၁၀ ဇန်နဝါရီ ၂၀၁၅ - ၀၉:၀၅
အစ္စလာမ်  ခုတုံးလုပ် သက္က်ဖီးရီ များကို ဟက်ကာအဖွဲ့ စစ်ကြေညာ

ပြင်သစ် သရော်စာမဂ္ဂဇင်း Charlies Herdo ကို အကြမ်းဖက်တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာတာကြောင့် ဟက်ကာတွေက အစ္စလာမ်ခုတုံးလုပ် အစွန်းရောက် အကြမ်းဖက်သမားများကို မနေ့က စစ်ကြေညာလိုက်ပါတယ်။

ပြင်သစ် သရော်စာမဂ္ဂဇင်း Charlies Herdo ကို အကြမ်းဖက်တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာတာကြောင့် ဟက်ကာတွေက   အစ္စလာမ်ခုတုံးလုပ် အစွန်းရောက် အကြမ်းဖက်သမားများကို မနေ့က စစ်ကြေညာလိုက်ပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပျူတာ ဟက်ကာ၊ ပရိုဂရမ်မာ၊ နည်းပညာကျွမ်းကျင်သူ၊ နယ်ပယ်စုံက လှုပ်ရှားတက်ကြွသူတွေ ပါဝင်ပတ်သက်နေတဲ့ Anonymous group ဟက်ကာအုပ်စုဟာ ယူကျု့ဗွီဒီယိုတခု ဇန်န၀ါရီ ၉ ရက်နေ့က တင်ပြီး အင်တာနက်တခွင်မှာရှိတဲ့ အစွန်းရောက်အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ၀က်ဘ်ဆိုဒ်တွေ၊ ဆိုရှယ်နက်ဝေါ့တွေကို ရှာဖွေထောက်လှမ်း ဖျက်သိမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဟက်ကာတွေရဲ့ ဗီဒိယိုမတ်ဆေ့ထဲမှာ al Qaeda ၊ the Islamic State နဲ့ တခြား အကြမ်းဖက် အဖွဲ့တွေအနေနဲ့  charlie herdo မဂ္ဂဇင်းတိုက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေသားခွင့်ကို နှောင့်ယှက်ထိပါးတဲ့ လုပ်ရပ်မျိုးဟာ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိသလို အင်တာနက်ပေါ်မှာ အကြမ်းဖက်သမား လှုပ်ရှားမှုတွေ၊ ဆိုရှယ်မီဒီယာ အကောင့်တွေကို ပစ်မှတ်ထား တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

Anonymous group ဟာ အစိုးရတွေ၊ အဆင့်မြင့်ဌာနဆိုင်ရာတွေ၊ စီးပွားရေး ကုမ္မဏီ ကော်ပိုရေးရှင်းတွေ၊ အဖွဲ့အစည်းတွေရဲ့ အင်တာနက် စာမျက်နှာတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိတဲ့ ဟက်ကာအုပ်စု ဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့် ရှိတာတော့ အမှန် ပါ။ သို့သော် နိုင်ငံရေး နှင့် ဘာသာရေး မရောထွေးဖို့ လူသိန်းပေါင်းများစွာ ကိုးကွယ်နေသည့် ဘာသာ တစ်ခုခု ကိုဖြစ်စေ ၎င်းဘာသာများမှ ဘာသာရေး ခေါင်းဆောင်အထူးသဖြင့် တမန်တော်များ (အ.စ) ၊အကြီးအကဲများ ၊ဘုရားများ ၊စသည် ဖြင့်  တစ်ဦးဦးကို ဖြစ်စေမစော်ကား မိဖို့တော့ အရေးကြီးပေသည်။

မတော်တဆ စော်ကားလာလျှင်လည်း တရားမျှတစွာ တည်ဆဲ ဥပဒေများ အရ အရေးယူသင့်ပေသည်။ အစွန်းရောက်များ ပမာ အကြမ်းဖက် စနစ်ကို မကျင့်သုံးရချေ။