အကလီဆိုသည်မှာ အမှန်တကယ် အချို့ အာယသ်တော်များ ၊ရီဝါယသ် တော်များ ဖြစ်ပြီး အာယာသ် သေမော်ဟ်ကမဟ် ကို သတ်မှတ် နိုင်မည် ဖြစ်ပြီး ၊ဤနည်းလမ်းဖြင့် ဖရီဇေဟေ အာဒေလေဟ် နှင့် စွန္နသ် သေ ကာအေမာ အားကောင်းစေမှာ ဖြစ်ကြောင်း ၊နောက်ဆုံး ရလာဒ် အနေဖြင့် ( အဖိုးတန် သည် ) အစ္စလာမ်မီ ယဉ်ကျေးမှု အသစ် အသွင် ဆောင်လာမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။