အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
×××××××
ကြည့်မြင်တိုင်မြို့နယ်စကားဝါပင်လမ်းတွင်ဒီဇင်ဘာ၁၂ရက်သန်းခေါင်ယံအကျော်(ဒီဇင်ဘာ၁၃ရက်နံနက်၀၀:၃၀မိနစ်)အချိန်က မီးလောင်မူဖြစ်ပွားရာ ခြောက်ခန်းတွဲကန်ထရိုက်တိုက်တစ်လုံးနှင့်... လူနေအိမ် အနည်းဆုံး ငါးလုံးဝန်းကျင် မီးလောင်ဆုံးရှုံးးခဲ့သည်။
နံနက်၂ နာရီအချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကာ မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိသည်ဟု ဆိုသော်လည်း 7Day က သီးခြားအတည်ပြုချက်မရရှိသေးပေ။
မီးလောင်သည့်နေရာအနီးတဝိုက်ရှိလူအများစုမှာအထုတ်များဆွဲ၍ ပြေးလွှားနေသည်ကိုတွေ့ရှိခဲ့ရပြီး မီးလောင်မှုကို အနီးပတ်ဝန်းကျင်မှ လူရာနှင့်ချီ၍လာရောက်ကြည့်ရှုခဲ့ကြသည်။
−−−
၁၂ ဒီဇင်ဘာ ၂၀၁၄ - ၂၀:၅၇
News ID: 657851