၁၉ နိုဝင်ဘာ ၂၀၁၄ - ၁၉:၅၁
ဆရက်ဒ် ဟစန် နစရွလ္လာဟ် အာယာသွလ္လာဟ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န) နဂျဖီး နှင့် တွေ့ဆုံ + ဓာတ်ပုံ

ဟစ်ဘွလ္လာဟ်ခေါင်းဆောင် ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် လက်ဘနွန် နိုင်ငံ ရှိ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န) နဂျဖီး ၏ရုံး တွင် အာယာသွလ္လာဟ် ၏ကျန်းမာရေး အခြေအနေအား မေးမြန်းအားပေးရန် အာယာသွလ္လာဟ် အား လာ ရောက် တွေ့ ဆုံခဲ့ပါသည်။


အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဟာဖေဇ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န) နဂျဖီး သည်ဆေးဝါးကုသမှု ခံယူရန် ရက်အနည်းငယ် အလျင် အီရတ် နိုင်ငံရှိ နဂျဖ်ဖေအရှရဖ်မြို့  မှ လက်ဘနွန်နိုင်ငံ၏မြို့  တော် ဗေရွတ်ဒ် မြို့   ရှိ ဆေးရုံး သို့ တက်ရောက်၍ ကုသမှု ခံယူခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဟာဖေဇ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န)နဂျဖီးသည်မိမိ ၏ ဤဆေးဝါးကုသမှု ခရီးစဉ် တွင် လက်ဘနွန်နိုင်ငံ၏ ဘာသာရေး၊နိုင်ငံရေးဆိုင်ရာ အရေးပါအရာ ရောက် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ စကားဆိုခဲ့ပါသည်။
သတင်းဌာန၏ ထုတ်ပြန်ချက်အရာ  အာယာသွလ္လာဟ်ကြီး အနေဖြင့် ပြီးခဲ့သည့်နေ့ က လက်ဘနွန်နိုင်ငံ တောင်ပိုင်း ၏မြို့   တစ်မြို့  ဖြစ်သည့် ((ဂျေဗါအ်))မြို့  တွင် ရှီအာများ၏ အစ္စလာမ်မီ အဆင့်မြှင့် ကောင်စီ၏  လက်ထောက် ဥက္ကဋ္ဌ  ဟွဂ်ျဂျသွလ်အစ္စလာမ် ရှိက်္ခ အဗ်ဒွလ်အမီးရ် ကဗ်လန်(န) ပြီးနောက် ဟစ်ဘွလ္လာဟ်အဖွဲ့ ကွန်မန်တို ရှိက်္ခမိုဟမ္မဒ်ဂျွန်မ်အေအခြား  အိုလမာပြီးနောက် ပညာရှင်များနှင့် တွေ့ဆုံ စကားဆိုခဲ့ပါသည်။
ပြီးနောက် ဟစ်ဘွလ္လာဟ်ခေါင်းဆောင် ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် လက်ဘနွန် နိုင်ငံ ရှိ ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဟာဖေဇ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န)နဂျဖီး၏ရုံး တွင် အာယာသွလ္လာဟ် ၏ကျန်းမာရေး အခြေအနေ မေးမြန်းအားပေးရန် အာယာသွလ္လာဟ် အား လာ ရောက် တွေ့ ဆုံခဲ့ကြောင်း သိရှိရပါသည်။
သတင်းဌာန၏ သတင်းထုတ်ပြန်မှု အရ ဆရက်ဒ် ဟစန် နစရွလ္လာဟ်  သည် အာယာသွလ္လာဟ် ရှိက်္ခဗရှီးရ်ဟိုစိုင်း(န)နဂျဖီးနှင့် တွေ့ဆုံချိန်တွင် အထူးသဖြင့်အီရတ်နိုင်ငံနှင့်လက်ဘနွန် နိုင်ငံ ပြီးနောက်၎င်းနိုင်ငံနှစ်နိုင်ငံ ဝန်းကျင်ဒေသတလျှောက်ရှိ မွတ်စလင်မ်များ၏  ကိစ္စ အသီးသီး နှင့် ပတ်သက်ပြီး အပြန် အလှန် ဆွေးနွေးစကား ဆိုခဲ့ကြကြောင်း သိရပါသည်။