


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
==============================
ပြည်ထောင်စု အစ္စလာမ် မစ် အီရန် ၏ အစ္စလာမ်မစ် ပါလီမန် လွတ်တော် ဥက္ကဋ္ဌ ဒေါက်တာ အလီရာနီ ဂျာနီ နှင့် သက်ဆိုင်ရာ အပေါင်းအပါးအဖွဲ့ သည် ဆီးရီးယား နိုင်ငံသို့ ခရီးထွက်ခဲ့ပြီး ဆီးရီးယားနိုင်ငံ၏ သမ္မတ ဗရှား အဆဒ်နှင့် စမတ်စကတ်မြို့ တွင် တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ခဲ့ပါ သည်။
ဆီးရီးယားနိုင်ငံ၏ သမ္မတ ဗရှား အဆဒ် အနေဖြင့် ပြည်ထောင်စု အစ္စလာမ် မစ် အီရန် ၏ အစ္စလာမ်မစ် ပါလီမန် လွတ်တော် ဥက္ကဋ္ဌ ဒေါက်တာ အလီရာနီ ဂျာနီ နှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ဆီးရီးယား အစိုးနှင့်ပြည်သူ လူထုသည်အကြမ်းဖက်သောင်းကြမ်းသူ ၊သူပုန်များကို ရင်ဆိုင် ရတွင် အီရန်နိုင်ငံ နှင့် အထူးသဖြင့် ရဲဟ်ဗရ်အင်ကေလာဗ် ၏ ကူညီမှုများ ကို ရယူထားသည့် အကြွေး ယူထားသူများ အဖြစ်ခံယူထား ကြောင်း ပြောကြားခဲ့ပါသည်။
ထိုပြင် အီရန် နှင့် ဆီးရီးယား နှစ်နိုင်ငံ ဆက်ဆက်ရေး ချစ်ကြည်ရင်းနှီးမှု သည် ကျယ်ပြန့် လာကြောင်း ပြောကြားခဲ့ပါသည်။ တနည်းအားဖြင့် နှစ်နိုင်ငံစလုံးသည် ခံတပ် တစ်ခုတည်းမှာ အတူတူ သောင်းကြမ်းသူ အဖျက်သမားများ ကို ကာကွယ်ချေမှုန်း ခဲ့ပြီး ရန်သူများ၏ အစီအစဉ်များ ကို ဖျက်စီး ချေမှုန်း နိုင်ခဲ့ဟု ဆိုပါသည်။
ဆီးရီးယားသမ္မတမှ - ယခု အချိန်အခါမှာ နိုင်ငံတကာ၏ အစိုးရအဖွဲ့ အစည်းများမှ ဆီးရီးယား အစိုးနှင့်ပြည်သူ လူထုသည်အကြမ်းဖက်သောင်းကြမ်းသူ ၊သူပုန်များကို ရင်ဆိုင်တိုက်ခိုက်မှုသည် မှန်ကန်ကြောင်း အင်အားကြီး နိုင်ငံများ၏ ထောက်ပံ့ ကူညီမှုများ ရယူနေသည့် သောင်ကြမ်း သူအဖျက်သမား များ ကို အင်အားကြီး နိုင်ငံများ ကိုယ်တိုင် သုတ်သင်ချေမှုန်း တိုက်ထုတ်ရမည့် မလွဲမရှောင်သာသည့် အခြေအနေ ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။
ပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင် များမှ အပြန်အလှန် အရေးကြီးကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ကြပါ သည်။
ပြည်ထောင်စု အစ္စလာမ် မစ် အီရန် ၏ အစ္စလာမ်မစ် ပါလီမန် လွတ်တော် ဥက္ကဋ္ဌ ဒေါက်တာ အလီရာနီ ဂျာနီ နှင့် သက်ဆိုင်ရာ အပေါင်းအပါးအဖွဲ့ သည် ဆီးရီးယား နိုင်ငံ စမတ်စကတ်မြို့ ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော်သို့ သွားရောက်ဇေယာရသ်ပြုခဲ့ကြပြီး တမန်တော်မြတ်ကြီး (ဆွ) ၏ ဝဖါသ်တော် နှင့် အေမာမ် ဟစန် (အ.စ) ၏ ရှဟာဒသ် အတွက်မဂျလစ် ကျင်းပပြီးအဇါဒါရီ ပြုခဲ့ကြပါသည်။
ပြီးနောက် ဟဇရသ် စကီနာ (စ.အ) ၏ ရောင်ဇာတော်သို့ သွားရောက်ဇေယာရသ်ပြုခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။