အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊အဗ်နာ
=================
ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေက အစိုးရရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ဆန္ဒပြပွဲတွေကို အဆုံးသတ်ဖို့ အောက်တိုဘာလ ၂၆ ရက်နေ့က လူထုဆန္ဒခံယူကြပါတယ်။
271435-hong-kong-protests-inline08-reutersဆန္ဒ္ဒပြပွဲတွေ ရပ်ဆိုင်းပြီး နှစ်ဖက်ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်သွားဖို့နဲ့ ဆွေးနွေးပွဲ ရလဒ်တွေကို ပြည်မအစိုးရဆီ အစီရင်ခံသွားဖို့ဆိုတဲ့ အစိုးရရဲ့ ကမ်းလှမ်းချက်တွေကို ဆန္ဒပြ ခေါင်းဆောင်တွေက ပထမပိုင်းက ငြင်းပယ်ခဲ့ကြပါတယ်။
အခုကောက်ခံမယ့် လူထုဆန္ဒသဘောထားတွေဟာ နောက်ပိုင်းအစိုးရနဲ့ ဆွေးနွေးမှုတွေမှာ အဓိက ကျလာမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီကျောင်းသားဆန္ဒပြပွဲတွေ ဟာ ဟောင်ကောင်လူထုတရပ်လုံးကို ကိုယ်စားမပြုဘူးလို့ ဟောင်ကောင်အစိုးရက အမြဲပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အစိုးရ တို့ ပထမဆုံးတွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် တိတိကျကျအဖြေမထွက်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။
ဟောင်ကောင်အတွင်းဝန် Carrie Lam က ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရ ဒေသတခုသာဖြစ်လို့ ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံရေးဆုံးဖြတ်ခွင့် မရှိဘူးလို့ ပြောဆိုပါတယ်။
၂၆ အောက်တိုဘာ ၂၀၁၄ - ၁၉:၂၇
News ID: 647059
271435-hong-kong-protests-inline08-reutersဆန္ဒ္ဒပြပွဲတွေ ရပ်ဆိုင်းပြီး နှစ်ဖက်ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်သွားဖို့နဲ့ ဆွေးနွေးပွဲ ရလဒ်တွေကို ပြည်မအစိုးရဆီ အစီရင်ခံသွားဖို့ဆိုတဲ့ အစိုးရရဲ့ ကမ်းလှမ်းချက်တွေကို ဆန္ဒပြ ခေါင်းဆောင်တွေက ပထမပိုင်းက ငြင်းပယ်ခဲ့ကြပါတယ်။ အခုကောက်ခံမယ့် လူထုဆန္ဒသဘောထားတွေဟာ နောက်ပိုင်းအစိုးရနဲ့ ဆွေးနွေးမှုတွေမှာ အဓိက ကျလာမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီကျောင်းသားဆန္ဒပြပွဲတွေ ဟာ ဟောင်ကောင်လူထုတရပ်လုံးကို ကိုယ်စားမပြုဘူးလို့ ဟောင်ကောင်အစိုးရက အမြဲပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။