၁၅ နိုဝင်ဘာ ၂၀၁၄ - ၀၆:၃၄
.မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက မွတ်စလင်မ်တွေ ခွဲခြားဆက်ဆံ အနိင်ကျင့်ခံနေရဆဲလို့ပြောလိုက်တဲ့ အိုဘားမား

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အခြားမွတ်စလင်မ်လူ့အဖွဲ့အစည်း(မြန်မာမွတ်စလင်မ်များ)ဟာ ခွဲခြားဆက်ဆံခံရမှု အနိင်ကျင့်ခံရမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် မိမိအနေနဲ့အလွန်ပဲ စိုးရိမ်ပူပန်မိတယ်လို့ အိုဘားမားက ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျုးတစ်ရပ်မှာပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

===================


ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အခြားမွတ်စလင်မ်လူ့အဖွဲ့အစည်း(မြန်မာမွတ်စလင်မ်များ)ဟာ ခွဲခြားဆက်ဆံခံရမှု အနိင်ကျင့်ခံရမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် မိမိအနေနဲ့အလွန်ပဲ စိုးရိမ်ပူပန်မိတယ်လို့ အိုဘားမားက ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျုးတစ်ရပ်မှာပြောကြားလိုက်ပါတယ်။

“….ရခိုင်ပြည်နယ်က လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ကျနော်တို့ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။ ရိုဟင်ဂျာတွေနဲ့ အခြားမူဆလင် လူ့အဖွဲ့အစည်းတွေကို ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်လည်း အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။

ကျနော့်ရဲ့ ဒီတကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း ပြောချင်တဲ့ အဓိက စကားတွေထဲက တခုကတော့ မြန်မာအစိုးရဟာ သူရဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုဘ၀ကောင်းမွန်ရေးကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိပါတယ်။ နောက်ပြီး နိုင်ငံသားတွေ အားလုံးရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့အတွက် တာဝန် ရှိပါတယ်။ ….”လို့ အိုဘားမားက ပြောကြောင်း ဧရာဝတီသတင်း ဌာနက ဖေါ်ပြထားပါတယ်။

မြန်မာနိင်ငံမှာ ဘာသာရေးအခြေခံပြီး အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေဟာ ၂၀၁၂ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ်တွေမှာဆက်တိုက်ဖြစ်ပေါ်ခဲ့ပေမယ့် အစိုးရက ထိရောက်တဲ့ဟန့်တားမှု နဲ့ ပြစ်မှုကျုးလွန်သူတွေအပေါ်ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းမရှိတာတွေနဲ့ ပတ်သက်လို့လည်း အိုဘားမားက အထက်ပါအင်တာဗျုးမှာ ဝေဖန်ခဲ့ပါတယ်။

“မတရားခံရသူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်း ပေးရမှာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစွာ ဥပဒေနဲ့အညီ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို အသစ်ပြန်လည် တည်ဆောက်မှုမှာ လူတိုင်း ပါဝင်ဆောင်ရွက်ရပါမယ်။
ဥပမာ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြား မွတ်စလင် အသိုင်းအ၀ိုင်းတွေအပေါ် အကြမ်းဖက်မှု အများစုဟာ ဒေသခံတွေက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တိုးတက် ကောင်းမွန်စေဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တာဝန်ရှိပါတယ်။ စိန်ခေါ်မှု အခက်အခဲတွေကို ဖြေရှင်းပေးရပါမယ်”လို့ အမေရိကန်သမ္မတက ဧရာဝတီသတင်းဌာနနဲ့ သီးသန့်အင်တာဗျုးမှာ ဖြေကြားခဲ့ကြောင်းလည်း အဆိုပါသတင်းဌာကဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိင်ငံအတွင်းက မတူကွဲပြားမှုကိုနားလည်လက်ခံနိင်စွမ်းနည်းပါးနေသူတွေကိုလည်း “မတူကွဲပြားမှုကိုခြိမ်းခြောက်မှုအနေနဲ့မကြည့်ဘဲ အင်အားတစ်ရပ်အဖြစ်ရှု့ မြင်သင့်တယ်”လို့လည်းမှတ်ချက်ပြုခဲ့တယ်လို့ အထက်ပါအင်တာဗျုးဖြေကြားချက်အရသိရပါတယ်။

“…ကျနော်တို့အားလုံး အနေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘ၀မှာ ခွဲခြား ဆက်ဆံမှုတွေနဲ့ ဘက်လိုက်မှုတွေ ကြားမှာ သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်။ အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေ အားလုံးရဲ့ အင်အားနဲ့ တည်ထောင်မယ်ဆိုရင် ပိုမိုခိုင်မာပြီး ပိုမိုအောင်မြင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မတူကွဲပြားမှုတွေကို ခြိမ်းခြောက်မှု အနေနဲ့ မကြည့်ဘဲ အင်အားတရပ်အဖြစ် ရှုမြင်သင့်ပါတယ်…”လို့ အိုဘားမားက ပြောကြားခဲ့တယ်လို့ ဧရာဝတီသတင်းဌာနရဲ့ အထက်ပါသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ အခြားမွတ်စလင်မ်(မြန်မာမွတ်စလင်မ်တွေ)ခွဲခြားဆက်ဆံခံနေရတာနဲ့ပတ်သက်လို့ မြန်မာခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ အိုဘားမားက အသိပေးပြောကြားဖို့ရှိနေကြောင်းလည်း အင်တာဗျုးဖြေကြားချက်တွေအရသိရပါတယ်။
===========================================

အင်တာဗျုးအပြည့်အစုံဖတ်ရန် မှုရင်းလင့်

http://burma.irrawaddy.org/interview/2014/11/12/67028.html See More