၇ အောက်တိုဘာ ၂၀၁၄ - ၁၉:၃၅
ကရှ်မီးရ် ၏ အကျော်အမော် ရှီအာ အာလင်မ် ရှိက်္ခ အန်ဆွာရီ ကွယ်လွန်

ကရှ်မီးရ် ၏ အကျော်အမော် ရှီအာ အာလင်မ် ၊ နိုင်ငံရေး ခေါင်းဆောင် ရှိက်္ခ အေဖ်သေခါ ဟိုစိုင်း (န) အန်ဆွာရီ ပြီးခဲ့သည့် အင်္ဂါနေ့ တွင် အလ္လာဟ် ဟို အရှင်မြတ်၏ အမိန့်တော် ကို ခံယူသွား ကြောင်း သိရ ပါသည်။

    

အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်း ဌာန ၊ အဗ်နာ         

အိန္ဒိယ နိုင်ငံ လက်အောက်ရှိ ကရှ်မီးရ် ပြည်နယ် ၏ အကျော်အမော် ရှီအာ အာလင်မ် ၊ နိုင်ငံရေး ခေါင်းဆောင် ရှိက်္ခ  အေဖ်သေခါ ဟိုစိုင်း (န) အန်ဆွာရီ ပြီးခဲ့သည့် အင်္ဂါနေ့ တွင် အလ္လာဟ် ဟို အရှင်မြတ်၏  အမိန့်တော် ကို ခံယူသွား ပြီး ဖြစ်ပါသည်။ မောင်လာနာ ဆပ်၏ ကွယ်လွန်သည့် သတင်းကြားလျှင် ကြားခြင်း ရပ်ဝေ ရပ်နီးမှ မြောက်များစွာ သော မိုမေနီများ ဝမ်းနည်းကြေကွဲကြောင်း ပြောဆို ရန်  မရ်ဟွမ် (ကွယ်လွန်သူ မောင်လာနာ ) ၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး မောင်လာနာ ကို ကရှ်မီးရ်၏ သမိုင်းဝင် အေမာမ်ဘာရာ တွင် ဒဖ်နာ ခဲ့ပါသည်။

မှတ်သားစရာ အချက်သည်ကား ကရှ်မီးရ် ၏ အကျော်အမော် ရှီအာ အာလင်မ် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီး ရှိက်္ခ  အေဖ်သေခါ ဟိုစိုင်း (န) အန်ဆွာရီ ဆပ် သည် ဘာသာရေးခေါင်းဆောင် ဖြစ်ခဲ့သည်သာ မဟုတ်ဘဲ နိုင်ငံရေး ခေါင်းဆောင် လည်းဖြစ်ခဲ့ပါသည်။  နိုင်ငံရေး သမား လောက တွင် မောင်လာနာ သည်  နိုင်ငံရေး သမားများ၏ အလွန်တရာ အရို အသေ အလေးအမြတ် ထားခြင်းကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ပါလီမန် တွင်လည်း အကြိမ် ပေါင်းများစွာ ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခြင်း ခံခဲ့ ရသူ တစ်ဦး ဖြစ် ပါသည်။ နိုင်ငံရေး ပါတီ PDP ၏ လက်ထောက် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီး ရှိက်္ခ  အေဖ်သေခါ ဟိုစိုင်း (န) အန်ဆွာရီ ဆပ် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူပြီးနောက် အိုလမာ ၊ ပညာရှင် ပညာတတ်များ ၊ကရှ်မီးရ် ပြည်နယ် ၏ ဝန်ကြီး အိုမရ် အဗ်ဒွလ္လာဟ် ၊ နိုင်ငံရေး ပါတီ PDP ၏ ဥက္ကဋ္ဌ  မွဖ်သီ မိုဟမ္မဒ် စအီးဒ်  စသည် တို့မှ မောင်လာနာ ၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဝမ်းနည်းကြေကွဲကြောင်း ပြောဆို ခဲ့ကြပါသည်။

မောင်လာနာ ၏ ကွယ်လွန်မှု အပေါ် အိန္ဒိယ နိုင်ငံနယူးေးလီမြို့ တွင် အခြေစိုက် ရဲဟ်ဗဲရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၏ ကိုယ်စားလှယ်တော် ဟွဂ်ျဂျသွလ် အစ္စလာမ် အာဂါယေ မဲဟ်ဒီ မဲဟ်ဒဝီပူရ် မှ ရဲဟ်ဗဲရ် အင်ကေလာဗ် ၏ ဝမ်းနည်းကြေကွဲ ကြောင်း သတင်းကို ဖုန်းဖြင့် မရ်ဟွမ် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီး ရှိက်္ခ  အေဖ်သေခါ ဟိုစိုင်း (န) အန်ဆွာရီ ဆပ်၏ ကိုယ်စားလှယ်တော် မော်လဝီ အင်မ်ရာန် ရေဇာ အန်စာရီ ကို ပြောကြား ခဲ့ပါသည်။