အဲဟ်ဘေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
================================
တာချီလိတ်မြို့နယ်အတွင်းမှာ ဇန်န၀ါရီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အတွင်း စိတ်ကြွ ဆေးပြားတွေ ဆက်တိုက်ဖမ်းဆီးရမိကြောင်း ချီလိတ် မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၃၀၊ တာချီလိတ်က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိချက်တွေကို ထုတ်ပြန်တာ ဖြစ်ပြီး မြို့မရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက်နေပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ မနက် ၇ နာရီက တာချီလိတ်မြို့ ဆန်ဆိုင်း ခ ရပ်ကွက်၊ ၀မ်မိုင်ရွာရှိ ဒေါ်လှလှသန်းကို နေအိမ်မှာ စိတ်ကြွဆေးပြား ၂၈၅ ပြားနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ မနက် ၈ နာရီက ၀မ်လုံးအုပ်စု၊ ဟွေရဲကျေးရွာရှိ အားရဲနဲ့ မဘူရှီတို့ နေအိမ်ကနေ စိတ်ကြွဆေးပြား ၈၀၀ ပြား အလေးချိန် ၈၀ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၂၀ လောက် တွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ မနက် ၁၀ နာရီက ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစုဟိုတယ်ရှိ စိုင်းငင်း(ခ)အားချင် ငှားရမ်းနေထိုင်တဲ့ အခန်းအမှတ် ၃၀၂ မှာ စိတ်ကြွဆေးပြား ၁၀၂၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၂၅.၅ သိန်း၊ ဘိန်းဖြူ ၉၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၄.၄ သိန်းနဲ့ ထိုင်းဘတ်ငွေ ၇၀၀ တို့အား တွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်က ဆန်ဆိုင်း(က)ရပ်ကွက်၊ ၀မ်မိုင်ရွာရှိ စိုင်းဆောင်နဲ့ နန်းဖားတို့ရဲ့ နေအိမ်ကို ရှာဖွေရာ စိုင်းဖောင်း ၊ နန်းဖား၊ စိုင်းတွီ၊ စိုင်းအမ်းတစ်၊ စိုင်းစံကျွန်း တို့နဲ့အတူ စိတ်ကြွဆေးပြား ၁၀၈ ပြား၊ အလေးချိန် ၁၀.၈ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၂.၇ သိန်း၊ ထိုင်းဘတ်ငွေ ၂၅၀၀နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကိရိယာတွေကိုလည်း တွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ နေ့ခင်း ၂ နာရီခွဲက လွယ်တော်ခမ်းအုပ်စု၊ ရွှေတောင်ရွှေနီကုန်းမှာ ရေပူစမ်းကျေးရွာဘက်ကနေ တာချီလိတ်ဘက်ကို မောင်းနှင်လာတဲ့ အိုက်ကြာနဲ့လင်းအောင်ရဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာမှာ အိုက်ကြာရဲ့ အတွင်းခံဘောင်းဘီနဲ့ ၀မ်းဗိုက်ကြားက ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့် အလေးချိန် ၈.၅ ဂရမ်နဲ့ အသုံးပြုဆဲ ဆေးထိုးအပ် ၁ ချောင်းတို့အား တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၄ ရက်နေ့ မနက် ၁၁ နာရီခွဲက လွယ်တော်ခမ်းအုပ်စု၊ ဟွေရဲ ပူးပေါင်း စစ်ဆေးရေးစခန်းမှာ မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်ကိုမောင်းလာတဲ့ လော်မြာနဲ့လောဆုရဲ့ ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွဆေးပြား ၆၇၈ ပြား၊ ကာလတန်ဖိုး ကျပ် ၁၆.၉၅ သိန်း၊ မြန်မာငွေ ၁၁၅၀၀၀ ကျပ်၊ ထိုင်းဘတ်ငွေ ၁၁၆၀ ကို တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
ဇန်န၀ါရီ ၄ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်က လွယ်တော်ခမ်းအုပ်စု၊ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းမှာ မိုင်းဆတ်ဘက်ကနေ တာချီလိတ်ဘက်ကို မောင်းလာတဲ့ လော်ပယ်ရဲ့ ဆိုင်ကယ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၆၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၁၅ သိန်းခန့်အား တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ကရင်ပြည်နယ် သင်္ကန်းညီနောင်မြို့နယ်မှာ ကရင်နယ်ခြားစောင့်တပ်က စိတ်ကြွဆေးပြား ၁ သိန်း ၃ သောင်းကို အိမ်တအိမ်ကနေ ဖမ်းဆီးရမိပြီး အိမ်ရှင်တွေကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။
မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုမှာ ကမ္ဘာပေါ်မှာ အာဖဂနစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးမှုအများဆုံး ဖြစ်သလို စိတ်ကြွဆေးပြားထုတ်လုပ်မှု မြင့်မားတဲ့နိုင်ငံအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။